ဖမ်းဆီးခံထားရသည့် သံတွဲမြို့မှ ထွေ/အုပ်ဝန်ထမ်းတစ်ဦးနှင့် ကုမ္ပဏီဝန်ထမ်းတစ်ဦးတို့ကို တွေ့ခွင့်မရသေး

ဖမ်းဆီးခံထားရသည့် သံတွဲမြို့မှ ထွေ/အုပ်ဝန်ထမ်းတစ်ဦးနှင့် ကုမ္ပဏီဝန်ထမ်းတစ်ဦးတို့ကို တွေ့ခွင့်မရသေး

မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံထားရသည့် သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးနှင့် ဆောက်လုပ်ရေးကုမ္ပဏီ ဝန်ထမ်းတစ်ဦးတို့ကို တွေ့ခွင့်မရရှိသေးကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။

သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး ကိုဖြိုးမောင်မောင်နှင့် ပြည့်ဖြိုးသန္တာ ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဝင်းတို့ကို အောက်တိုဘာလ (၇) ရက်နေ့တွင် ငပလီမြို့အခြေစိုက် ခလရ (၅၅) တပ်ရင်းမှ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း နီးစပ်သူများကပြောသည်။

ကိုဖြိုးမောင်မောင်နှင့် နီးစပ်သူတစ်ဦးက “ဖမ်းဆီးသွားတာကတော့ သူတို့နေအိမ်မှာ လာဖမ်းသွားတာ။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ မသိဘူး။ အခုချိန်ထိလည်း သူ့နဲ့မတွေ့ရသေးဘူးလို့ သူ့မိသားစုက ပြောပြလို့သိရတယ်”ဟု ပြောသည်။

အလားတူ သံတွဲမြို့၊ ဒွါရာဝတီကွက်သစ်၊ အံတော် (၂) လမ်းမှ ပြည့်ဖြိုးသန္တာဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဝင်းကိုလည်း ငပလီမြို့အခြေစိုက် ခလရ (၅၅) တပ်ရင်းမှ ဖမ်းဆီးသွားခဲ့ကြောင်း ယင်းရပ်ကွက်နေ ဒေသခံများထံမှသိရသည်။

အဆိုပါဖမ်းဆီးခံထားရသူ ၂ ဦးကို ငပလီအခြေစိုက် ခလရ (၅၅) တပ်ရင်းတွင် စစ်ဆေးနေသည်ဟု သိရှိထားရပြီး ရဲစခန်းအတွင်းသို့ လွှဲပြောင်းခြင်း၊ အမှုဖွင့်ခြင်းများမရှိသေးကြောင်း သံတွဲမြို့နယ်ရဲစခန်းမှ အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးကပြောသည်။

“စခန်းမှာ အမှုလာဖွင့်တာတော့ မရှိသေးဘူး။ အခုက သူတို့ကို ငပလီ ၅၅ တပ်ရင်းမှာထားပြီး စစ်ဆေးနေတုန်းဘဲ ရှိသေးတယ်။ ရဲစခန်းဖက်ကို မလွှဲပေးသေးဘူး”ဟု ၎င်းကဆိုသည်။

စက်တင်ဘာလကုန်းပိုင်းက သံတွဲမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို ငပလီအခြေစိုက် ခလရ (၅၅) တပ်ရင်းမှ အရာရှိတစ်ဦးမှ သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး စီးပွားရေးသမားများအနေဖြင့် ရက္ခိုင့်တပ်တော် (AA) ကို ထောက်ပံ့ခြင်းမပြုလုပ်ရန် အသိပေး ပြောကြားခဲ့ကြောင်းလည်း သိရသည်။

သံတွဲမြို့နယ်တွင် မြန်မာစစ်တပ်က ဖမ်းဆီးထားသူ ၆ ဦးအထိရှိလာပြီး ယင်းအထဲမှ ALD ပါတီဝင် ကိုညီလေးကြီးနှင့် ကိုခင်မောင်အေးတို့ကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇ (၁) ဖြင့် အမှုဖွင့်ထားသည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...