ခုဒုံကျေးရွာ၌ စုပေါင်းသီတင်းကျွတ်လပြည့် ဝါထွက်ပွဲ သံဃာ၊ဒါယိကာ ထောင်ချီဆင်နွဲ

ခုဒုံကျေးရွာ၌ စုပေါင်းသီတင်းကျွတ်လပြည့် ဝါထွက်ပွဲ သံဃာ၊ဒါယိကာ ထောင်ချီဆင်နွဲ

ကော့ကရိတ်မြို့နယ်ရှိ ခုဒုံကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အနီးဝန်းကျင် ကျေးရွာများ စုပေါင်းကာ သီတင်းကျွတ် လပြည့် ဝါထွက်ပွဲတော်ကို အောက်တိုဘာလ ၉ရက်နေ့က ကျင်းပခဲ့ကြရာ သံဃာနှင့် ဒါယိကာများ ထောင်နှင့်ချီ၍ ဆင်နွဲခဲ့ကြသည်။

လန်းဖား၊ အစွန်း၊ သုံးဆယ်သုံးဆူ၊ အံဖကြီး၊ စက္ကဝက်၊ ခုဒုံ အပါအဝင် ကျေးရွာပေါင်း ၂၀ကျော်မှ ရွာသူရွာသား ဒါယိ ကာ၊ ဒါယိကာမများ ခန့်မှန်းခြေ ၇၀၀ကျော်နှင့် ဆရာတော်သံဃာတော် အပါး ၂၀၀ကျော်ဖြင့် သီတင်းကျွတ်ပွဲကို စုပေါင်း ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ကော့ကရိတ်မြို့တောင်ပိုင်းရှိ အဆိုပါကျေးရွာများတွင် သီတင်းကျွတ် ပွဲတော်များကို ကျေးရွာတစ်ရွာချင်းအလိုက်သော် လည်းကောင်း၊ စုပေါင်းပြုလုပ်၍သော်လည်းကောင်း လုပ်ဆောင်လေ့ရှိကြပြီး ရွာသူရွာသားများက ဆရာတော် သံဃာ တော်များထံမှ ဝါထွက်ကာလ သီလခံယူမှုများ၊ လှူဒါန်း ကျွေးမွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံတစ်ဦးက "ကော့ကရိတ်တောင်ပိုင်းမှာ ကျေးရွာတွေ စုပေါင်းလုပ်ကြတယ်။ ဆရာတော်တွေ၊ သံဃာတော်တွေ သီတင်းကျွတ် ဝါသွားထွက်ကြတာပေါ့။ မနှစ်ကတော့ ကိုဗစ်နဲ့မို့လို့ စုပေါင်း မလုပ်ဖြစ်ဘူး။ ဒီနှစ်တော့ လုပ်ဖြစ်သွား တယ်။" ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းကျေးရွာတွင် နှစ်စဉ် သီတင်းကျွတ်အလှူပွဲများ ပြုလုပ်လျက်ရှိပြီး ဆရာတော်၊ သံဃာတော်များ သိမ်ဆင်းလာချိန်၌ ဘုရားဒကာ၊ ကျောင်းဒကာ ပြည်သူလူထုများက ဆွမ်းဆန်စိမ်းနှင့် အခြားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိ သည်။

"ခုဒုံဆရာတော်က နာယကဆရာတော်ဖြစ်လို့ သူ့ကျောင်းမှာ စုပေါင်းလုပ်တာ။ အရင်ကလည်း လန်းဖားမှာ လုပ်ဖူး တယ်။ ဆရာတော် ပျံလွန်တော်မူသွားလို့ ခုဒုံမှာ ပြန်လာလုပ်တာ။" ဟုလည်း ယင်းသီတင်းကျွတ်ပွဲသို့ သွားရောက်ခဲ့သူ လန်းဖားရွာသားတစ်ဦးက ပြောသည်။

ယမန်နှစ်က ယခုလိုအချိန်တွင် ကိုဗစ်ကူးစက်မှု ဆိုးရွားသောကြောင့် သီတင်းကျွတ်ပွဲကို စုပေါင်းမကျင်းပနိုင်ခဲ့သော် လည်း ယခုနှစ်တွင် ပုံမှန်အတိုင်း စုပေါင်းကာ ပြန်လည်လုပ်ဆောင်လာနိုင်သည်ဟု ကော့ကရိတ်တောင်ပိုင်း ဒေသခံ များ၏ ပြောပြချက်များအရ သိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...