ရခိုင်ပြည်နယ်အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ မွန်ပြည်နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်မှ သဘောထားထုတ်ပြန်

ရခိုင်ပြည်နယ်အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ မွန်ပြည်နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်မှ သဘောထားထုတ်ပြန်
by -
သံလွင်တိုင်းမ်
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသများတွင် ယခုလ ၂၅ ရက်နေ့ကစတင်ကာ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုနှင့်ပတ်သက်၍ မွန်ပြည်နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ယက်က သြဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းက သဘောထားထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

'' ထုတ်ပြန်ရတာကတော့ တိုုင်းရင်းသားအချင်းချင်း စာနာထောက်ထားတယ်ဆိုတဲ့အချက်ပါတယ်၊ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ အနေအထားမျိုးနေလို့မရဘူး၊ အသိအမှတ်ပြုတယ်ဆိုတဲ့အချက်၊ အကြမး်ဖက်မှုနဲ့ဆိုင်တဲ့အချက်၊ ဒီလိုဖြစ်လာတာဟာ တကယ့်ကို လူ့အသိုင်းအဝိုင်းကို လက်ခံလို့မရဘူး၊ ဆန့်ကျင်တယ်၊ ကန့်ကွက်တယ်၊ အချုပ်အခြာအာဏာကိုထိပါးတဲ့ပုံစံမျိုးဖြစ်လာတဲ့အတွက် အားလုံးက ၀ိုင်းပြီးတော့ စိတ်အားဖြင့်သော်လည်းကောင်း ၀ိုင်းပြီးအားပေးတာ၊ ၀င်ပါပေးတာပေါ့ '' ဟု မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်ညှိနှိုင်းရေးမှူး ဦးမင်းအောင်ထူးက သြဂုတ်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော အစွန်းရောက် ARSA အကြမ်းဖက်အဖွဲ့နှင့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုလုပ်ရပ်အား ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း၊ ထိုသို့အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ဒုက္ခရောက်ခဲ့ကြသော ရခိုင်သွေးချင်းများနှင့်တကွ ဒေသခံတိုင်းရင်းသားမိသားစုများနှင့်အတူ ၀မ်းနည်းရပါကြောင်းနှင့် စာနာထောက်ထားပါကြောင်း အလေးအနက်ဖော်ပြလိုကြောင်း ဖော်ပြထားသည်။

'' ရှုထောင့်အမျိုးမျိုးကနေ ပုံဖော်ကြမယ်၊ အမြင်ကိုပြောရရင် ခေတ်အဆက်ဆက်အုပ်စိုးလာတဲ့အစိုးရတွေ လူဝင်မှုနဲ့ဆိုင်တဲ့အား နည်းချက်တွေရှိခဲ့တာ မဟာဗျူဟာကျကျ လှမ်းမြင်ပြီး စနစ်ကျကျ ကိုင်တွယ်ထားတာမရှိတဲ့အတွက် ဖြစ်လာတယ်၊ ခုဖြစ်နေတာက ဘယ်လိုမှှသဟဇာတမဖြစ်တဲ့လူ့အဖွဲ့အစည်းတစ်ခုကြီးထွားလာတာက တားဆီးလို့မရနိုင်တဲ့အနေအထားဖြစ်သွားတယ်၊ ခုလက်ရှိအစိုးရလည်း တော်တော်လေးကို အကျဉ်းအကြပ်ဖြစ်လာတယ်၊ ကိုင်တွယ်ရမလွယ်တဲ့အနေအထားလဲဖြစ်နေတယ် '' ဟု ဦးမင်းအောင်ထူးက သုံးသပ်ပြောဆိုသည်။

ထို့ပြင် ဒေသခံတိုင်းရင်းသားများ၏ လုံခြံုရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အလျင်အမြန် ဆောင်ရွက်ပေးစေ လိုကြောင်းနှင့် ပြည်သူတစ်ရပ်လုံးနှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ဒုက္ခရောက်ခဲ့ရသူများအတွက် လိုအပ်သည့် ပ့ံပိုးကူညီမှုများပေးအပ်နိုင်ရေး ၀ိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်းတိုက်တွန်းပါသည်ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...