မောင်တောမြို့နယ် မြောက်ပိုင်း လိပ်ရနယ်ခြားစောင့်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်၊ စကစတပ်ဖွဲ့ဝင် ၁၄ ဦး AA ထံ လက်နက်ချအလင်းဝင်

မောင်တောမြို့နယ် မြောက်ပိုင်း လိပ်ရနယ်ခြားစောင့်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်၊ စကစတပ်ဖွဲ့ဝင် ၁၄ ဦး AA ထံ လက်နက်ချအလင်းဝင်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ လိပ်ရနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄ ဦး အေအေထံ လက်နက်ချ အလင်းဝင်ခဲ့သည်ဟု သိရသည်။

လိပ်ရနယ်ခြားစောင့်စခန်းအနီးတွင် ယနေ့ အောက်တိုဘာ ၁ဝ ရက် အရုဏ်ဘက် ၄ နာရီခန့်မှစတင်ကာ နှစ်ဘက်တိုက်ပွဲအပြင်းအထန် ဖြစ်ပြီးနောက် နံနက် ၇ နာရီခန့်တွင် ထိုစခန်းကို AA က သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“လိပ်ရစခန်းကိုသိမ်းလိုက်တဲ့သတင်းက မှန်တယ်။ ၉၉ ရာခိုင်နှုန်းမှန်တယ်”ဟု ပြောသည်။

ယင်းသို့ တိုက်ခိုက်သိမ်းပိုက်အပြီးနောက် နယ်ခြားစောင့် ၁၄ ဦးသည် AA ထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့သည်ဟုလည်း ၎င်းက ပြောဆိုသည်။

တစ်ခြား ဒေသခံများကလည်း ယခုသတင်းအပေါ် အတည်ပြုကြပြီး ယနေ့ နံနက် ၇ နာရီတွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်ဟု ပြောဆိုသည်။

ယခုလိပ်ရစခန်း သိမ်းပိုက်မှုနှင့် ပတ်သက်ပြီး အေအေဘက်သို့ အတည်ပြုချက်ယူရန် ဆက်သွယ်နေဆဲဖြစ်ပါသည်။

လက်ရှိတွင် မောင်တော ကြိမ်ချောင်းရှိ အမှတ်(၇) နယ်ခြားစောင့်စခန်း (နခခ-၇)ကလည်း လက်နက်ကြီးများဖြင့် လိပ်ရဘက်သို့ ဆက်လက်ပစ်ခတ်လျက်ရှိပြီး နှစ်ဘက်တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...