လွိုင်ကော်နည်းပညာကျောင်းနှင့် ထိုင်းနည်းပညာကျောင်းတို့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပူးပေါင်းဆောင်ရွက်

လွိုင်ကော်နည်းပညာကျောင်းနှင့် ထိုင်းနည်းပညာကျောင်းတို့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပူးပေါင်းဆောင်ရွက်
by -
ကန္တာရဝတီတိုင်း(မ်)
လွိုင်ကော် နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်အထက်တန်းကျောင်းနှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့ရှိ နည်းပညာကော်လိပ်တို့ အသက်မွေးဝမ်းကျောင်းပညာရပ်အတွက် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေကို ဆွေးနွေးသုံးသပ်ပွဲကို ဇွန်လ ၂၄ ရက်နေ့ လွိုင်ကော်မြို့ နည်းပညာတက္ကသိုလ်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုဆွေးနွေးပွဲတွင် နှစ်ဖက်ပူးပေါင်းပို့ချခဲ့သော အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများကို ပြန်လည်သုံးသပ်ခြင်းနှင့်အတူ ဆက်လက်ပြုလုပ်ရမည့် နှစ်ဖက်ကျောင်းသားများမှ လေ့လာရန်၊ နှစ်ဖက် ဆရာ/မများ အတွေ့အကြံုဖလှယ်ရန်၊ သင်ရိုးညွန်းတမ်းများ အတူရေးဆွဲရန်နှင့် ဆရာ/မများ အရည်အသွေးမြင့်တင်ရန် စသည့်အခြေခံ(၄)ခုပေါ်တွင် အခြေခံပြီး ဆွေးနွေးသွားကြသည်ဟု သိရသည်။

“ဒီအစည်းအဝေးက ကျနော်တို့နှစ်ဖက်ပူးပေါင်းပြီးလုပ်ဆောင်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်းပညာနဲ့ပတ်သက်ပြီးတော့ ရှေ့ဆက် ဘာတွေတိုးတက်အောင်လုပ်ဖို့ရှိလဲဆိုတာ ဆွေးနွေးသွားဖို့ဖြစ်ပါတယ်” ဟု မယ်ဟောင်ဆောင်နည်းပညာကောလိပ်မှ ဒုဒါရိုက်တာ ချူးကီဆိုင်ပန်ရက ပြောပါသည်။

ပူးပေါင်းဆောင်ရွက်မှုများကို ၂၀၁၃ ခုနှစ် မတ်လတွင် စတင်ခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်းတွင် အသက်မွေးဝမ်းကျောင်း နည်းပညာ(ရက်တိုသင်တန်း)များကို ပြုလုပ်သွားကြသည်ဟု သိရသည်။

လွိုင်ကော်မြို့ နည်းပညာအထက်တန်ကျောင်း ရက်တိုသင်တန်းများတွင် ဆိုင်ကယ်ပြုပြင်ခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ခြင်း၊ ပရံ၊ ဂဟေဆက်ခြင်း၊ ကွန်ပျူတာအသုံးချခြင်း စသည့်သင်တန်းအမျိုးအစားများကို သင်တန်းတစ်ခုလျှင်(၁)လခွဲကြာ ပြုလုပ်သွားခဲ့ပြီးဖြစ်သည်။

ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်ဖလှယ်ခြင်းအားဖြင့် အသက်မွေးဝမ်ကျောင်းပညာရပ်မှာ ခွဲပြားခြားနားမှု မရှိလှပေမယ့် နည်းပညာရပ်ဆိုင်ရာပိုင်းတွင် ကွာဟမှုတွေ ရှိနေကြောင်း အစိုးရနည်းပညာအထက်တန်းကျောင်း (လွိုင်ကော်) မှ ကျောင်းအုပ်ကြီး ဦးတင်အေးက ပြောပါသည်။

“အသက်မွေးပညာကတော့ အတူတူပါပဲ။ ထိုင်းဖက်နဲ့ကျနော်တို့ဖက်က သိပ်မကွာပါဘူး။ ဒါပေမယ့် သူတို့ဖက်ကတော့ ကျနော်တို့ဖက်ကထက် နည်းနည်းပိုပြီးတော့ ရှေ့ရောက်တယ်ပေ့ါဗျာ” ဟု ဦးတင်အေးက ပြောသည်။

တက်ရောက်ပြီး သင်တန်းသားများက ယောကျ်ားလေး(၁၂၈၈)ဦး၊ မိန်းကလေး(၁၇)ဦး တက်ရောက်ပြီးခဲ့ပြီး ရှေ့ဆက်ပြီး စိုက်ပျိုးရေးပညာ၊ လယ်ယာသုံးကိရိယာပြုပြင်ခြင်း၊ အပ်ချုပ်ခြင်း၊ အလှပြုပြင်ရေး၊ စားပွဲထိုးသင်တန်း၊ အစားအစာပြုလုပ်ခြင်း စသည့် သင်တန်းများဆက်လက်ဖွင့်ရန် အစီအစဉ်ရှိကြောင်းနှင့် ၄င်းသင်တန်းမှတက်ေရောက်ပြီးသော သင်တန်းသားများကို အလုပ်ခွင်တွင် အလုပ်ဝင်နိုင်ရန် အာမခံလက်မှတ် ချီးမြင့်ထားကြောင်းသိရပါသည်။

ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...