မောင်တော၌ နယ်မြေစိုးမိုးရေးဆာင်ရွက်နေသည့် လုံခြံုရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

မောင်တော၌ နယ်မြေစိုးမိုးရေးဆာင်ရွက်နေသည့် လုံခြံုရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
by -
ဇေယျာမော်
ရခိုင်ပြည်နယ်မောင်တောဒေသအတွင်း နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြံုရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံနေရဆဲ ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် မောင်တောမြို့နယ် ၊ နွားရုံတောင်ကျေးရွာအနီး ၌ လုံခြံုရေးတပ်ဖွဲ့ဝင်များကို ဓါးရှည်ကိုင်ဆောင်ထားသူ ဘင်္ဂါလီ ၁၅၀ ဦးခန့်က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ၊ နံနက် ၁၁ နာရီခန့်က မောင်တောမြို့နယ် မြို့သူကြီးကျေးရွာအတွင်း နယ်မြေစိုးမိုးရေးလုပ်ငန်း လုပ်ဆောင်နေစဉ်အတွင်း လုံခြံုရေး တပ်ဖွဲ့ဝင်များကို ချောင်းမြောင်းပစ်ခတ်ခြင်း ၊ ဆွဲမိုင်းများဖြင့် အဝေးမှ မိုင်းထောင်ဖောက်ခွဲ အကြမ်းဖက် ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ဘင်္ဂါလီ အကြမ်းဖက်သူ အလောင်း ၁ လောင်း ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ယင်းအပြင် မောင်တောမြို့နယ် ၊နယ်မြေ (၄) ရှိ ကျွန်းပေါက်ပြုစုချောင်းဝ ရဲကင်းစခန်းကို နံနက် ၁၁ နာရီခွဲ ခန့်တွင် ဘင်္ဂါလီ ၃၀၀ ဦးခန့်က လာရောက်ဝိုင်းဝန်းခဲ့သောကြောင့် လုံခြံုရေး တပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေး ဆောင်ရွက်ခဲ့ရသလို နယ်မြေ (၆) ရှိ မြို့သူကြီးကျေးရွာ၌လည်း ဘင်္ဂါလီများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်ကို အကြမ်းဖက်တိုက်ဖျက်မှုဗဟိုအဖွဲ့က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပြီးဖြစ်ရာ အကြမ်းဖက် အားပေးထောက်ခံမှုများ၊ ပ့ံပိုးကူညီသူများသည်လည်း အကြမ်းဖက်အားပေးအဖြစ် အကျုံးဝင်မည် ဖြစ်ကြောင်း ယမန့်နေ့ ညက သတင်းထုတ်ပြန်ထားသည်။ လက်ရှိအချိန်တွင် ဘင်္ဂါလီများလှုပ်ရှားရာနေရာများ၊ တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားရာနေရာများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ အင်အား ဖြည့်တင်းထားကြောင်း အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...