မောင်တော၌ ရဲစခန်းများ တစ်ပြိုင်နက်တည်း အတိုက်ခံရ

မောင်တော၌ ရဲစခန်းများ တစ်ပြိုင်နက်တည်း အတိုက်ခံရ
by -
မဇ္ဈိမ
မောင်တော၌ ရဲစခန်းတစ်ခုကို အစွန်းရောက်အကြမ်းဖက်များက လက်လုပ်မိုင်းဖြင့် စတင်တိုက်ခိုက်ပြီးနောက် မောင်တောခရိုင်အတွင်းရှိ ရဲစခန်း ရဲကင်းများကို တစ်ပြိုင်နက်တည်း စတင်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု အတိုင်ပင်ခံရုံးမှ ယနေ့ မနက် ရ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။

အစွန်းရောက်အကြမ်းဖက်သမားများသည် သြဂုတ်လ ၂၅ ရက်၊ ည ၁ နာရီမှ စတင်ပြီး နတ်ချောင်း၊ တမန်းသား၊ ကွမ်းသီးပင်ချောင်းဝ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ မီးတိုက်ချောင်းဝ၊ ကျီးကျွန်း၊ ဇီးပင်ချောင်းဝ၊ လောင်းဒုံ၊ သီဟိုဠ်ကျွန်း၊ ဇင်ပိုင်ညာ၊ သရေကုန်းဘောင်၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း(နတလ)၊ သင်္ဘောကွေ့၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ သဝန်ချောင်း၊ တောင်ဘဇာ၊ ဖောင်တောပြင်၊ မောင်တော (နတလ) စသည်တို့ရှိ ရဲကင်းများ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးမှု၊ ထိခိုက်ဇဏ်ရာ ရရှိမှုများ ရှိခဲ့သည်ဟု သိရသည်။

ယင်းအပြင် ယနေ့ သြဂုတ်လ ၂၅ရက်နေ့  နံနက် ၃ နာရီခန့်တွင် အစွန်းရောက် အကြမ်းဖက်သမား ၁၅၀ ခန့်သည် ခမရ(၅၅၂) ဂိတ်သို့ နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့ရာ တပ်မတော်သားများက ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ရပြီး သေနတ် ၂ လက်ပါသွားခဲ့ရကာ၊ အစွန်းရောက်အကြမ်းဖက်သမား ရ ဦး အလောင်းများ ရရှိထားကြောင်း ကနဦး သတင်းများအရ သိရှိရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည့် အချိန် နံနက် ရနာရီခွဲအထိ နေရာအချို့တွင် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲ ဖြစ်ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အစွန်းရောက် အကြမ်းဖက်သမားများကို ချေမှုန်းလျက် ရှိကြောင်း သိရှိရပြီးအသေးစိတ် သတင်းများ ဆက်လက် ထုတ်ပြန်သွားပါမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

သြဂုတ်လ ၂၃ ရက်နေ့က နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အပြီးသတ်အကြံုပြု အစီရင်ခံစာနှင့် ပတ်သက်ပြီး ယမန်နေ့ သြဂုတ်လ ၂၄ ရက်၊ ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂီလာ ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ဖြစ်ပွားခဲ့သည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...