မြန်မာနိုင်ငံမှ အမျိုးသမီးများ စီးပွားစွမ်းရည် မြှင့်တင်ရေးအတွက် ဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံမှ အမျိုးသမီးများ စီးပွားစွမ်းရည် မြှင့်တင်ရေးအတွက် ဆွေးနွေးပွဲ ကျင်းပ
by -
မဇ္ဈိမ
 မြန်မာနိုင်ငံမှ အမျိုးသမီးများ စီးပွားစွမ်းရည် မြှင့်တင်ရေးအတွက် ဆွေးနွေးပွဲတစ်ရပ်ကို သြဂုတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ Inya Lake Hotel ၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသမီးများ ပါဝင်ရမည့် အခန်းကဏ္ဍနှင့် စီးပွားရေးလုပ်ဆောင်ရာတွင် အမျိုးသမီးများအတွက် အခွင့်အရေးများကို အဓိကထား   ဆွေးနွေးသွားကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ဥပဒေနှင့် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်များကို ပါဝင်ဆွေးနွေးခဲ့သည့် ဥပဒေ၊ ဂျန်ဒါနှင့် နိုင်ငံရေးကျောင်း တည်ထောင်သူ ဒေါက်တာ ညိုညိုသင်းက အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ လုံခြံုစိတ်ချရမှု အပြည့်အဝရှိမည်ဆိုပါက မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချနိုင်မည် ဖြစ်သောကြောင့် အမျိုးသမီးများအတွက် လုံခြံုမှုရှိသညိ့ ပတ်ဝန်းကျင်များ ဖန်တီးပေးရန် အရေးကြီးကြောင်း ပြောကြားသည်။

အမျိုးသမီးများ စီးပွားရေး လုပ်ဆောင်သည့်နေရာတွင် ငွေရေးကြေးရေး လက်လှမ်းမမီနိုင်ခြင်း၊ နည်းပညာလိုအပ်ချက် ရှိနေခြင်း၊ မူဝါဒပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ကန့်သတ်ချက်များ ရှိနေခြင်း ဆိုသည့် အခက်အခဲများ ရှိနေသေးကြောင်း ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပသည့် Pact Myanmar အဖွဲ့မှ Senior Coordinator ဒေါက်တာ အိသဥ္ဇာမင်းမင်းဦးက ပြောပါသည်။

မြန်မာနိုင်ငံမှ အမျိုးသမီးများ စီးပွားစွမ်းရည် မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး ကျင်းပသည့် ထိုဆွေးနွေးပွဲသည် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အပါအဝင် လူဦးရေ ၂၀၀ နီးပါးခန့် တက်ရောက်ခဲ့ပါသည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...