လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတိုက်ခိုက်ခံရမှု အပြင်းထန်ဆုံး ကန့်ကွက်တယ်လို့ Save the Children ဆို

လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတိုက်ခိုက်ခံရမှု အပြင်းထန်ဆုံး ကန့်ကွက်တယ်လို့ Save the Children ဆို

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်မှာရှိတဲ့ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား/သူကလေးငယ်များသေဆုံးမှုနှင့် ဖမ်းဆီးခံရမှုကို အပြင်းထန်ဆုံး ကန့်ကွက်တယ်လို့ ကုလသမဂ္ဂ Save the Children Myanmar က စက်တင်ဘာ ၂၀ ရက်နေ့မှာ ပြောဆိုပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်း ကနေပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁ ဦးသေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

“ ယခု သီတင်းပတ်အတွင်း နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တွေ့ဆုံကြမယ့် ကမ္ဘာတစ်ဝှမ်းမှ အစိုးရခေါင်းဆောင်များအား ဒီတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချပြီး ရာဇဝတ်မှုကျူးလွန်သူများ တာဝန်ခံယူမှု ရှိစေရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းများနှင့် ဆောင်ရွက်ရန် တောင်းဆိုလိုက်တယ်” လို့ Save the Children ရဲ့ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး Hassan Noor Saadi က ထုတ်ပြန်ပြောဆိုထားပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကိုလေးစားလိုက်နာဖို့၊ ကလေးသူငယ်တွေနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်တာတို့ မပြုလုပ်ဖို့အပါအဝင် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့အတွက် ထည့်သွင်းတောင်းဆိုထားပါတယ်။

ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ဘေးကင်းစွာပညာသင်ကြားရေးနဲ့ ကလေးသူငယ် အခွင့်အရေး ကာကွယ်ပေးနိုင်ရေး ဆုံးဖြတ်ချက်ချနိုင်ဖို့ တောင်းဆိုတယ်လို့ ထည့်သွင်းထုတ်ပြန်ထားပါတယ်။

Save the Children ရဲ့ ထုတ်ပြန်မှုမှာ စာသင်ကျောင်းကို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့ကိုထည့်သွင်းပြောဆိုထားခြင်းမရှိတာကြောင့် ဒီမိုကရေစီအရေးလုပ်ရှားသူတွေကြား ဝေဖန်မှုတွေလည်းရှိနေပါတယ်။

ဒါ့အပြင် ယူနီဆက်ကလည်း စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဒီတိုက်ခိုက်ခံရမှုကို ထုတ်ပြန်ရာမှာလည်း ပြုလုပ်သူတွေကို ထည့်သွင်းပြောဆိုထားခြင်းမရှိတာကြောင့် မြန်မာလူထုတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...
April 7, 2026
မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ စက်သုံးဆီတွေကို ခွဲတမ်းနဲ့အလှည့်ကျဝယ်ယူနေရချိန်...