မင်းပြားဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွား

မင်းပြားဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ မြို့ပေါ်ရပ်ကွက်များမှ ဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က စက်တင်ဘာလ ၂၀ ရက်၊ နံနက် ၂ နာရီခန့်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။

ဖမ်းဆီးခံရသူများမှာ သပြေညိုရပ်ကွက်မှ အသက် ၄၁ နှစ်အရွယ် ဦးညီညီနှင့် ပြည်တော်လှရပ်ကွက်မှ အသက် ၃၇ နှစ်အရွယ် ကိုမောင်မောင်တို့ဖြစ်သည်။ မြန်မာစစ်တပ် တပ်ဖွဲ့ဝင် ၅၀ ကျော်သည် မြို့ထဲတွင် လှည့်ပတ်သွားလာပြီးနောက် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးသွားခြင်းဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

"သူတို့စစ်ကြောင်းဝင်လာတာနဲ့ မင်းပြားမြို့ကို မီးဖြတ်ပစ်တယ်။စစ်သားတွေကလည်း မြို့ထဲတွေ၊ ပိတ်ထားတဲ့ဈေးဆိုင်ရှေ့တွေမှာ လုံခြုံရေးယူထားသလိုလို၊ ဘာလိုလိုနဲ့ နေရာယူထားကြတယ်။ ပြီးတော့ လူနှစ်ယောက်ကို ဝင်ဖမ်းသွားတယ်။ သူတို့မြို့ထဲကထွက်မှ မီးပြန်လာတယ်"ဟု ၎င်းကပြောသည်။

အဆိုပါဖမ်းဆီးခံရသူ ၂ ဦးကို ဖမ်းဆီးသွားစဉ်က ရဲစခန်းသို့ ခေါ်သွားကြောင်း အနီးအနားမျက်မြင်များက ပြောဆိုသော်လည်း နံနက်ပိုင်းတွင် ရဲစခန်း၌မရှိတော့ဟုသိရသည်ဟုလည်း အဆိုပါဒေသခံကပြောသည်။

"မိသားစုဝင်တွေကို ဘာမှစိတ်မပူနဲ့လို့ပြောပြီး ဖမ်းခေါ်သွားတာ။မိသားစုတွေလည်းကြောက်ပြီး ဘာမှဆက်မမေးရဲလိုက်ကြဘူး။ဘာကြောင့်ခေါ်သွားတယ်၊ ဘယ်ကိုခေါ်သွားတယ်ဆိုတာလည်း ကျမတို့မသိပါဘူး။ အခုထိလည်း ဘာသတင်းမှမကြားသေးဘူး" ဟု ဖမ်းဆီးခံရသူ ဦးညီညီ၏ ခြေမတော်စပ်သူ မရဲမေနုကပြော သည်။

လက်ရှိတွင်လည်း မင်းပြားမြို့ထဲ၌ စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားမှုရှိနေပြီး ဒေသခံများမှာလည်း စိုးရိမ်စိတ်များဖြစ်နေကြသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...