မင်းပြားဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွား

မင်းပြားဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ မြို့ပေါ်ရပ်ကွက်များမှ ဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က စက်တင်ဘာလ ၂၀ ရက်၊ နံနက် ၂ နာရီခန့်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။

ဖမ်းဆီးခံရသူများမှာ သပြေညိုရပ်ကွက်မှ အသက် ၄၁ နှစ်အရွယ် ဦးညီညီနှင့် ပြည်တော်လှရပ်ကွက်မှ အသက် ၃၇ နှစ်အရွယ် ကိုမောင်မောင်တို့ဖြစ်သည်။ မြန်မာစစ်တပ် တပ်ဖွဲ့ဝင် ၅၀ ကျော်သည် မြို့ထဲတွင် လှည့်ပတ်သွားလာပြီးနောက် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးသွားခြင်းဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

"သူတို့စစ်ကြောင်းဝင်လာတာနဲ့ မင်းပြားမြို့ကို မီးဖြတ်ပစ်တယ်။စစ်သားတွေကလည်း မြို့ထဲတွေ၊ ပိတ်ထားတဲ့ဈေးဆိုင်ရှေ့တွေမှာ လုံခြုံရေးယူထားသလိုလို၊ ဘာလိုလိုနဲ့ နေရာယူထားကြတယ်။ ပြီးတော့ လူနှစ်ယောက်ကို ဝင်ဖမ်းသွားတယ်။ သူတို့မြို့ထဲကထွက်မှ မီးပြန်လာတယ်"ဟု ၎င်းကပြောသည်။

အဆိုပါဖမ်းဆီးခံရသူ ၂ ဦးကို ဖမ်းဆီးသွားစဉ်က ရဲစခန်းသို့ ခေါ်သွားကြောင်း အနီးအနားမျက်မြင်များက ပြောဆိုသော်လည်း နံနက်ပိုင်းတွင် ရဲစခန်း၌မရှိတော့ဟုသိရသည်ဟုလည်း အဆိုပါဒေသခံကပြောသည်။

"မိသားစုဝင်တွေကို ဘာမှစိတ်မပူနဲ့လို့ပြောပြီး ဖမ်းခေါ်သွားတာ။မိသားစုတွေလည်းကြောက်ပြီး ဘာမှဆက်မမေးရဲလိုက်ကြဘူး။ဘာကြောင့်ခေါ်သွားတယ်၊ ဘယ်ကိုခေါ်သွားတယ်ဆိုတာလည်း ကျမတို့မသိပါဘူး။ အခုထိလည်း ဘာသတင်းမှမကြားသေးဘူး" ဟု ဖမ်းဆီးခံရသူ ဦးညီညီ၏ ခြေမတော်စပ်သူ မရဲမေနုကပြော သည်။

လက်ရှိတွင်လည်း မင်းပြားမြို့ထဲ၌ စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားမှုရှိနေပြီး ဒေသခံများမှာလည်း စိုးရိမ်စိတ်များဖြစ်နေကြသည်။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...