မြောက်ဦးမှ သတင်းထောက်ဟောင်း ကိုဖိုးသီဟကို မြန်မာစစ်တပ်ဖမ်းဆီး

မြောက်ဦးမှ သတင်းထောက်ဟောင်း ကိုဖိုးသီဟကို မြန်မာစစ်တပ်ဖမ်းဆီး
မြန်မာစစ်တပ်က ဖမ်းဆီးသွားသည့် ကိုဖိုးသီဟကို တွေ့ရစဉ်
မြန်မာစစ်တပ်က ဖမ်းဆီးသွားသည့် ကိုဖိုးသီဟကို တွေ့ရစဉ်

ရခိုင်ပြည်၊ မြောက်ဦးမြို့ လက်ကောက်ဈေးတွင်နေထိုင်သည့် သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း (ခေါ်) ကိုဖိုးသီဟကို စက်တင်ဘာလ ၂၀ ရက် နေ့လည် ၁ နာရီကျော်အချိန်ခန့်တွင် မြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းခေါ်သွားသည်။

အသက် ၃၈ နှစ်အရွယ် အဆိုပါသတင်းထောက်ဟောင်းမှာ မိမိအိမ်တွင် နေထိုင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဟု မျက်မြင်များ၏ပြောပြချက်ကို ကိုးကားပြီး ညီမဖြစ်သူအေးမြတ်ခင်က DMG ကိုပြောသည်။

“အိမ်နားကလူတွေက ဖုန်းဆက်လာကြတယ်။ ကိုဖိုးသီဟကို ရဲနဲ့စစ်သားတွေက ဖမ်းသွားတယ်လို့ပြောတယ်။ သူ့ကို ရဲကားတစ်စီးမှာ လက်ထိပ်နဲ့မြင်လိုက်တယ်လို့ပြောပါတယ်”ဟု သူကပြောသည်။

ဖမ်းဆီးခံရသည့် ကိုဖိုးသီဟမှာ နေအိမ်ရှေ့တွင် ကလေးကစားစရာ အရုပ်ဆိုင်တစ်ခုဖွင့်ပြီး လုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်သည်ဟုလည်း မိသားစုဝင်များကဆိုသည်။ လက်ရှိတွင် ၎င်းကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးသည့်အတွက် စိုးရိမ်မှုများရှိနေသည်ဟု ကိုဖိုးသီဟ၏ ညီမဖြစ်သူကပြောသည်။

“ဖမ်းဆီးခံရတယ်ဆိုတော့ စိုးရိမ်ကြောင့်ကြနေရတယ်။ အခုက သူ့ကို ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားလည်း မသိရသေးဘူး။ ခုနားလောက်က ဖုန်းဆက်ကြည့်တော့ လက်ကောက်ဈေးမှာ စစ်သားတွေ၊ ရဲသားတွေရှိသေးတယ်လို့ပြောကြတယ်”ဟု သူကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အတည်ပြုနိုင်ရန်အတွက် မြောက်ဦးမြို့ရဲစခန်းမှ တာဝန်ရှိသူများနှင့် အဆက်အသွယ်ရရှိရန် DMG မှ ကြိုးပမ်းနေဆဲဖြစ်သည်။ ထို့ပြင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ကိုဖိုးသီဟသည် ယခင်က ရခိုင်အခြေစိုက်သတင်းဌာနအချို့နှင့် ပြည်မသတင်းဌာနများတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

မြန်မာစစ်တပ်သည် စက်တင်ဘာလ ၄ ရက်နေ့ကလည်း မြောက်ဦးမြို့မှ ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေကို နေအိမ်အတွင်းမှ ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။ ယင်းနောက် ကိုရင်ဆို့ကို CRPH/NUG တို့နှင့်ဆက်စပ်၍ ဖမ်းဆီးရခြင်းဖြစ်ကြောင်း၊ ယင်းအတွက် အမှုဖွင့် အရေးယူထားကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...