မြောက်ဦးတွင် မြန်မာစစ်တပ်က ညဉ့်အချိန်ပစ်ခတ်မှုများပြုလုပ်ခဲ့၍ နေအိမ်များတွင်ထိခိုက်ပျက်စီးမှုရှိ

မြောက်ဦးတွင် မြန်မာစစ်တပ်က ညဉ့်အချိန်ပစ်ခတ်မှုများပြုလုပ်ခဲ့၍ နေအိမ်များတွင်ထိခိုက်ပျက်စီးမှုရှိ

မြောက်ဦးမြို့တွင် မြန်မာစစ်တပ်က ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)၊ ည ၁၁ နာရီအချိန်၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုမှာ ပြင်ဈေးရပ်ကွက်ဖက်မှနေ၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကျည်များမှာ လောကမူရပ်ကွက်နှင့် စပါးဆိပ်ရပ်ကွက်များသို့ ကျရောက်ထိမှန်ခဲ့သည်ဟု မြောက်ဦးမြို့ခံတစ်ဦးကပြောသည်။

"မနေ့ည ၁၁ နာရီလောက်က စပစ်တာ၊ ည ၂ နာရီလောက်အထိကြာတယ်။ လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော ပစ်ခတ်သွားတော့ လူနေအိမ်တွေကို ကျခဲ့တာတွေရှိတယ်။ ပြတင်းပေါက်မှန်တွေ ကွဲသွားတယ်။ အိမ်ခြံစည်းရိုးတွေ ပျက်စီးသွားတာရှိတယ်"ဟု ၎င်းကပြောသည်။

ယင်းအပြင် ယမန်နေ့က ပစ်ခတ်မှုပြုလုပ်ခဲ့သော စစ်ကောင်စီတပ်သားများက ယနေ့ည ထပ်လာခဲ့မည်ဟု အော်ပြောသွားခဲ့သဖြင့် မြို့သူမြို့သားများမှာ စိုးရိမ်ကြောက်လန့်လျှက်ရှိနေကြသည်။

"ကျမတို့က ပစ်သံကြားတာနဲ့ အိမ်အောက်ကိုဆင်းပြီး ဝပ်လို့ရလိုက်တယ်။ လက်နက်ကြီးကျည်ကျတဲ့ အိမ်ကတော့ အောက်ကိုဆင်းပြေးဖို့လည်းမရလိုက်ဘဲ အိမ်ထဲမှာ ဒီအတိုင်းပုန်းလိုက်ရတာ။ အခုထိလည်း ကြောက်နေသေးတယ်။ နောက်ပြီး မနေ့ညက သူတို့ (မြန်မာစစ်တပ်) ပြန်သွားတဲ့အခါ တောက်ခေါက်ပြီးတော့ ‘ငါ -ိုးမတွေ မနက်ဖြန်လည်း ငါတို့ထပ်လာခဲ့မယ်’ လို့ အော်ဆဲသွားတာတွေကို ရပ်ကွက်ကလူတွေက ကြားလိုက်ကြတယ်။ ဒါကြောင့် ဒီနေ့လည်း ဘယ်ရပ်ကွက်တွေမှာများ ကျလာမလဲဆိုပြီး လူတိုင်းကြောက်နေကြတယ်"ဟု စပါးဆိပ်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးကဆိုသည်။

မြောက်ဦးမြို့တွင် ည ၈ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို  စက်တင်ဘာလ ၁၆ ရက်နေ့မှစတင်ကာ မြိုနယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားကြောင်း မြောက်ဦးဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူများကို ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး အများပြည်သူနေထိုင်သည့်နေရာများ၌ ညဉ့်အချိန်ပစ်ခတ်မှုများပြုလုပ်နေခြင်းမှာ လုံးဝမဖြစ်သင့်ဟုလည်း ဒေသခံများက ပြောဆိုသည်။

မြောက်ဦးမြိုတွင် စက်တင်ဘာလ ၄ ရက်နေ့၊ ညဉ့် ၁ နာရီအချိန်ကလည်း စစ်ကောင်စီတပ်သားများက မြို့ထဲ၌ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး မြို့ခံတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...