ဝိုင်းမော်မြို့နယ်ထဲမှာ သွေးလွန်တုတ်ကွေးလက္ခဏာဖြင့်ဖျားနာမှု များပြားနေ

ဝိုင်းမော်မြို့နယ်ထဲမှာ သွေးလွန်တုတ်ကွေးလက္ခဏာဖြင့်ဖျားနာမှု များပြားနေ

ဝိုင်းမော်မြို့နယ်ထဲမှာ ဒေသခံတွေက သွေးလွန်တုတ်ကွေးလက္ခဏာတွေနဲ့ ဖျားနာမှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ မြစ်ကြီးနား ဝိုင်းမော်မှာ တော်တော်များများဖြစ်ကြတယ်။ လူကြီးတွေရောဖျားတာ၊ လူတိုင်းနီးပါးဖျားတာ၊တစ်အိမ်တစ်ယောက်နှုန်းက မဖျားတဲ့ အိမ်မရှိဘူး” လို့ ဝိုင်းမော်မြို့နယ်က ဖျားနာနေသည့် အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

ဖျားနာမှုတွေက ရာသီတုတ်ကွေး ၊ သွေးလွန်တုတ်ကွေး နဲ့ Covid19 မျိုးကွဲ အိုမီခရွန် လက္ခဏာတွေ အများဆုံးဖြစ်ပွားနေကြပြီး ပုဂ္ဂလိက ဆေးပေးခန်း တွေမှာ နေ့စဉ်နှင့်အမျှ လူပြည့်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာမှာ အသက် ၁၀ နှစ်အောက်အရွယ်ကလေးငယ်တချို့ နား၊ မျက်စိထဲက သွေးထွက်မှုတွေလည်းဖြစ်တယ်လို့ ကလေးမိဘတွေရဲ့ ဆွေမျိုးတွေက ပြောပြပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းမှာ သွေးလွန်တုတ်ကွေးဖြစ်ပွားရတဲ့ အကြောင်းအရင်းတချို့က ရာသီကူးပြောင်းမှု နဲ့ ရေကန်တွေ နေအိမ်တွေအတွက် ခြင်နှင့် ပိုးလောက်လန်း သတ်ဆေးတွေ ပေးဝေမှုနောက်ကျတာကြောင့်လို့ ဆိုပါတယ်။

“ ဒါကတော့ ကျန်းမာရေးစောင့်ရှောက်မှုလည်း လိုတာပေါ့ကွာ ခါတိုင်းဆိုရင်သွေးလွန်တုတ်ကွေးမဖြစ်ဖို့ ဆေးတွေဘာတွေ လောက်လန်းတွေမဖြစ်ဖို့ ရေကန်တွေမှာ ဆေးတွေဝေတာလည်းနောက်ကျ ၊ ဝန်ထမ်းတွေပေါ့ ၊ ကျန်းမာရေးဝန်ထမ်းတွေရော၊ ရပ်ရွာလူကြီးတွေကောက အလုပ်တွေများနေတာ့ အလျင်မမှီနိုင်ဘူးလေ နည်းနည်းနောက်ကျသွားတော့ အဲ့လိုဖြစ်သွားတာပေါ့” လို့ ခတ်ချိုကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက ပြောပြပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းမှာ တချို့ကျေးရွာတွေမှာ သွေးလွန်တုတ်ကွေးဖြစ်ပွားမှု မြင့်တက်နေပြီး တချို့ကျေးရွာတွေမှာ ပြန်လျော့ကျလာနေတယ်လို့ သိရပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...