ရခိုင်ပြည်နယ်ထဲရှိ INGOs/ NGO များကို နှင်ထုတ်ဖို့ ပြည်နယ်အစိုးရကို တောင်းဆိုသွားမည်

ရခိုင်ပြည်နယ်ထဲရှိ INGOs/ NGO များကို နှင်ထုတ်ဖို့ ပြည်နယ်အစိုးရကို တောင်းဆိုသွားမည်
by -
မဇ္ဈိမ
ဘူးသီးတောင်မှာ သြဂုတ်လ ၁၃ ရက်နေ့က   ဆန္ဒ ပြနေကြသည့်မြင်ကွင်း။ ဓာတ်ပုံ-နေဇော်လင်း
ဘူးသီးတောင်မှာ သြဂုတ်လ ၁၃ ရက်နေ့က ဆန္ဒ ပြနေကြသည့်မြင်ကွင်း။ ဓာတ်ပုံ-နေဇော်လင်း
ရခိုင်ပြည်နယ်ရှိ UN/ INGOs/ NGO အဖွဲ့များအားလုံးထွက်ခွာပေးရန် လူပေါင်းသောင်းချီခန့် ဆန္ဒပြခဲ့ကြသော်လည် မထူးခြားသဖြင့် အဆိုပါအဖွဲ့များကို နှင်ထုတ်ပေးရန် ရခိုင်ပြည်နယ်အစိုးရကို လူမှုရေးအဖွဲ့တွေက ထပ်မံတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီအဖွဲ့အစည်းတွေကိုဖယ်ရှားရှင်းလင်းဖို့အတွက် တောင်းဆိုကြပါတယ်။ တကယ်လို့သာ သူတို့တောင်းဆိုတာကို မရဘူးဆိုရင် ပထမအဆင့် အနေနဲ့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ကိုယ်တိုင်သွားရောက်ပြီးတော့ တင်ပြတောင်းဆိုမယ်လို့ သိထားပါတယ်။ ဒီအဖွဲ့တွေက စစ်တွေမြို့ ပြည်လုံးချမ်း သာဘုရားကြီးမှာ ရခိုင်ပြည်နယ်က သက်ကြီးဝါကြီးဖြစ်တဲ့ ရဟန်းရှင်တွေနဲ့ နိုင်ငံရေး စိတ်ပါ၀င်စားတဲ့ လူမှုရေးဆောင်ရွက်နေတဲ့အဖွဲ့တွေ အပါအဝင် ရခိုင်လူထုတွေကဦးဆောင်ပြီး အစည်းဝေး ချပြီးလုပ်တဲ့လုပ်ရပ်လို့နားလည်းပါတယ် “ ဟု စစ်တွေအခြေစိုက် ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကပြောသည်။

ရခိုင်ပြည်နယ်ထဲရှိ သံဃာတော်တွေအပါအဝင် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက သြဂုတ်လ ၂၀ ရက်တွင် အစည်းအဝေး ပြုပ်လုပ် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ပေးရန်၊ အကြမ်းဖက် အဖွဲ့အစည်းများအား အချိန်တိုအတွင်း ဖော်ထုတ်ပြီး ချေမှုန်းပေးရန်၊ မိမိအသက်အိုးအိမ်စည်းစိမ် အတွက် လုံခြံုတဲ့ အာမခံချက်ရှိတဲ့လုံခြံုရေးနှင့် UN/ INGOs/ NGOs အဖွဲ့များ ရခိုင်ပြည်နယ်အတွင်းမှ ထွက်သွားရန် စသည့်အချက်များကို ကြွေးကြော်တောင်းဆိုပြီး သြဂုတ် ၁၃ ရက်က ရခိုင်တစ်ပြည်နယ်လုံး လူပေါင်းသောင်းချီ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

သို့သော် ၁၀ ရက်ကြာသည်အထိ ရခိုင်ပြည်နယ်အစိုးရဘက်မှ တစ်စုံတစ်ရာအကြောင်း ပြန်ကြားပေးခြင်းမျိုးမရှိသည့်အတွက် ယခုလို ထပ်မံတောင်းဆိုရခြင်း ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် မောင်တောဒေသတွင် ည မထွက်ရအမိန့် ပုဒ်မ ၁၄၄ အား သြဂုတ်လ ၉ ရက်မှ သက်တမ်း ၂ လ တိုးမြှင့်လိုက်ပြီး ရသေ့တောင်ဒေသတွင်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...