သထုံမှာ လုပ်ငန်းရှင်တွေ အပါအဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး နေအိမ် ၂ လုံး ချိတ်ပိတ်ခံရ

သထုံမှာ လုပ်ငန်းရှင်တွေ အပါအဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး နေအိမ် ၂ လုံး ချိတ်ပိတ်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ပထမအပတ်ကစပြီး လုပ်ငန်းရှင်တွေ အပါအဝင် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရပြီး နေအိမ် ၂ လုံးကိုလည်း စစ်ကောင်စီဘက်က ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီကတော့ သူတို့ ဖမ်းဆီးလိုက်တဲ့ လုပ်ငန်းရှင်တွေနဲ့ အရပ်သားပြည်သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ ငွေကြေးထောက်ပံ့တာ၊ ဆက်စပ် ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က စုံစမ်းသိရှိရသလောက် ဖမ်းဆီးခံရတဲ့ လုပ်ငန်းရှင်တွေထဲမှာ မိဘဂုဏ်ရွှေဆိုင်ပိုင်ရှင် ဒေါ်စိုးစိုးနွယ်နဲ့ စိုးမိုးဖုန်းဆိုင်ပိုင်ရှင် ဦးစိုးမိုးတို့ ပါဝင်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကိုတော့ စစ်ကောင်စီက ဘယ်နေရာတွေမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးသလို အများစုက မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း သထုံမြို့ သိမ်ကုန်းရပ်ကွက်က အရပ်သားပြည်သူ ဦးထွန်းထွန်း နေအိမ်နဲ့ ဦးဇော်ဦးတို့ နေအိမ် ၂ လုံးကိုလည်း လာရောက် ချိတ်ပိတ်သွားတာ ဖြစ်ပါတယ်။

ဒေသခံတွေအဆိုအရ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်မှာ ဗုံးပေါက်ကွဲပြီးနောက် ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်သလို မြို့အတွင်းမှာလည်း စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဆိုကြပါတယ်။

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ ၅၀၀ နီးပါး ဖမ်းဆီးခံထားရပြီး အများစုကိုတော့ စစ်ကောင်စီက ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်ထားတာပါ။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...