သထုံမှာ လုပ်ငန်းရှင်တွေ အပါအဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး နေအိမ် ၂ လုံး ချိတ်ပိတ်ခံရ

သထုံမှာ လုပ်ငန်းရှင်တွေ အပါအဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး နေအိမ် ၂ လုံး ချိတ်ပိတ်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ပထမအပတ်ကစပြီး လုပ်ငန်းရှင်တွေ အပါအဝင် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရပြီး နေအိမ် ၂ လုံးကိုလည်း စစ်ကောင်စီဘက်က ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီကတော့ သူတို့ ဖမ်းဆီးလိုက်တဲ့ လုပ်ငန်းရှင်တွေနဲ့ အရပ်သားပြည်သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ ငွေကြေးထောက်ပံ့တာ၊ ဆက်စပ် ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က စုံစမ်းသိရှိရသလောက် ဖမ်းဆီးခံရတဲ့ လုပ်ငန်းရှင်တွေထဲမှာ မိဘဂုဏ်ရွှေဆိုင်ပိုင်ရှင် ဒေါ်စိုးစိုးနွယ်နဲ့ စိုးမိုးဖုန်းဆိုင်ပိုင်ရှင် ဦးစိုးမိုးတို့ ပါဝင်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကိုတော့ စစ်ကောင်စီက ဘယ်နေရာတွေမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးသလို အများစုက မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း သထုံမြို့ သိမ်ကုန်းရပ်ကွက်က အရပ်သားပြည်သူ ဦးထွန်းထွန်း နေအိမ်နဲ့ ဦးဇော်ဦးတို့ နေအိမ် ၂ လုံးကိုလည်း လာရောက် ချိတ်ပိတ်သွားတာ ဖြစ်ပါတယ်။

ဒေသခံတွေအဆိုအရ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်မှာ ဗုံးပေါက်ကွဲပြီးနောက် ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်သလို မြို့အတွင်းမှာလည်း စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဆိုကြပါတယ်။

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ ၅၀၀ နီးပါး ဖမ်းဆီးခံထားရပြီး အများစုကိုတော့ စစ်ကောင်စီက ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်ထားတာပါ။

ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...