ကျောက်တော်၊ အပေါက်ဝရဲစခန်းမှ ဒုရဲအုပ်တစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီး

ကျောက်တော်၊ အပေါက်ဝရဲစခန်းမှ ဒုရဲအုပ်တစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီး

ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်း၌ တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်တစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်) ညနေပိုင်းက ဖမ်းဆီးသွားကြောင်း သိရသည်။

၎င်းမှာ ယမန်နေ့၊ ညနေပိုင်း ၃ နာရီခွဲအချိန်ခန့်က ရဲစခန်းမှ အဝတ်ထုတ်များကိုကိုင်ဆောင်ကာ ကျောက်တော်မြို့သို့သွားရာတွင် မြို့အနီး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

"သူက အဝတ်ထုတ် ၃ ထုတ်ကိုကိုင်ပြီး ကားဂိတ်ကိုသွားဖို့အတွက် ဆိုင်ကယ်ကယ်ရီသမားတစ်ယောက်ကို လာငှါးတယ်။ ကားဂိတ်ကနေတစ်ဆင့် ကျောက်တော်မြို့ထဲကိုသွားမယ်ပေါ့။ အဲဒီလိုကယ်ရီငှါးသွားရင်းနဲ့ အဖမ်းခံလိုက်ရတာပါ"ဟု ၎င်းကပြောသည်။

အဆိုပါဒုရဲအုပ်မှာ အပေါက်ဝရဲစခန်း ၌တာဝန်ကျနေသည်မှာ တစ်နှစ်ခန့်သာရှိသေးပြီး လက်ရှိအချိန်ထိ ရဲစခန်းဖက်မှ လာရောက်ရှာဖွေစုံစမ်းခြင်းများ တစ်စုံတစ်ရာ မရှိ သေးကြောင်းလည်း သိရသည်။

"သူက ရခိုင်တော့မဟုတ်ဘူး။ ဒီကို တာဝန်ကျနေတာလည်း မကြာသေးဘူး။ ရဲစခန်းကတော့ သူပျောက်သွားတာကို သိတာလား၊ မသိတာလားတော့မပြောတတ်ဘူး။ အခုအချိန်ထိ အပြင်ထွက်ပြီး ရှာနေတာတွေ၊ စုံစမ်းနေတာတွေကိုတော့ မတွေ့ရဘူး။ အကုန်လုံး ပုံမှန်အနေအထားပါပဲ"ဟု အဆိုပါဒေသခံကဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်နေဆဲဖြစ်သည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် AA ဘက်က စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုရှိနေသည်။ အလားတူ မြန်မာစစ်တပ်ကလည်း အရပ်သားများကို AA သံသယဖြင့် ဖမ်းဆီးလျက်ရှိနေသည်။

July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...