PDF ရဲဘော်တွေ စစ်ရေးနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာ မသုံးဖို့ NUG ကာကွယ်ရေးဝန်ကြီး သတိပေး

PDF ရဲဘော်တွေ စစ်ရေးနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာ မသုံးဖို့ NUG ကာကွယ်ရေးဝန်ကြီး သတိပေး

စစ်ရေးနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တွေအနေနဲ့ ဆိုရှယ်မီဒီယာကို အသုံးမပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတိပေး ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့ဖြစ်တဲ့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း PDF ရဲဘော်တွေကို ပြောကြားနေတဲ့ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။

ဦးရည်မွန်ကတော့ စစ်သားတစ်ယောက်အတွက် အဆင့်ဆင့် အမိန့်နာခံတတ်မှုဟာ အသက်တမျှ အရေးကြီးကြောင်းနဲ့ စစ်ရေးမှာ လျှို့ဝှက်အပ်တဲ့ အရာတွေကို ဆိုရှယ်မီဒီယာမှာ လွတ်လွတ်လပ်လပ် သုံးဖို့ မသင့်တော်ဘူးလို့ သတိပေးပြောဆိုခဲ့တာပါ။

ပြည်သူ့ပြောက်ကျားစစ်ကြောင့် စစ်ကောင်စီတပ်ရဲ့ အင်အားဟာ တစ်နေ့ထက်တစ်နေ့ ပြုန်းတီးနေပြီး အချိန်မရွေးပြိုကွဲတော့မှာဖြစ်ပြီး စစ်ကောင်စီတပ်ပြိုကွဲချိန်မှာ မြန်မာနိုင်ငံ ဖရိုဖရဲဖြစ်မသွားဖို့နဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ဟာ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တာဝန်ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ထဲကနေ ကိုယ်ပိုင်အသိဉာဏ်နဲ့ လွတ်လွတ်လပ်လပ်စဉ်းစား ဆုံးဖြတ်နိုင်သူတွေက ပြည်သူ့ရင်ခွင်ခိုလှုံနေကြပြီး ပုံစံမျိုးစုံနဲ့ စစ်ကောင်စီကို စွန့်ခွာနေကြသူတွေလည်း နေ့စဉ်နဲ့အမျှရှိလာပြီဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ လက်ရှိမှာတော့ PDF တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းနိုင်ခဲ့ပြီး တစ်နိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက မြို့နယ်ပေါင်း ၂၅၀ ကျော်မှာလည်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖွဲ့စည်းကာ စစ်အုပ်စုကို တော်လှန်တိုက်ထုတ်နေတာ ဖြစ်ပါတယ်။

May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...