KNU အုပ်ချုပ်နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၃၀ ကျော် သေဆုံးထား

KNU အုပ်ချုပ်နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၃၀ ကျော် သေဆုံးထား
KNU နယ်မြေအတွင်း စစ်ကောင်စီ ဗုံကြဲမှုကြောင့် ထိခိုက် သေဆုံးခဲ့သူ
KNU နယ်မြေအတွင်း စစ်ကောင်စီ ဗုံကြဲမှုကြောင့် ထိခိုက် သေဆုံးခဲ့သူ

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ လပေါင်း (၂၀) အတွင်း စစ်ကောင်စီတပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၃၀ ကျော်သေဆုံးပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ အခုနှစ် ဩဂုတ်လအထိ လပေါင်း (၂၀) အတွင်း စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တွေက ပြည်သူလူထုနေထိုင်တဲ့ကျေးရွာတွေ၊ လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီးအလုံးပေါင်း ၄၀၀၀ ကျော်ပစ်ခတ်ခဲ့သလို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၁၇ ကြိမ် ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်တဲ့ ကျေးရွာတွေ၊ လုပ်ကိုင်စားသောက်တဲ့လုပ်ငန်းခွင်ထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ (၁၃၁) ဦးသေဆုံးခဲ့ပြီး (၂၉၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ပြည်သူလူထု (၄၁၂) ဦးကိုလည်း စစ်ကောင်စီ၊ BGF တပ်တွေက အကြောင်းမဲ့ဖမ်းဆီးခဲ့တာ၊ ခြိမ်းခြောက်စစ်ဆေးတာ၊ ပေါ်တာနဲ့လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်တဲ့ ကျေးရွာတွေ၊ လုပ်ငန်းခွင်တွေထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်း တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာကြောင့် ပြည်သူလူထု ၃၇၀၀၀၀ ကျော်ဟာ အိုးအိမ်ကိုစွန့်ခွာပြီး ဘေးလွတ်လုံခြုံရာဒေသထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူလူထုတွေထဲမှာ ကလေးသူငယ်တွေ၊ ကျောင်းသားကျောင်းသူတွေ၊ မသန်စွမ်းသူတွေ၊ သက်ကြီးရွယ်အိုတွေ အများအပြားပါဝင်ပြီး ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ပြည်သူလူထုတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း အများအပြားလိုအပ်လျက်ရှိတယ်လို့ ကေအဲန်ယူက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေ မှာတော့ လပေါင်း (၂၀) အတွင်း KNU လက်အောက်ခံတပ်တွေနဲ့ စစ်ကောင်စီတပ်၊ BGF တပ်တွေအကြား တိုက်ပွဲကြီး တိုက်ပွဲငယ် ပျောက်ကြားတိုက်ပွဲပေါင်း (၆၀၀၀) ကျော် ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီ၊ BGF တပ်တွေဘက်က (၅၁၂၅) ဦး သေဆုံးခဲ့ပြီး (၄၁၇၄) ဦး ဒဏ်ရာရရှိခဲ့သလို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့တွေဘက်ကတော့ တိုင်းပြည်နဲ့လူမျိုးအတွက် (၁၃၇) ဦး အသက်စွန့်ခဲ့ရပြီး၊ (၃၅၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ အခြေစိုက်စခန်းကြီး (၉)ခုကို KNLA KNDO တပ်ဖွဲ့တွေက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...