မှော်ပုံကျေးရွာအတွင်း စစ်ကောင်စီမှ ဝင်ရောက်စီးနင်းပြီး ကုဋေဦး ကုန်စုံဆိုင် ပိုင်ရှင်အား ဖမ်းဆီးခေါ်ဆောင်သွား

မှော်ပုံကျေးရွာအတွင်း စစ်ကောင်စီမှ ဝင်ရောက်စီးနင်းပြီး ကုဋေဦး ကုန်စုံဆိုင် ပိုင်ရှင်အား ဖမ်းဆီးခေါ်ဆောင်သွား

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာအနီး စက်တင်ဘာ၊ ၁၄ မနက် (၁) နာရီ လောက်ကနေ လက်နက်ကြီး ပစ်ခတ်သံ ကြားရပြီး ရွာအတွင်း စစ်ကောင်စီဘက်က လူအင်အား (၃၀) လောက်နဲ့ ဝက်ရောက် စီးနင်းခဲ့တယ်လို့ သိရပါတယ်။

ထိုနေ့မနက် အစောပိုင်း စစ်ကောင်စီဘက်ကနေ လက်နက်ကြီး (၆) ကြိမ်ထက်မနည်း  ရွာအတွင်းရမ်းသမ်းပစ်ခတ်ပေးတာကြောင့် မှော်ပုံရွာရဲ့ဘုန်းကြီး ကျောင်းနဲ့ ရွာအနီး ဝန်းကျင် လက်နက်ကြီး နှစ်ခု ကျရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မနက် (၅) နာရီလောက်မှာတော့ စစ်ကောင်စီတပ်သားအင်အား (၃၀) လောက်ဟာ ပါကျဲရိုး၊ လင်ခရူဇာကား (၆) စီးနဲ့ မှော်ပုံရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ပြီး ကုဋေဦး ကုန်စုံဆိုင် ပိုင်ရှင်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြေပြင်နဲ့ နီးစပ်တဲ့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"ဝင်စီးပြီး ပြန်ထွက်သွားတာ။ ကုဋေဦးဆိုင်ကို ဝင်စီးတယ် ပြောတယ်။ မှော်ပုံရွာထဲဝင်ပြီး ဆိုင်ပိုင်ရှင်ကို ဖမ်းသွားပြီးတော့ အဲဒီဆိုင်ကို မီးရှို့ခဲ့တယ်။ ကုန်စုံဆိုင် ဟုတ်တယ်"လို့ ဒေသခံက ပြောပါတယ်။

နောက်ထပ် ဒေသခံတစ်ဦးကလည်း ကုဋေဦး ကုန်စုံဆိုင်ထဲ ဝင်ရောက်မီးရှို့ပြီး ဆိုင်ပိုင်ရှင်နဲ့ အတူ အမျိုးသားတစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ဒေသခံပြည်သူတွေဟာ နီးစပ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့လည်း သိရပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...