ကရင်နီပြည် ဒီးမော့ဆိုတွင် တိုက်ပွဲများ ပြင်းထန်နေ

ကရင်နီပြည် ဒီးမော့ဆိုတွင် တိုက်ပွဲများ ပြင်းထန်နေ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့အနီး ဒေါငံခါးကျေးရွာဘက်တွင် စစ်တပ်က နယ်မြေထိန်းချုပ်ရန် အင်အား အလုံး အရင်းဖြင့် ဆက်လက် စစ်ကြောင်းထိုးနေခြင်းကြောင့် ကရင်နီပူးပေါင်းတပ်များနှင့် နေ့စဉ်ရက်ဆက် ပြင်းထန် သော တိုက်ပွဲများ ဖြစ်ပွားနေသည်။

လွိုင်ကော်-ဒီးမော့ဆို လမ်းဆုံနှင့် မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းပိုင်းပေါ်တွင် တည်ရှိသည့် ဒေါငံခါးရွာသည် စစ်တပ်၏ အခြေစိုက်တပ်များကို အဓိကချိတ်ဆက်ရန် အရေးပါသော နေရာတစ်ခုဖြစ်သည်။

ဇူလိုင် ၂၈ ရက် ညနေပိုင်းမှ စတင်ကာ စစ်တပ်က စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်လာခြင်းကြောင့် တော်လှန် ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ညပိုင်းတွင်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

စစ်တပ်ဘက်က လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြု ပစ်ကူပေးနေသဖြင့် ဒေါငံခါးရွာနားဝန်းကျင်ရှိ ကာကင်းတချို့ကို လက်လွှတ်ခဲ့ရသော်လည်း ကရင်နီပူးပေါင်းတပ်များက ဆက်လက်ခုခံနေဆဲ ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မြေပြင် စစ်ရေး သတင်းရင်းမြစ်က “စစ်တပ်စစ်ကြောင်း ဒေါငံခါးကို မကျော်သေးဘူး။ အကုန်လုံးကြိုးစားပြီး ကာနေကြတယ်” ဟု ပြောသည်။

စစ်တပ်သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လပိုင်းက စတင်ကာ ဒီးမော့ဆိုမြို့ပေါ်က နေရာအချို့ကို ထိန်းချုပ်ထားခဲ့ ပြီးနောက် ယခုကဲ့သို့ မြို့အနီးပတ်ဝန်းကျင်ဒေသများကိုပါ အင်အားသုံး စစ်ကြောင်းထိုးမှုများ ဆက်တိုက် လုပ် ဆောင်နေခြင်း ဖြစ်သည်။

ထိုကဲ့သို့ တိုက်ပွဲများနှင့် လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ဖြစ်ပွားနေသည့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက် ခြမ်းတွင် လုံခြုံရေးအခြေအနေကြောင့် စာသင်ကျောင်းများ၌ ပုံမှန်သင်ကြားချိန်ထက် လျှော့ချကာ နေ့တစ်ဝက် သာ စာသင်ကြားနေရကြောင်း ကျောင်းတာဝန်ရှိသူများက ပြောသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အစတွင် စာသင်ချိန်အပြည့်ရှိခဲ့သော်လည်း ဇူလိုင်လ ဒုတိယပတ်မှစတင်ကာ ယခုကဲ့ သို့ လုံခြုံရေးအရ အချိန်လျှော့ချ သင်ကြားပေးနေရခြင်း ဖြစ်သည်။

ကျောင်းသားမိဘတစ်ဦးက “အမြဲလိုလို လက်နက်ကြီးသံတွေ ကြားနေရတော့ ကလေးတွေလည်း ကြောက်ရွံ့ စိတ်နဲ့ စာသင်နေရတယ်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်ရတယ်” ဟု ပြောသည်။

ရွာများနှင့် နီးစပ်ရာနေရာများသို့ စစ်အုပ်စုတပ်က နေ့စဉ်လိုလို လက်နက်ကြီးများနှင့် ဒရုန်းများဖြင့် ပစ်ခတ်နေ ခြင်းကြောင့် ကျောင်းများတွင် ပုံမှန်မသင်ကြားနိုင်ဘဲ နေအိမ်များတွင် ရွှေ့ပြောင်းသင်ကြားနေကြရသည်။

ထို့ပြင် ဒီးမော့ဆို အနောက်ခြမ်းရှိ ကျောင်းများတွင် ဆရာ၊ ဆရာမ လိုအပ်ချက်များအပြင် ကျောင်းသုံးပစ္စည်း များနှင့် လုံလုံခြုံခြုံ စာသင်ကြားနိုင်မည့် နေရာထိုင်ခင်းများပါ အခက်အခဲ ရှိနေဆဲဖြစ်သည်။

 

Most read this week

September 9, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်...
September 9, 2026
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
Human Rights Foundation of MonLand
September 8, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဖလူးဒေသရှိ ပလောတပို့ (အမိုးပြာ) စစ်ဘေးရှောင်စခန်းကို...
ဗုံးကြဲပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ / Crd
September 8, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အုပ်စုတပ်က...