စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးချက်

စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးချက်

စစ်ရေးပဋိပက္ခနဲ့ ကပ်ဘေးအခြေအနေတွေကြောင့် လူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နိုင်လဲ၊  စိတ်ကျန်းမာရေးကူညီစောင့်ရှောက်မှု လိုအပ်တဲ့သူတွေကို ဘယ်လိုကူညီစောင့်ပေးနိုင်မလဲ၊ တစ်ခါ စိတ်ကျန်းမာရေး ဆိုင်ရာ ကူညီစောင့်ရှောက်မှု လိုအပ်တဲ့သူတွေကို အချိန်မီ လုပ်မပေးနိုင်ရင် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ အခြေအနေ တွေနဲ့ပတ်သက်ပြီး နယ်စပ်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (BMA) ရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆက် သွယ်ရေးတာဝန်ခံ မူအေးခင်နဲ့ တွေ့ဆုံဆွေးနွေး မေးမြန်းထားပါတယ်။

KIC ။  ။ စိတ်ဒဏ်ရာ (Trauma ) ဖြစ်စေသော အကြောင်းတရားတွေက ဘာတွေ ဖြစ်မလဲ။

ဆရာမ မူအေးခင် ။ ။ ကျမအမြင်မှာ လူတစ်ယောက်က အဓိကတော့ အနုတ်လက္ခဏာ ဆောင်တဲ့ဟာပေါ့နော်။ အဲ့ဒါဘာလဲဆိုတော့ ကျွန်မတို့ဖြစ်စေချင်တဲ့ဟာနဲ့ သူတို့ ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ဟာက မကိုက်ဘူး ဆိုလို့ရှိရင်တော့ ကျမတို့ စိတ်ဒဏ်ရာ ရစေတာပေါ့နော်။ ဥပမာ ဒီအခြေအနေမှာ ဆိုလို့ရှိရင်လည်း ကပ်ရောဂါပဲဖြစ်ဖြစ်၊ ဒီနိုင်ငံရေးပဲဖြစ် ဖြစ်ပေါ့နော် အဲ့လိုမျိုးဆိုလို့ရှိရင်တော့ သူတို့ရဲ့ နောက်ဆက်တွဲအနေနဲ့ ဒီကုန်စျေးနှုန်း တက်တာတို့ပဲ ဖြစ်ဖြစ် တချို့ဆိုရင် လည်း စစ်ပွဲကြောင့်မို့လို့ နေရပ် စွန့်ခွာ ထွက်ပြေးရတာမျိုး ရှိတယ်လေ။ အဲ့လိုမျိုးဆိုတော့ ထွက်ပြေးရတဲ့ ကြောင့်မို့လို့ပေါ့ နော်။ သူတို့တွေလည်း ဒီစားဝတ်နေရေး အကုန်လုံး တွေးပူနေရတယ် ဆိုတဲ့အခါကျတော့ ဒါကလည်း စိတ်ဒဏ်ရာဖြစ် လာတာပေါ့နော်။

KIC ။  ။ ဖြစ်ရပ်ဆိုး (စစ်ရေးပဋိပက္ခ၊ သတ်ဖြတ်မှု) နှင့် ကပ်ဘေး (ရောဂါ၊ သဘာဝဘေး) တွေဟာ လူတွေအ ပေါ် ဘယ်လိုသက်ရောက်စေသလဲ။ စိတ်ဒဏ်ရာကို ဘယ်လိုဖြစ်စေသလဲ။

မူအေးခင် ။   ။ အဲ့ဒါကလေ ခုနက ဒီကပ်ဘေးပဲပြောပြော၊ ဒီနိုင်ငံရေးကြောင့် ပဲပြောပြောပေါ့နော်။ ကျုပ်တို့ကတော့ သွားလာတဲ့အချိန်မှာ ဆိုလို့ရှိရင် လုံခြုံမှုတွေက မရှိတော့ဘူးပေါ့နော်။ ဆိုတော့ အမြဲတမ်း စိုးရိမ်သောကနဲ့ ကျမတို့ နေနေ ရတယ်။ သွားချင်တိုင်းလည်း သွားလို့မရဘူးပေါ့နော်။ အဲဒါတစ်ခုရှိမယ်။ နောက်တစ်ခုကတော့ ဒီခုနက ကပ်ဘေးဖြစ်ဖြစ် စစ်ဘေးပဲဖြစ်ဖြစ်ပေါ့နော်။ ကျမတို့ရဲ့မိသားစုဝင်တွေ ဆုံးရှုံးနေရတာတို့၊ ဒါမှမဟုတ်လည်း အိုးအိမ်တွေဘာတွေ ဆုံးရှုံး နေရတာတို့ ရှိတယ်လေ။ အဲ့လိုမျိုးဆိုလို့ရှိရင်တော့ မိသားစုဆုံးရှုံးတာ ဖြစ်နိုင်တယ်။



ဆုံးရှုံးတာ မဟုတ်ဘဲနဲ့ စစ်ဘေး ရှောင်နေကြရတဲ့ အခါကျတော့ တစ်ယောက် တစ်ကွဲစီ၊ တစ်ယောက် တစ်နေရာ စီမှာလည်း ရှိနေမှာပဲ။ အဲ့လိုမျိုးဆိုရင် သူကရော အဆင်ပြေလား၊ ကိုယ်ကရော အဆင်ပြေလားဆိုတော့ စိတ်ပူနေတဲ့ အဲ့လိုမျိုးတော့ ရှိတာပေါ့နော်။ နောက်တစ်ခုက ဘာလဲဆိုတော့ တရားမျှတမှုမရှိဘူးပေါ့နော်။ အဲ့လိုမျိုးအတွက်ကြောင့် ဆိုလို့ရှိရင် ဒီစိတ်ဒဏ်ရာတွေကလည်း ရစေနိုင်တာပေါ့နော်။ နောက်ဆုံးအနေနဲ့ကျ ဘာလဲဆိုတော့ တော်တော်များများ ပေါ့နော်။ ဒီစစ်ဘေးရှောင်နေရတဲ့အခါမှာဆိုလို့ရှိရင်တော့ သွားလာရေးပဲပြောပြော အကုန်လုံးပေါ့။ တခါတလေကျ တော့ ကိုယ့်ကိုယ်ကိုတောင်မှ ယုံကြည်စိတ်ချမှုက မရှိတော့ဘူးပေါ့နော်။ အဲ့လိုတွေ ဖြစ်သွားနိုင်ပါတယ်။

KIC ။  ။ ကရင်ဒေသအတွင်း တဖန် ပြန်လည် ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြောင့် စစ်ရှောင်ပြည်သူတွေအ ကြား တွေ့မြင်ရတဲ့ စိတ်ဒဏ်ရာ၊ ဒဏ်ချက်တွေကို ပြောပြပေးပါ။

မူအေးခင် ။   ။ တစ်ခုကတော့ သူတို့လတ်တလောမှာလည်း ပြေးနေရတယ်လေ။ တချို့ကလည်း နည်းနည်းလေး အသံကြားတာနဲ့ အဲ့ဒီ ဘယ်လိုမျိုးပြောမလဲ အသံနည်းနည်းကြားတာနဲ့ အရင်ဦးဆုံးလက်နက်ကြီးကျလို့ပဲ အဲ့လိုမျိုးပေါ့ နော်။ ပြောချင်တာကတော့ အိပ်မက်ဆိုးလို့ပဲ ပြောလို့ရမလားပေါ့နော်။ တကယ်လို့ ညအိပ်ရင်တောင်မှ အမြဲတမ်း အဲ့ဒီ အိပ်မက်ဆိုးတွေပဲ ပြန်ပြီးမက်နေတယ်။ အဲ့လိုမျိုးတော့ရှိနိုင်တာပေါ့။ နောက်တစ်ခုကတော့ သူတို့ရဲ့စိတ်ထဲမှာ ဘာရှိနိုင် မလဲဆိုတော့ အမြဲတမ်းပဲ ပူပင်သောကနေရတယ်။ ပုံမှန်ထက်ပိုပြီးတော့ ကြောက်ရွံ့နေရတာပေါ့နော်။ ကြောက်ရွံ့တဲ့ စိတ်နဲ့ပဲ ဆက်ပြီးတော့ အသက်ရှင်နေရတာပေါ့နော်။

နောက်ပြီးတော့ သူတို့ရဲ့ ဒီစစ်ရှောင်တွေ ထဲမှာဆိုလို့ရှိရင် စားဝတ်နေရေးကလည်း ဒါကတော့ စိတ်ပူတာတော့ တစ်ကဏ္ဍပေါ့။ အဓိကကတော့ အမြဲတမ်း စိုးရိမ်ပူပန်မှုနဲ့ပဲ သူတို့နေနေရတာပေါ့နော်။ အိပ်လည်း ကောင်းကောင်း မအိပ်ရဘူးပေါ့နော်။ နောက်ပြီးတော့ ခုနလိုမျိုး စိတ်ပူပင်သောကဖြစ်တော့ အိပ်လည်းကောင်းကောင်းမအိပ်ရ၊ အိပ်ရင် လည်း ဘယ်အချိန်ထပြေးရမလဲ။ အဲ့လိုမျိုးတွေပေါ့နော်။ နောက်တစ်ခုကလည်း တကယ်လို့ အိပ်လို့မရတဲ့ အခါကျတော့  စားမဝင်။ စားမဝင်တဲ့နောက်ပိုင်း ကျန်းမာရေးတွေပါ ထိခိုက်လာနိုင်ပေါ့နော်။ တကယ်လို့ တအားဆိုးဝါးတဲ့ အခြေအနေ မှာဆိုလို့ရှိရင်တော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာတို့လည်း ရှိနိုင်တာပေါ့နော်။

KIC ။  ။ အဲဒီလို စိတ်ဒဏ်ရာရရှိတဲ့သူတွေ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အထောက်အကူ လိုအပ်နေတဲ့ သူတွေ အတွက် ဆရာမတို့ ကျန်းမာရေး အဖွဲ့အစည်းတွေ အနေနဲ့ ဘာတွေ လုပ်ဆောင်နေတာ ရှိသလဲ။ နောက်ပြီးတော့ ရှေ့ဆက် ပြီးတော့ ဆရာမတို့ အစီအစဉ်ဆွဲထားတာတွေ ဘာတွေရှိလဲ။ အဲဒါကို အခြေအနေ ပြောပြပေးပါလား။

မူအေးခင် ။   ။ ကျမတို့ ဒီ (BMA) ပေါ့နော်။ မြန်မာနိုင်ငံ ဆေးပညာရှင်အသင်းအနေနဲ့ကတော့ ဒီကိုဗစ်ရောဂါစဖြစ် ပြီးကတည်းကပေါ့နော်။ ကျမတို့ ဒီ (PFA) ပေါ့နော် Phsycological First Aid အဲဒါကို ကျမတို့ ဒီ (BMA) ကနေ support ပေးတယ်။ ကူညီထောက်ပံ့ပေးတဲ့ ဆေးခန်းတွေ ရှိတယ်လေ။

အဲ့ဒီဆေးခန်းတွေကို ကျမတို့ ဒီခုနက (PFA) သင်တန်း တွေ ပေးတယ်။ ပေးပြီးတော့ သူတို့ကနေပြီးတော့ ဒီတစ်စုံတစ်ရာပေါ့နော်။ ရပ်ရွာတွေမှာဆိုလို့ရှိရင်လည်း ဒီစိတ်ပိုင်း ဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းတို့၊ သူတို့က လုပ်ပေးလို့ရတာပေါ့နော်။ ဒါပေမဲ့ ဒီ (၂၀၂၂) မှာဆိုလို့ရှိရင်တော့ ဒီ အာဏာ သိမ်းပြီးတဲ့ နောက်ပိုင်းမှာပေါ့နော်။

တခါတလေ တချို့ဟာတွေ သင်တန်းထပ်ပေးတယ် ဆိုလို့ရှိရင်တော့ (Mental Health and Psycho Social support) ပေါ့နော်။ အဲ့တာကတော့ ကျမတို့ သင်တန်းပေးတယ်။ အဲ့တာကတော့ ဒီခုနလိုမျိုးပေါ့နော်။ (BMA) ကနေ ပြီးတော့ ကူညီထောက်ပံ့ပေးတဲ့ဆေးခန်းတွေ ကျန်းမာရေးလုပ်သားတွေပေါ့နော်။ အဲ့ဒါက ဒီစိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဘဝ ကျန်းမာပျော်ရွှင်ခြင်းနဲ့ပတ်သက်ပြီးတော့ အပြန်အလှန် လုံးပမ်းမှု ဘယ်လိုမျိုးရှိလဲဆိုတာမျိုးကို သင်တန်းပေးတာပေါ့ နော်။ ပြီးတဲ့အခါ ကျန်းမာရေးလုပ်သားကနေပြီးတော့ သူတို့ရဲ့ (village health committee) တွေကိုလည်း ပြန်ပြီး တော့  မျှဝေပေးတယ်။ ပြီးရင် တချို့ သင်တန်း မတက်ရသေးတဲ့ သူတွေကို ခုနသင်တန်းတက်ပြီးတဲ့ ဆရာ/ဆရာမက နေပြီးတော့ပဲ ဆေးခန်းက ဆရာ/ဆရာမအချင်းချင်း ပြန်ပြီးတော့ မျှဝေတာမျိုး ရှိတယ်ပေါ့နော်။

ကျမတို့ (BMA) လို့ခေါ်တဲ့ မြန်မာနိုင်ငံဆေးပညာရှင်များအသင်းအနေနဲ့ ကျမတို့ကနေပြီးတော့ တစ်ဖက်မှာ ဒီပါတနာအဖွဲ့နဲ့တူတူပဲပေါ့။ ကျမတို့ သင်တန်းတက်တယ်။ သင်တန်းတက်ပြီးတော့ (BMA) ကနေပြီးတော့ ကူညီ ထောက်ပံ့ပေးတဲ့ ဆေးခန်းတွေကိုပေါ့နော် ဒီ (PFA) လိုသင်တန်းကတော့ ကျမတို့ ဟိုး ၂၀၂၁ မှာတုန်းက ပေးတာပေါ့။ ကိုဗစ်အဖြစ်များတဲ့အချိန်မှာလေ။ကိုဗစ်အဖြစ်များတော့ လူတွေကလဲ ခုနလိုမျိုးပဲ စိတ်သောကတွေ ရောက်တာပေါ့ နော်။ တချို့ဆို သွားရလာရ ခက်ခဲတယ်။ ပြီးလို့ရှိရင် ကုန်စျေးနှုန်းက တက်တာကလည်းတစ်ကြောင်း၊ အလုပ်လည်း မရှိတော့တာလည်းတစ်ကြောင်း၊ စိုးရိမ်ပူပန်မှုတွေရှိတော့ တချို့နေရာတွေမှာဆိုလို့ရှိရင်တော့ ခုနလိုမျိုးပေါ့နော်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာတို့မျိုးလည်း ကျမတို့ ကြားသိရတာပေါ့နော်။

အဲဒါနဲ့ ကျမတို့ ဒီဆေးခန်းတွေကို ခံစားမှုပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းတို့ သင်တန်းပေးဖို့ လိုအပ်တယ်ပေါ့ နော်။ ဒီ (၂၀၂၁) မှာတစ်ခေါက်ပေါ့။ ဒီ (PFA) သင်တန်းတစ်ခေါက် ပေးလိုက်တာပေါ့နော်။ ဒါပေမဲ့ အဲ့တာကတော့ တကယ့်ကိုအခြေခံပဲပေါ့။ အဲ့ဒါဆိုရင်လည်း ဒီသင်တန်းတက်ပြီးတော့ ကျန်းမာရေးလုပ်သားကနေပြီးတော့ပဲ သူတို့ Target ရွာမှာရှိတဲ့ ရွာလူထုတွေကိုပေါ့နော်။ လက်ရှိအနေနဲ့ သူတို့လိုက်ပေးမယ်။ ဒါပေမဲ့ (၂၀၂၁ −၂၂၀၂၂) အာဏာ သိမ်းပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့ ကျမတို့ကနေပြီးတော့ ဒီ (Mental Health and psycho social support) လို့ခေါ် တဲ့ (MHPSS) ပေါ့နော်။ အဲ့ဒီသင်တန်း ကျမတို့တက်တယ်။ ဒီ (BMA) ကနေ Support ပေးတဲ့ ဆေးခန်းတွေကိုပဲ အဲ့ဒီမှာ ရှိတဲ့ ကျန်းမာရေးလုပ်သားတွေပေါ့နော်။ ကျမတို့ အွန်လိုင်းတွေနဲ့ ဒီ (MHPSS) အွန်လိုင်းဝပ်ရှော့အနေနဲ့ ကျမတို့ပေးတာ ပေါ့နော်။

ကျမတို့သင်တန်းက နှစ်ခေါက် ပေးတယ်။ ကျန်းမာရေးလုပ်သားကတော့ (၁၀၀) ကျော် တက်ရောက်တာပေါ့ နော်။ ဒါမဲ့ အဲ့ဒီသင်တန်းတက်ပြီးတော့ သူတို့ကနေပြီးတော့လည်း တခြားကျန်းမာရေးလုပ်သားတွေကို ပြန်ပြီးတော့ မျှဝေပေးတယ်။ ပြီးလို့ရှိရင်တော့ သူတို့ကနေပြီးတော့ ဆေးခန်းက ဆရာ/မကနေပြီးတော့ သူတို့ ဒီဆေးခန်းတစ်လုံးမှာ ဆို (Village Health Committee - ကျေးရွာကျန်းမာရေးကော်မတီ) ရှိတယ်လေ။ သူတို့ ပြောပေးတယ်။ မျှဝေပေး တယ်။ ပြီးတော့ တချို့ကလည်း (IDPs) တို့ ရှိနေတယ်လေ။ ဆိုတော့ အဲ့ဒီမှာ (IDPs) တို့ရော ဒီကွန်မြူနတီတို့ကရော ခုနကပေါ့နော်။ ဒီရပ်ရွာထဲမှာရော ဒီ (MHPSS) ပေါ့နော်။ တကယ့်ကို အခြေခံလောက်တော့ ပြန်ပြီးတော့ လုပ်ပေးလို့ရ တာပေါ့။

KIC ။  ။ အဲလို စိတ်ဒဏ်ရာရရှိတဲ့သူတွေ ကပ်ဘေးကြောင့်ဖြစ်စေ၊ စစ်ရေးကြောင့်ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်မှု (PFA-Psychological First Aid)၊ mental counselling ဘာဖြစ်လို့ လုပ်ပေးဖို့ လိုအပ်လဲ၊ ဘာ ကြောင့် လိုအပ်သလဲ။

မူအေးခင် ။   ။ ဘာဖြစ်လဲဆိုတော့ ခုနက ကျမ ပြောသွားသလိုမျိုးပေါ့နော်။ ဒီစိတ်ရောဂါက နည်းနည်းလေး လောက်ဆို ကျမတို့ သီးခံနိုင်တဲ့ အတိုင်းအတာရှိတာပေါ့နော်။ ဒါပေမဲ့  ကြာလာကြာလာဆိုလို့ရှိရင်တော့ ရောဂါအနေနဲ့ သူတို့ဖြစ်သွားနိုင်တယ်လေ။ တအားဆိုးရွားတဲ့အထိ ဖြစ်သွားနိုင်တာပေါ့။ ဆိုတော့ အဲ့လိုမျိုးပဲ ဆိုးရွားတဲ့အချိန်မှာမှ စောင့်နေတာမဟုတ်ဘဲနဲ့ ဥပမာထားလိုက် တကယ်လို့ နေမကောင်းတာဆိုလို့ရှိရင် ကျမတို့ သိတယ်လေ။ ဒါပေမဲ့ ဒီဝေဒနာခံစားနေရတယ်ဆိုတာ ဒီ (Mental health) က ကျမတို့ ဒီအတိုင်း ကြည့်တာနဲ့မသိနိုင်ဘူးပေါ့နော်။ အဲ့ဒါကြောင့် မို့လို့ ဒီ (Psychological First Aid) က ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးတာပေါ့။

မဟုတ်ဘူး ဆိုလို့ရှိရင်တော့ ကျမတို့ စောစောစီးစီး မသိလိုက်နိုင်ဘူး ဆိုလို့ရှိရင်တော့ သူ နည်းနည်းစိတ်သောက ဒဏ်ရာရတာနေပြီးတော့ အစားအသောက်တွေ ပျက်လာမယ်။ နောက်ပိုင်းကျရင် ကျန်းမာရေးလည်း ထိခိုက်လာတာ ပေါ့နော်။ ကျန်းမာရေးထိခိုက်လာရင် တကယ်လို့ ဆိုးရွားလို့ရှိရင်တော့ ခုနလိုမျိုးပဲ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည် တဲ့အဆင့်ထိ ဖြစ်ပွားနိုင်တာပေါ့နော်။ ဒါပေမဲ့ အခု (PFA) လိုဆိုရင်တော့ နည်းနည်းပါးပါး ပူပင်သောကဆိုလို့ရှိရင်တော့ သူတို့ (PFA) အနေနဲ့လုပ်တာပေါ့နော်။

ဒါပေမဲ့ ခုနလိုမျိုး တအားကြီးဆိုးလို့ရှိရင်တော့ အခြေခံစိတ်ကျန်းမာရေး ပြုစုခြင်းနဲ့ မရဘူးဆိုလို့ရှိရင်တော့ (counseling) အဆင့်နဲ့ပေါ့နော်။ ကျမတို့ သင်တန်းတွေပေးတာတို့ အဲ့လိုတော့ ပြန်လုပ်ရတာပေါ့။ မဟုတ်ဘူး ဆိုလို့ရှိ ရင်တော့ ခုနလိုမျိုး မိမိကိုယ်ကို အဆုံးစီရင်တာတို့ များလာမှာပေါ့နော်။

KIC ။  ။ ကျနော်တို့ပတ်ဝန်းကျင်မှာလည်း တွေ့နေရတာပေါ့လေ။ ဒီလို စိတ်ဒဏ်ရာဒဏ်ချက်ရှိတဲ့သူတွေ၊ စိတ်ပိုင်း ဆိုင်ရာ ကူညီစောင့်ရှောက်မှု လိုအပ်တဲ့သူတွေကိုပေါ့။ အထူးသဖြင့် ဒီလူတွေကို သူ့ပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ သူ့ အဝန်း အဝိုင်းမှာဖြစ်ဖြစ်၊ သူ့မိသားစုမှာဖြစ်ဖြစ် သူတို့တွေကို ဘယ်လိုထားသင့်သလဲ။ သူတို့တွေကို ဘယ်လိုဆက်ဆံသင့်သ လဲ။ အဲဒါလေး နည်းနည်း အကြံပြုပါအုံး။

မူအေးခင် ။   ။ သူတို့ကတော့ သီးသန့်ထားထားလို့တော့ မရဘူး။ သီးသန့်ထားထားရင် ပိုပြီးတော့စိုးလိမ့်မယ်။ ဆို တော့ ကျုပ်တို့ကတော့ ပုံမှန်အတိုင်းပဲပေါ့နော်။ ပုံမှန်အတိုင်းပဲ ကျုပ်တို့က ဆက်ဆံရမယ်။ ပြီးလို့ရှိရင်ဆိုတော့ တကယ် လို့များ သူစိမ်းဆိုလို့ရှိရင်တော့ အဓိကကတော့ ယုံကြည်မှုကို တည်ဆောက်ရမှာပေါ့။ ယုံကြည်မှု တည်ဆောက်မယ်ဆို တော့ မိတ်ဆက်ရမှာပေါ့နော်။ တကယ်လို့ ကျန်းမာရေးလုပ်သားအနေနဲ့ဆိုရင်တော့ မိတ်ဆက်တာမျိုး လုပ်ရမယ်။ ပြီး လို့ရှိရင်တော့ ဒီသူတို့ပြောတဲ့ဟာကိုပဲ ကိုယ်က စိတ်ဝင်တစားနဲ့ နားထောင်ပေးတာမျိုး ဖြစ်ရတာပေါ့နော်။ ဟိုးစောစော ကလည်း ကျမပြောသလိုမျိုးပဲ စကားပြောနေရင်းနဲ့တောင်မှပေါ့နော်။ သူ့မှာ ဘာအခက်အခဲတွေ ရှိနေလည်းဆိုတာ ကိုယ်က သိနိုင်တယ်ဆိုတော့ သူပြောနေရင်းနဲ့ သူ့မှာ လုံခြုံစိတ်ချရတဲ့အပိုင်းမှာ ဒါနဲ့ပတ်သက်တဲ့ စိတ်သောကတွေ ဖြစ် နေလား။ ဒါမှမဟုတ် သံယောဇဉ်ဆက်နွယ်မှုကြောင့်လား။ တရားမျှတမှုကြောင့်လား။ ဒါမဟုတ် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့အဆင့်ထိ ဖြစ်နေလားပေါ့နော်။

အဲ့ဒီအချက်လေးချက်ကိုပဲ ပြန်ပြီးတော့ ကိုယ်က နားထောင်နေရင်းနဲ့ပေါ့နော်။ ဒီအချက်လေးချက်မှာ သူက ဘယ်အချက်ကို ဖြစ်နေလဲဆိုတာ ကျမတို့ ပြန်ပြီးတော့ ကျမတို့ သိနိုင်တာပေါ့နော်။ ဒါစကားပြောတာ နားထောင်နေရင်း နဲ့ သိနိုင်ပါတယ်။ ပုံမှန်အတိုင်းပဲ စကားပြောတာတို့ပေါ့နော်။ ထမင်းစားပြီးလား၊ နေကောင်းလား၊ အဲ့လိုမျိုး စကားပြော ပြီးပြီးဆိုလို့ရှိရင်လည်း သူက တစ်စုံတစ်ရာ စိတ်သက်သာရတယ်လေ။ မဟုတ်ရင်တော့ ဥပမာ အခုလိုမျိုး စစ်ဘေး ရှောင်နေရတဲ့ အချိန်မှာဆိုလို့ရှိရင် သူက တစ်ယောက်ထဲပဲ။ သူ့ရဲ့မိသားစုဝင်တွေ ဆုံးရှုံးတာ ဖြစ်ရင်ဖြစ်မယ်။ ကိုယ်က မသိနိုင်ဘူးလေ။ ကိုယ်လည်း စစ်ဘေး ရှောင်နေရတာ ဆိုတော့ အဲ့လိုမျိုးဆိုလို့ရှိရင် သူ့ကို စကားတွေ ဘာတွေ သွားပြော ပေးမယ်ဆိုလို့ရှိရင် သူနည်းနည်းလေး စိတ်သက်သာရာရတာပေါ့။

မဟုတ်ရင် သူတစ်ယောက်ထဲ နေရင်တော့ အဲ့ဒီ ပြေးလွှား နေရတဲ့အကြောင်းတွေ ဒါမှမဟုတ် တစ်ခုခုပေါ့နော်။ သူ့ရွာမှာ သူ အမျိုးမျိုး စိတ်ထဲမှာ မြင်နေရတာတို့၊ လက်နက်ကြီးကျတာလား ဒါမှမဟုတ် မိသားစုနဲ့ တစ်ကွဲတစ်ပြားလား ဒါမှမဟုတ် တစ်ယောက်ယောက်သေတာလား အဲ့ဒီအကြောင်းပဲ သူတွေးနေမယ်ဆို သူပိုပြီးတော့ စိတ်သောကတွေ ရောက်မယ်။ ကြာလာကြာလာဆိုလို့ရှိရင် ခုနစိုးရိမ်မှုတွေလွန်ပြီးတော့ သူပါဆက်နေချင်စိတ်မရှိတော့ဘူး။ အဲ့လိုမျိုး တွေ ဖြစ်သွားနိုင်တာပေါ့နော်။

အဲ့လိုမျိုးဆိုရင်တော့ ကျမတို့ပစ်ပယ်ထားဖို့တော့ မလိုဘူးပေါ့နော်။ ပစ်ပယ်ထားစရာ မလိုဘူး။ အဲ့ဒါဆိုလို့ရှိရင် ပိုပြီးတော့ ဆိုးသွားလိမ့်မယ်။ ကျမတို့ ပုံမှန်အတိုင်းပဲ စကားပြောပေးလို့တော့ ရပါတယ်။ အဓိက ကိုယ်က နားထောင် ပေးဖို့ပေါ့နော်။ နားထောင်တာလည်း ဒီကိုယ်ချင်းစာနဲ့၊ စိတ်ဝင်စားမှုနဲ့ စိတ်ဝင်တစားနဲ့ ကိုယ်က နားထောင်ပေးနိုင်လို့ရှိ ရင် သူလည်း ရင်ဖွင့်ရတာ ပိုပြီးတော့ အဆင်ပြေတာပေါ့။

"ကျမတို့ ပုံမှန်အတိုင်းပဲ ကျမတို့ ဆက်ဆံပေးရမယ်။

ပုံမှန်တိုင်းပဲ ကျမတို့ပြောမယ်ဆိုလို့ရှိရင်တော့

သူပြောတဲ့ဟာကို ကျမတို့ ကိုယ်ချင်းစာတဲ့ပုံ၊

စိတ်ဝင်တစားနဲ့လည်း ကိုယ်က နားထောင်ပေးရမှာပေါ့နော်။

နားထောင်တယ်ဆိုတာကလည်း မျက်လုံးနဲ့လည်း နားထောင်ရမယ်။

နားနဲ့လည်း နားထောင်ရမယ်။

ပြီးလို့ရှိရင် နှလုံးသားနဲ့လည်း ကျမတို့ နားထောင်ရမယ်။"

KIC ။  ။ အဲလိုမျိုးလူတွေက လူကြီးလည်း ရှိနိုင်တယ်။ ကလေးတွေလည်း ရှိနိုင်တယ်ပေါ့နော်။ အကယ်၍များ ဒီလိုလူ တွေကို စိတ်ကျန်းမာရေး ကူညီဖေးမမှုပဲ ပြောပြော ကျနော်တို့ အချိန်မှီသာ မလုပ်ပေးနိုင်ရင် ကလေးဆိုလည်း ကလေးအ လိုက် လူကြီးဆိုလည်း လူကြီးအလိုက် နောက်ဆက်တွဲ ဘာတွေများ ဖြစ်လာနိုင်မလဲ။ တွေ့ခဲ့ဘူးတဲ့ သာဓကတွေရှိရင် ပြောပြပေးပါလား။

မူအေးခင် ။   ။ ကျမတို့လည်း တွေ့တော့မတွေ့ဖူးဘူးပေါ့နော်။ ဘာလို့လဲဆို ကိုယ်က ဒီဘက်မှာပဲရှိနေတယ်လေ။ ဒါပေမဲ့ ကြားဖူးတာကတော့ ကလေးတွေမှာဆိုလို့ရှိရင် တချို့ကလည်း အမှန်အမှားမသိဘူးလေ။ ဒီလိုမျိုးဖြစ်ပြီဆို တချို့ကလည်း စိတ်ရိုင်းဝင်တာတို့ ရှိတာပေါ့နော်။ တချို့ကလည်း ကိုယ့်ရဲ့မျှော်လင့်ချက်တွေကလည်း ကင်းမဲ့နေတယ်။ အနာဂတ်ပျောက်နေသလိုမျိုးတွေလည်း ရှိမှာပေါ့နော်။ ဘာဖြစ်လဲဆိုတော့ အခုက ဒီတစ်နှစ် နှစ်နှစ်မှာဆိုလို့ရှိရင်တော့ ဟိုး ကိုဗစ် စဖြစ်ကတည်းကပေါ့နော်။ ဆိုတဲ့အခါကျတော့ ကျောင်းလည်းမတက်ရဘူး။ ဆိုတော့ ကလေးတွေဆိုလို့ရှိရင် လည်း (စိတ်) လေလွှင့်နေတာ ပိုပြီးတော့ များလာတာပေါ့နော်။ တချို့ဆိုလို့ရှိရင် မူးယစ်ဆေးဝါးတွေလား နောက်ပြီး တော့ ဒီဆယ်ကျော်သက်နဲ့ပဲ အရွယ်မရောက်သေးဘဲနဲ့ အိမ်ထောင်ပြုတာတို့ အဲ့လိုမျိုးလေး ကျမတို့ တွေ့နေရတာပေါ့ နော်။

တချို့ကလေးငယ်တွေမှာကျတော့ သူတို့ အဲ့လောက်ထိ မစဉ်းစားတတ်ဘူးပေါ့နော်။ စိုးရိမ်မှုတွေတော့ သိပ်မ သိသေးပေမဲ့လည်း တချို့ကျတော့ အဓိက ကလေးငယ်တွေရဲ့အနာဂတ် ဘယ်လိုမျိုးဆက်ဖြစ်လာမလဲဆိုတာ မသိနိုင် ဘူးပေါ့။ ဒါပေမဲ့ လူကြီးတွေမှာ ဆိုလို့ရှိရင်တော့ လူကြီးတွေကတော့ ပိုပြီးတော့ များတာပေါ့နော်။မိဘဆိုလို့ရှိရင်လည်း ပြေးလည်း ပြေးရတယ်။ နေ့တိုင်းပေါ့နော်။ သတိဝီရိယနဲ့ ကိုယ်နေနေရတာပေါ့နော်။ အခု လောလောဆယ်ထိ နေနေ တယ်ဆိုရင်တောင်မှ ဘယ်အချိန်များ ပြန်ပြီးပြေးရမလဲပေါ့။ ခုက အဓိကက လုံခြုံစိတ်ချမှုပေါ့နော်။ အဲ့ဒီအတွက်လည်း သူက စိုးရိမ်ပူပန်နေရတယ်။ နောက်ပြီးတော့ သားသမီးတွေရဲ့ ကိုယ့်ရဲ့ စားဝတ်နေရေးအတွက်လည်း စိတ်ပူနေရတာ ပေါ့နော်။ အဲ့လိုမျိုးတွေလည်း ရှိတာပေါ့။

KIC ။  ။ စောစောက ဆရာမပြောတဲ့ PFA လုပ်ပေးတာတွေက ရေတိုအတွက်ပေါ့နော်။ ရေရှည်အတွက်က ဒီလိုလူ ပုဂ္ဂိုလ်တွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်း အစီအစဉ်၊ စီမံကိန်းတွေက ဘယ်လိုတွေ ရေးဆွဲသင့်သလဲ ဆရာမ ဘယ်လိုမြင်လဲ။ ဘာတွေ ကုစားသင့်သလဲပေါ့နော်။

မူအေးခင် ။   ။ အဓိက ကတော့ ဒီဆိုးရွားတဲ့အချိန်ထိ ပြင်ထားတာကတော့ တစ်ကဏ္ဍပေါ့နော်။ ကျမတို့ မြန်မာနိုင်ငံ ဆေးပညာရှင်တွေအနေနဲ့ကတော့ ကျမတို့လုပ်နိုင်တာ ဒီ psychological first aid အခြေခံလောက်ပဲ ကျမတို့ လုပ်လို့ရ တာပေါ့။ ဘာဖြစ်လို့လည်းဆို ဒီရေရှည်အနေနဲ့ဆို ကျမတို့ counseling center တို့ လိုအပ်လာပြီ။ counseling ဆိုလို့ရှိ ရင်လည်း ဒီ counsellor တို့ လိုအပ်နေပြီပေါ့နော်။ အဲ့ဒါကတော့ တခြားအဖွဲ့မှာတော့ treatment center တွေအနေနဲ့ သူတို့လုပ်ထားတာလည်း ရှိတယ်။ ဥပမာ ဒီ BPHWT တို့ ဆိုလို့ရှိရင်လည်း သူတို့ treatment center ရှိတယ်လေ။ ဆိုတော့ တချို့ ဒီ NUG ကလုပ်တဲ့ တယ်လီကျန်းမာရေးတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ အဲ့ဒါကတော့ ကျမတို့ အွန်လိုင်းအနေနဲ့ ပဲ လုပ်လို့ရတာပေါ့။

ဒါပေမဲ့ ကျမတို့ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်းအနေနဲ့ကတော့ တကယ့်အခြေခံလောက်ပေါ့နော်။ စိတ် ပိုင်းဆိုင်ရာ၊ စိတ်ကျန်းမာရေး ရှေးဦးသူနာပြုစုခြင်းလောက်ပဲ လုပ်ပေးလို့ရတာပေါ့နော်။ တကယ်လို့များ အဲ့ဒီလိုမျိုးလုပ် ရင်းနဲ့လည်း ကျမတို့ ကျန်းမာရေးလုပ်သားတွေကြည့်ပြီးတော့ ဒါက ဒီ psychological first aid နဲ့ ရလား ပေါ့။ mental health psycho social support နဲ့ရလားပေါ့။ တကယ်လို့ မရဘူးဆိုလို့ရှိရင်တော့ treatment လိုအပ်လာပြီးလား။ treatment လိုအပ်လာရင် ရနိုင်တဲ့နေရာမှာ ကျမတို့ လွှဲပြောင်းပြီးတော့ counseling လိုအပ်လာပြီဆိုရင်တော့ ကျမတို့ ဒီကျန်းမာရေးလုပ်သားတွေမှာ ဒီ basic ကနေပဲ နည်းနည်းပါးပါးပေါ့။ ဒါပေမဲ့ခုနကတော့ suicide case တို့ ဖြစ်လာပြီ ဆိုလို့ရှိရင်တော့ တကယ့် counsellor နဲ့ ချိတ်ပေးရတာပေါ့။

KIC ။  ။  စိတ်ဖိစီးမှုကနေ စိတ်ဒဏ်ရာရရှိနေသူတွေကို ဆရာမတို့ ကျန်းမာရေးဝန်ထမ်းတွေက ပြုစုစောင့်ရှောက်နေ တဲ့အခါမှာ ဆောင်ရန်၊ ရှောင်ရန် အချက်တွေက ဘာတွေဖြစ်နိုင်မလဲ။ လုပ်သင့်လုပ်ထိုက်တာ ဘာတွေဖြစ်မလဲ ပြောပြ ပေးပါ။

မူအေးခင် ။   ။ စောစောကလည်း ကျမ ပြောထားပြီးသားပဲ။ သူ့ကို ကျမတို့ ပုံမှန်အတိုင်းပဲ ကျမတို့ ဆက်ဆံပေးရ မယ်။ ပုံမှန်တိုင်းပဲ ကျမတို့ပြောမယ်ဆိုလို့ရှိရင်တော့ သူပြောတဲ့ဟာကို ကျမတို့ ကိုယ်ချင်းစာတဲ့ပုံ စိတ်ဝင်တစားနဲ့လည်း ကိုယ်က နားထောင်ပေးရမှာပေါ့နော်။ နားထောင်တယ်ဆိုတာကလည်း မျက်လုံးနဲ့လည်း နားထောင်ရမယ်။ နားနဲ့လည်း နားထောင်ရမယ်။ ပြီးလို့ရှိရင် နှလုံးသားနဲ့လည်း ကျမတို့ နားထောင်ရမယ်။ ဥပမာ သူက ဝမ်းနည်းနေလို့ရှိရင် ကိုယ့်ရဲ့အ မူအယာကလည်း ဪ ဟုတ်လား အဲလိုပေါ့နော်။ နောက်တစ်ခုကလည်း အသံလေးနဲ့ အင်း အင်း ပေါ့နော်။ သူပြောတာ ကို ကိုယ်က ထောက်ခံပါတယ်။ ကိုယ်ကသူ့နဲ့အတူတူ ရှိပါတယ်ဆိုတဲ့ဟာမျိုး အကြင်နာ ကိုယ်ချင်းစာတဲ့ နားထောင်မှု မျိုးနဲ့ပဲ ကျမတို့ နားထောင်ရတာပေါ့။ မျက်လုံးရယ်၊ နားရယ်၊ နှလုံးသားရယ် နားထောင်ရတာပေါ့။ ပြောတဲ့သူဆိုရင် လည်း ဪ ဒီလူက နားထောင်ပေးတယ်။ အလေးထားတယ်ဆိုပြီး သူတို့စိတ်ထဲမှာလည်း အားရှိတယ်။ ငါနဲ့အတူ ဆရာ၊ ဆရာမတွေရှိတယ်လို့ ခံစားရတော့ သူတို့ပိုပြီးတော့ ယုံကြည်ပြီး ပိုပြီးတော့ ပြောချင်လာတာပေါ့နော်။ သူတို့ပြော လိုက်ခြင်းအားဖြင့် သူတို့ရင်ထဲမှာ ပေါ့သွားတာပေါ့။ ဒါက ကျမတို့လုပ်ရမယ့်ဟာ။

ဒါပေမယ့် တခုရှိတာက အဲလို သူတို့စကားပြောနေတဲ့ အချိန်မှာတော့ ကိုယ်က ကြားဖြတ်ပြောတာမျိုး မလုပ်ရဘူး။ တခါ တလေ သူပြောရင်းနဲ့ လမ်းစပျောက်သွားတာမျိုး ရှိသေးတယ်။ ရှိတော့ ကိုယ် သူ့ကိုစဉ်းစားချိန်ပေးလိုက်ပေါ့နော်။ အချိန်ပေးပြီး သူ့ဟာသူ သတိပြန်ရမှ ဆက်ပြီးတော့ ပြောပါစေပေါ့နော်။ အဓိက သူပြောတာကို နားထောင်ပေးရမယ်။ ကြားဖြတ်ပြောတာ မလုပ်ရဘူး။ သူပြောတာကို ဝေဖန်အကြံပြုတာ မလုပ်ရဘူးပေါ့နော်။

KIC ။  ။ နောက်ဆုံးအနေနဲ့ စိတ်ဒဏ်ရာရစေတဲ့ အကြောင်းတရားတွေ၊ စိတ်ဖိစီးမှုအခြေအနေလေးတွေ၊ စိတ်ရောဂါ ရလာနိုင်တာမျိုးတွေ ဒီအခြေအနေလေးတွေ မဖြစ်ပေါ်အောင်၊ ဒါကိုကျော်လွှားနိုင်အောင် ကျနော်တို့ ဘယ်လိုတွေ လုပ် ဆောင်သင့်သလဲ။ လူမှုဘ၀ကို ဘယ်လိုကျင့်ကြံနေထိုင်သင့်သလဲ ဆရာမ နောက်ဆုံးအနေနဲ့ အကြံပြုပါအုံး။

မူအေးခင် ။   ။ အဲဒါက အချက် (၄) ချက်နဲ့ ပြောချင်တာပေါ့နော်။ အဲ့တာက (A. B. C. D) ပေါ့နော်။  (A) က ဘာလဲဆို ကျမတို့ရဲ့ achievement ကိုယ့်ကိုယ်ကိုပေါ့နော်။ လူတစ်ယောက်မှာ ကိုယ့်ရဲ့အောင်မြင်မှုက ဘာတွေရှိခဲ့လဲဆို ကိုယ့် ဖာသာကိုယ် ပြန်ပြီးတော့ သတိပေးတဲ့ဟာပေါ့။ ဆိုတော့ တကယ်လို့များ နည်းနည်း စိတ်ညစ်နေမယ်ဆိုလို့ရှိရင်တော့ အော် ကိုယ့်ရဲ့ပျော်စရာ အကြောင်းအရာပေါ့နော်။ ဥပမာ ထားလိုက်ပါတော့ ဒီဓာတ်ပုံပဲဖြစ်ဖြစ် ကိုယ်ပြန်ကြည့်တယ်။ အရင်တချိန်တုန်းက မိသားစုလိုက်လား၊ ပျော်ပွဲစားသွားတာတို့ အလည်အပတ်ခရီး သွားတာတို့လား အဲ့ဒါတွေကို ပြန် ကြည့်မယ်ဆိုလို့ရှိရင်တော့ သူ့မျက်နှာက ပြန်ပြုံးပျော်လာတယ်။ တစ်နည်းအားဖြင့် ကိုယ့်စိတ်ကို ကိုယ်ပြန်ပြုံးပျော်လာ တာပေါ့နော်။

ဒါမှမဟုတ်လည်း ကိုယ့်အတွက် ပြီးခဲ့တဲ့ အတိတ်ဟာပေါ့နော်။ ကိုယ့်ပျော်ရွှင်ချင်တဲ့ အကြောင်းအရာတစ်ခုခုပဲ ပြန်ပြီးစဉ်းစားမယ်။ ဒါမှမဟုတ် တစ်ခုလုပ်လို့ရတာက တချို့လည်း ရှိတယ်ပေါ့နော်။ သူတို့ရဲ့ပျော်စရာတစ်ခုခုမှာ အမှတ်တရဖြစ်တဲ့ အကြောင်းအရာတစ်ခုခုပေါ့နော်။ အဲ့လိုရေးမှတ်ထားပြီးတော့ စုဘူးပုံစံမျိုးနဲ့လေ။ ကိုယ် စိတ်ညစ် မယ်ဆိုလို့ရှိရင် ပျော်စေတဲ့ အကြောင်းအရာကို ထုတ်ဖတ်မယ်ဆိုလို့ရှိရင် ကိုယ်က ပျော်သွားတာပေါ့နော်။ အဲ့တာက တစ်ခုပေါ့။ ဒါကလည်း သူ့ရဲ့ပျော်ရွှင်စေတဲ့ အကြောင်းအရာပေါ့နော်။ ဆိုတော့ ကိုယ့်ရဲ့အောင်မြင်မှုတွေကိုပြန်ပြီးတော့ အမှတ်ရစေတာပေါ့။ အဲ့ဒါဆိုရင် ကိုယ့်ရဲ့စိတ်ကိုပြန်ပြီး ကုစားလိုက်တာတစ်ခုပဲပေါ့နော်။

နောက်တစ်ခုက ဘာလဲဆိုတော့ B. Body။ ကျမတို့ရဲ့ ခန္ခာကိုယ် ကျမတို့ ဘယ်လိုဂရုစိုက်မလဲပေါ့နော်။ ဘာလဲ ဆိုတော့ ကျမတို့ကတော့ လေ့ကျင့်ခန်းလုပ်လို့ရတယ်နော်။ လေ့ကျင့်ခန်းဆို တချို့က ဒီလမ်းလျှောက်တာလား၊ ယောဂ လုပ်တာလား လုပ်လို့ရတာပေါ့နော်။ လေ့ကျင့်ခန်းက ပြင်းပြင်းထန်ထန်မှ မဟုတ်ဘူးပေါ့။ အဲ့လိုမျိုး ဒီတိုင်းထိုင်နေမဲ့အ စား ထိုင်နေမယ်ဆို ကိုယ်စိတ်ညစ်မယ်ဆိုရင် လေ့ကျင့်ခန်းတော့ လုပ်ပေါ့နော်။ ပြီးလို့ရှိရင်တော့ အသက်ရှူ လေ့ကျင့် ခန်း လုပ်လို့ရတယ်။ အသက်ရှူလေ့ကျင့်ခန်းက အသက်ကို ဝဝလေး ရှူသွင်းမယ်၊ ရှူထုတ်မယ်။ ဘာလို့ဆို တစ်နည်း အားဖြင့် စိတ်သက်သာရာလည်း ရတယ်။ ပြီးတော့ အဆုတ်အတွက်လည်း ကောင်းတာပေါ့နော်။ အဆုတ်လည်း အား ကောင်းစေတာပေါ့။ အဲ့တာကြောင့်မို့ ကျုပ်တို့ ဒီခန္ဓာကိုယ်အတွက်ပေါ့နော်။ ရုပ်အတွက်တော့ ထမင်းတွေဘာတွေ စား သလို စိတ်အတွက်ကလည်း ခုနလိုမျိုး လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုပါတယ်။

နောက်တစ်ခုက ဘာလဲဆိုတော့ C – Connection ကျမတို့က တစ်ခုခုခံစားချက်ကိုပေါ့နော်။ ကိုယ်က တစ် ယောက်ထဲ မျိုသိပ်ထားမဲ့အစား ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ ကိုယ့်ရဲ့ညီအစ် ကိုမောင်နှမဖြစ်ဖြစ်၊ ကိုယ့်ရဲ့မိသားစုဝင်မှာ ပဲဖြစ်ဖြစ် ကိုယ်ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ယောက်ကိုပေါ့နော် သူနဲ့တွေ့ပြီးတော့ တိုင်ပင်ဆွေးနွေးလိုက်မယ် ဆိုလို့ရှိရင်တော့ ဒါကလည်း ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူးလေ။ ကိုယ်က တစ်ယောက်ထဲစဉ်းစားတာထက်လို့စာလို့ရှိရင် နှစ်ယောက် အပြန်အလှန် ပြောလိုက်မယ်ဆိုလို့ရှိရင် ကိုယ့်စိတ်ထွက်ပေါက်တစ်ခုပေါ့နော်။ အဲ့လိုမျိုးတွေလည်း လုပ်လို့ ရတယ်။

နောက်တစ်ခု D ကတော့ Delight ကိုယ်က ဘယ်လိုမျိုးလုပ်လို့ရှိရင် စိတ်ကျေနပ်လဲ။ ဥပမာ ကျမတို့ သီချင်းဆို လိုက်မလား။ ဒါမှမဟုတ်လည်း မိသားစုလိုက် ခရီးသွားမလား အဲ့လိုမျိုးတွေပေါ့နော်။ စိတ်ကျေနပ်စေတဲ့ စိတ်ပျော်ရွှင် စေတဲ့ အကြောင်းအရာတစ်ခုခုကို ကိုယ်ထလုပ်လိုက်တာမျိုးတို့ပေါ့နော်။ တချို့ကလည်း စိတ်ညစ်နေမယ်ဆိုလို့ရှိရင် တော့ ထမင်းထချက်လိုက်တာတို့ပေါ့နော်။ အဲ့လိုမျိုးပေါ့ လုပ်လို့ရတာပေါ့။ ဒါကလည်း ကိုယ့်စိတ်ကို အာရုံပြောင်းလိုက် သလိုမျိုးပေါ့နော်။ ကိုယ့်စိတ်ကိုယ်ကတော့ ဒီမကောင်းတဲ့အတွေး ဆက်စဉ်းစားနေမယ်ဆိုလို့ရှိရင် အဲ့ဒီမကောင်းတဲ့ အတွေးထဲမှာပဲ စိတ်က မျောနေမှာပဲ။ ဆိုတဲ့အခါကျတော့ (ABCD) ဆိုတဲ့ ဒီလိုစိတ်ညစ်နေတယ်ဆို ပျော်စရာတွေဘက် ကိုယ်ပြန်စဉ်းစားနိုင်မယ်ဆိုလို့ရှိရင်တော့ သူက ပျော်သွားတာပေါ့။

Most read this week

May 10, 2024
မြဝတီမြို့ ကို ဦးတည်ထိုးနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်‌ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့...
May 9, 2024
မြဝတီမြို့တောင်ဘက်ပိုင်းရှိ ပလောတပို စစ်ရှောင်စခန်းတွင် နွေရာသီအချိန် ရေများခမ်းခြောက်ကာ...
May 8, 2024
ဖားအံမြို့ရှိ စစ်ကောင်စီဝန်ထမ်းများကို ဌာနဆိုင်ရာ အကြီးအကဲများက ကြိုတင်အသိပေးခြင်းမရှိဘဲ...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့်...