စစ်တပ်ကဖမ်းဆီးသွားသည့် အမ်းဒေသခံတစ်ဦးကို တစ်လခန့်ကြာသော်လည်း မိသားစုမှအဆက်အသွယ်မရသေး

စစ်တပ်ကဖမ်းဆီးသွားသည့် အမ်းဒေသခံတစ်ဦးကို တစ်လခန့်ကြာသော်လည်း မိသားစုမှအဆက်အသွယ်မရသေး

အမ်းမြို့နယ်၊ လုံးကောင်းအုပ်စု၊ ထမ်းချောင်းကျေးရွာမှ ဒေသခံ တစ်ဦးကို သြဂုတ်လ ၉ ရက်နေ့တွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက နေအိမ်မှ လာရောက်ဖမ်းဆီးသွားခဲ့ကာ ယခုအချိန်ထိ အဆက်အသွယ်မရရှိသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ဖမ်းဆီးခံရသူမှာ အသက် ၅၅ နှစ်အရွယ် ဦးတင်အုန်း (ခ) ဦးဥသြဆိုသူဖြစ်သည်။ ၎င်းကို အမ်းမြို့နယ် ညောင်ချောင်းမှ ထမ်းချောင်းသို့ မွတ်ဆလင်များသယ်ယူပို့ဆောင်နေသည်ဟု စွပ်စွဲကာ စစ်တပ်အင်အား ၄၀ ခန့်က လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

"ဖမ်းသွားတဲ့အချိန်ကတည်းက အခုအချိန်ထိ ဘယ်မှာထားတယ် ဆိုတာကိုလည်း မသိရတော့ ကျမတို့အရမ်းစိတ်ပူနေတယ်။ အခုဆို သူ့ကိုဖမ်းသွားတာ တစ်လပြည့်တော့မယ်။ သူမရှိတော့ လုပ်နေကျ တောင်ယာလုပ်ငန်းကိုလည်း မလုပ်ရဘူး။ စားဝတ်နေရေးလည်း တော်တော်အခက်အခဲဖြစ်နေပြီ"ဟု ဇနီးဖြစ်သူ ဒေါ်ခင်မာချိုကပြောသည်။

ဖမ်းဆီးခံထားရသည်မှာ အချိန်ကြာမြင့်လာနေပြီဖြစ်သည့်အတွက် ယောကျ်ားဖြစ်သူအား မည်သည့်နေရာတွင် ထားရှိသည်ကို သိရှိလိုကြောင်း ၎င်းကဆိုသည်။

ဦးတင်အုန်း (ခ) ဦးဥသြကို လာရောက်ဖမ်းဆီးခဲ့စဉ် ဗိုလ်မှူးတစ်ဦးမှ စစ်ဆေးမေးမြန်းမှုပြီးစီးပါက အကြောင်းပြန်ကြားပေးမည်ဟု ပြောကြားခဲ့သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာအကြောင်းကြားလာခြင်း မရှိသေးဟု ယင်းကျေးရွာမှ ရာအိမ်မှူး ဦးသိန်းလှိုင်ကပြောသည်။

"လာဖမ်းတဲ့အခါ ပါလာသူ ဗိုလ်မှူးတစ်ယောက်ကတော့ ကျွန်နော့်ကိုပြောတယ်။ သူတို့ စစ်ဆေးပြီးတဲ့အခါ အကြောင်းကြားမယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ အခုအချိန်ထိတော့ ဘာမှအကြောင်းကြားလာတာ မရှိသေးဘူး။ မိသားစုတွေကလည်း သူ့ယောက်ျားဘယ်မှာရှိလဲဆိုတာကို စုံစမ်းခိုင်းတယ်။ ကျွန်နော်လည်း တပ်ထဲကိုသွားပြီး မစုံစမ်းရဲဘူး။ မိသားစုတွေလည်း တော်တော် အခက်အခဲဖြစ်နေတယ် အစစအရာရာပေါ့"ဟု ၎င်းကပြောဆိုသည်။

ဦးတင်အုန်း (ခ) ဦးဥသြမှာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး စစ်တပ်ကစွပ်စွဲသကဲ့သို့ မွတ်ဆလင်များအား သယ်ယူပို့ဆောင်နေသည်မှာ မဟုတ်မှန်ကြောင်းကို လာရောက်ဖမ်းဆီးစဉ်ကပါလာသည့် ဗိုလ်မှူးအား အကြိမ်ကြိမ်ပြောဆိုခဲ့သော်လည်း လက်မခံဘဲ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ရာအိမ်မှူးက ဆိုသည်။

လက်ရှိ ယင်းဖမ်းဆီးခံရသူ၏အခြေအနေအားသိရှိနိုင်ရန် မြန်မာစစ်တပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်အား ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...