အမျိုးသမီးများ အသက်မွေးသင်တန်းများကောလိပ်တစ်ခု ဖွင့်လှစ်ပေးသွားမည်ဟု မွန်ကြီးချုပ် ပြော

အမျိုးသမီးများ အသက်မွေးသင်တန်းများကောလိပ်တစ်ခု ဖွင့်လှစ်ပေးသွားမည်ဟု မွန်ကြီးချုပ် ပြော
by -
မဇ္ဈိမ
အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိရန် အသက်မွေးသင်တန်းများကို ကောလိပ်တစ်ခုအနေဖြင့် ဖွင့်လှစ်ပေးသွားမည်ဟု သြဂုတ်လ ၂၀  ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ရှမ်းစုရပ်ကွက်၊ အာသောက ရာမရန်ကုန်ကျောင်းတိုက်တွင် ကျင်းပသည့် စုစေတနာ(အခမဲ့)အပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနား၌ မွန်ပြည်နယ်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားခဲ့သည်။

"ဒီသင်တန်းတွေကို ကောလိပ်တစ်ခု အနေနဲ့ မဖွင့်လှစ်ခင် အခြေခံသင်တန်းတွေကို (၃)လတစ်ကြိမ် သင်တန်းတွေ ပေးနိုင်အောင် စီစဉ်ပေးထားတယ်၊  သင်တန်းဆင်းတဲ့ သူတွေကိုလည်း အလုပ်အကိုင် အခွင့်အလမ်းတွေရရှိအောင်ကူညီဆောင်ရွက်ပေးသွားမယ်"ဟု ဒေါက်တာအေးဇံက ပြောသည်။

ယခုအစိုးရသစ်လက်ထက်၌  ပြည်သူလူထု စားဝတ်နေရေးနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြောင်း အလဲများဖြစ်ပေါ်လာအောင်ဆောင်ရွက်ပေးနေသည့် အပ်ချုပ်သင်တန်း၊ အလှပြင်သင်တန်းအပြင် အခြားအသက် မွေးဝမ်းကျောင်း အခြေခံသင်တန်းများကို ကောလိပ်တစ်ခုကဲ့သို့ ဖွင့်လှစ်ပေးနိုင်ရန် မြေနေရာများ စီစဉ်ဆောင်ရွက်ထားကြောင်း ၀န်ကြီးချုပ်ဒေါက်တာအေးဇံက ပြောဆိုသည်။

ပထမဆုံးအကြိမ် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ လူကုန်ကူးမှု ကာကွယ်ရေး တို့အပြင် အမျိုးသမီးတွေရဲ့ ဘဝမြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး NLD ပညာရေးကွန်ရက် (ဗဟို)နဲ့ Korea & Myanmar Social Enterprise တို့ ချိတ်ဆက်၍ စုစေတနာ(အခမဲ့) အပ်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ပမထဆုံးအကြိမ်ဖွင့်လှစ်ခဲ့သည့် စုစေတနာ(အခမဲ့)အပ်ချုပ်သင်တန်း၌ တက်ရောက်သင်ကြားမည့် သင်တန်းသားများကို Online များမှ တစ်ဆင့် လျှောက်ထားသော သင်တန်းသူ(၃၁) ဦးကို ရွေးချယ်ခဲ့ပြီး အခြေခံအပ်ချုပ် ပညာရပ်များကို သင်ကြားပို့သွားမည်ဖြစ်ပြီး သင်တန်းအတွင်း ထူးချွန်သည့် သက်တန်းသူများ ပြန်လည်ရွေးချယ်ကာ အဆင့်မြင့်သင်တန်းများ၊ ဒီဇိုင်းနာသင်တန်းများပါ ဆက်လက်သင်ကြားပေးမည်ဖြစ်ကြောင်း ယင်းသင်တန်းအဖွဲ့ထံမှ သိရသည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...