ချီဖွေမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို KIA မှစောင့်ကြိုတိုက်ခိုက်

ချီဖွေမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို KIA မှစောင့်ကြိုတိုက်ခိုက်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ဘက်ကို အင်အား (၁၂၀) လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မန်ဒေါင်ကျေးရွာ ရောက်ခါနီး ဆနီခူး ကျေးရွာ အကျော်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

"မနေ့က တက်လာတဲ့ အင်အား ၁၂၀ ကျော်ပါစစ်ကောင်စီ စစ်ကြောင်းကို ဒီမနက် ၇ နာရီမှာ တပ်မဟာ ၁ လက်အောက် တပ်ရင်း ၄ နဲ့ တပ်ရင်း ၂၂ တွေပေါင်းပြီး ဆနီခူး အကျော်နားမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်။ ရန်သူဘက်က ထိခိုက်ကျဆုံးမှုတော့များမယ်" လို့ KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ဦးက မြစ်ကြီးနားသတင်း ဂျာနယ်ကို ပြောပါ တယ်။

တိုက်ပွဲဖြစ်ပွားသံတွေနဲ့ စစ်ကာင်စီစစ်ကြောင်း ရှိတယ်ဆိုတဲ့ သတင်းတွေ ကြားရတာကြောင့် ကျေးရွာအပြင်ဘက် မထွက်ရဲတဲ့အပြင် တောင်ယာခင်းလည်း မသွားရဲဘူးလို့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ (၃) မိုင်လောက်ပဲ ဝေးတဲ့ မန်ဒေါင်ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးကလည်း အခုလိုပြောပါတယ်။

"ဒီမနက် ၆ နာရီဝန်းကျင်လောက် မှာတော့ ကြားလိုက်တယ်။ ဘယ်လောက်ထိ ဘယ်လိုဖြစ်တယ်ဆိုတာတော့ မပြောတတ်ဘူး။ ရွာသားတွေလဲ စစ်ကြောင်းလာတယ်ဆိုတဲ့ သတင်းကြားရတော့ ရွာပြင်တောင်မထွက်တော့ဘူး။ တချို့တွေဆို တောင်ယာတောင်မသွားတော့ဘူး” ပြောပါတယ်။

အဲဒီ စစ်ကောင်စီ စစ်ကြောင်းဟာ စက်တင်ဘာလ (၆) ရက်နေ့ မနက်ပိုင်း (၇) နာရီလောက်က ဝါးရှောင်ကျေးရွာအထက် (၁၃) မိုင် စုပေါင်းဂိတ်ကနေ ချီဖွေမြို့နယ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးလာတာဖြစ်ပြီး ခန့်မှန်းခြေအရ ခလရ (၁၄၂) နဲ့ ခမရ (၃၁၉) တို့ ဖြစ်နိုင်ပြီးတော့ အင်အား ၁၂၀ ခန့်ပါဝင်တယ်လို့ KIA နဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...