ဧရာဝတီတိုင်း မအူပင်တွင် ဒေသခံ ၁၉ ဦးကို PDF ဆိုကာ ဖမ်းဆီး

ဧရာဝတီတိုင်း မအူပင်တွင် ဒေသခံ ၁၉ ဦးကို PDF ဆိုကာ ဖမ်းဆီး
ဧရာဝတီတိုင်း မအူပင်တွင် ဒေသခံ ၁၉ ဦးကို PDF ဆိုကာ ဖမ်းဆီး
ဧရာဝတီတိုင်း မအူပင်တွင် ဒေသခံ ၁၉ ဦးကို PDF ဆိုကာ ဖမ်းဆီး

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် နှင့် မအူပင်မြို့ နယ်က ဒေသခံ ၁၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့က PDF များ ဟု စွပ်စွဲကာ ဖမ်းဆီးထားသည် ဟု သိရသည်။

ဖျာပုံမြို့နယ်က ဒေသခံ ၁၄ ဦးနှင့် မအူပင်မြို့ နယ်က ဒေသခံ ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဝက်ဆိုက်စာမျက်နှာတွင် စက်တင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးခံထားရသူကို ဓါတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ “သတင်းထုတ်ပြန်ချက်ထဲမှာ အများစုက PDF မဟုတ်ဘူး။ မသက်ဆိုင်တဲ့ သူတွေကိုပါ ရမ်းသမ်း စွပ်စွဲဖမ်းဆီးထားတယ်” ဟု ဒေ သခံမြို့ပြ ပြောက်ကျားတပ်ဖွဲ့ တစ်ဦး က ပြောသည်။

အလားတူ စစ်ကောင်စီတပ်၏ ထုတ်ပြန်ချက်ထဲတွင် ဖျာပုံမြို့နယ်ထဲက ဒေသခံအမျိုးသား တစ်ဦးကိုလည်း သေ ဆုံးနေသည့် ပုံစံမျိုး သတင်းဓာတ်ပုံ အသုံးပြုထားသည်ကို တွေ့ရှိရသည်။

ပြီးခဲ့သည့် သြဂုတ်လတွင်လည်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ဧရာဝတီတိုင်း စစ်ဒေသကွပ်ကဲ ရေး အဖွဲ့အား ဖွဲ့စည်းလိုက်သည့် သတင်း ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီက တိုင်းဒေသကြီးအတွင်းက မြို့ နယ် တိုင်းတွင် လုံခြုံရေးများ ပိုမိုတင်းကြပ်လာသည်ဟု ဒေသခံများက ပြောသည်။

“မြို့ဝင်ထွက်တွေ ဧည့်စာရင်းတွေနဲ့ ပိုက်စိပ်တိုက် စစ်ကြတယ်။ ဒလန် သတင်းပေးတွေ ပျူစောထီးတွေ နဲ့ ခြေ ရှုပ်နေကြတယ်” ဟု ဖျာပုံဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ ဝက်ဆိုက်စာမျက်တွင် စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ချက်ထဲတွင် ဖျာပုံနှင့် မအူပင် မြို့နယ်တို့တွင် ဖမ်းဆီးရမိသူများထံမှ လက်နက်/ခဲယမ်းများလည်း ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။

ဖမ်းဆီးရမိထားသူများကို တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပြီး PDF များနှင့် ပတ်သက်၍ သတင်းအချက်အလက်ပေးသူများ၊ ဖမ်းဆီးပေးသူများကိုလည်း ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြင့်ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထို့အပြင် ဧရာဝတီတိုင်းအတွင်းက မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်အချို့မှာ စက်တင်ဘာလဆန်း ရက်ပိုင်းက ရန် ကုန်တိုင်း၊ အလုံမြို့နယ်အတွင်း ပစ်ခတ် ဖမ်းဆီးခံရသည်များလည်း ရှိခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်များထံ မှ သိရသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...