တောင်ကုတ်က ဆရာဝန်တစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

တောင်ကုတ်က ဆရာဝန်တစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး
မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ဒေါက်တာကျော်သူရသည် မိသားစုနှင့်အဆက်အသွယ်မရသေးပေ။ ဓာတ်ပုံ-ပေးပို့
မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ဒေါက်တာကျော်သူရသည် မိသားစုနှင့်အဆက်အသွယ်မရသေးပေ။ ဓာတ်ပုံ-ပေးပို့

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ချောင်းကောက်ရပ်ကွက်တွင်နေထိုင်သည့် ဆရာဝန်တစ်ဦးကို စက်တင်ဘာလ ၆ ရက်နေ့တွင် မြန်မာစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဒေါက်တာ ကျော်သူရသည် ဇနီးဖြစ်သူ သူနာပြုအား ဆေးရုံသို့ ပို့ဆောင်ပြီးပြန်လာစဉ် တောင်ကုတ်မြို့၊ တပ်ရှောင်လမ်းတွင် အရပ်ဝတ်ဖြင့် လူခြောက်ဦးက ခမရ ၅၄၄ တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်တစ်ဦးကပြောသည်။

"ဖမ်းသွားတဲ့လူတွေကတော့ အရပ်ဝတ်နဲ့ဖြစ်တယ်။ နှာခေါင်းစည်းတွေ စည်းထားတယ်။ စစ်တပ်ကလို့ ပြောလို့ရတာက သူတို့ အရပ်ဝတ် ဝတ်ထားပေမယ့် ဆံပင်ပုံစံကြည့်ပြီး စစ်တပ်ကလို့ ပြောတာဖြစ်တယ်။ ဆရာကိုဖမ်းသွားတဲ့အချိန်မှာ ကျနော်က နောက်က ဆိုင်ကယ်နဲ့လိုက်လာတယ်။ ပြီးတော့ ဆရာ့ကားပေါ်ကို အဲဒီလူ ၆ ယောက်ကတက်ပြီး ၅၄၄ တပ်ရင်းထဲကို ဆရာ့ကား နဲ့အတူ ဆရာ့ကိုပါခေါ်သွားတယ်"ဟု သူကဆိုသည်။

ဖမ်းဆီးခံရသည့် ဒေါက်တာ ကျော်သူရမှာ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှဖြစ်ပြီး တောင်ကုတ်မြို့တွင် ဇနီးနှင့်အတူနေထိုင်နေသည်မှာ ၇ နှစ်ကြာမြင့်နေပြီဖြစ်သည်။ ၎င်းသည် အစိုးရဝန်ထမ်းမလုပ်ဘဲ မိမိနေအိမ်တွင် ကိုယ်ပိုင်ဆေးခန်းဖွင့်ကာ ဆေးကုသနေသူဖြစ်သည်။

"ဖမ်းခေါ်သွားတဲ့အချိန်ကထဲက အခုအချိန်ထိတော့ အဆက်အသွယ် မရသေးဘူး။ ကျနော်တို့ အရမ်းစိုးရိမ်နေကြတယ်။ သူ့မှာ ဘာအပြစ်မှမရှိဘူး။ အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုချင်တယ်”ဟု ၎င်းကဆိုသည်။

၎င်းကို မည်သည့်အတွက်ကြောင့်ဖမ်းဆီးသွားသည်ကို လက်ရှိအချိန်ထိ မသိရသေးပေ။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...