မြောက်ဦးတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် ဒေသခံများစိုးရိမ်မှုမြင့်တက်နေ

မြောက်ဦးတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် ဒေသခံများစိုးရိမ်မှုမြင့်တက်နေ

ရခိုင်ပြည်၊ မြောက်ဦးမြို့ နန်းတော်ရာကုန်းအရှေ့ဘက် လွမ်းတောင်နှင့် ဆေးရုံဟောင်းအနီး ဝရစ်တောကွင်းတွင် ယနေ့နံနက် ၁၀ နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဒေသခံများမှာ စိုးရိမ်မှုမြင့်တက်လျက်ရှိနေကြသည်။

ထိုပေါက်ကွဲမှုကြောင့် ဝရစ်တောအနီးတွင်ရောင်းချနေသည့် ငါးဈေးသည်၊ ဟင်းဈေးသည်၊ ထမင်းဆိုင်များကို ပိတ်သိမ်းလိုက်ကြသည်ဟု နန်းတော်ရာကုန်းတွင် ဈေးဆိုင်ရောင်းချသူတစ်ဦးကပြောသည်။

“ပေါက်ကွဲသံ အကျယ်ကြီးကြားလိုက်တယ်။ ဘယ်ဟာလည်း ဆိုတာတော့ မသိဘူး။ ကျမတို့စိုးရိမ်ပြီးတော့ ဆိုင်တွေအကုန်လုံးပိတ်ထားခဲ့ပါတယ်။ တခြားဈေးဆိုင်တွေလည်း ပိတ်နေကြပြီ။ ဒီအတိုင်းဆိုရင် ကျမတို့လုပ်စားလို့ရတော့မှာ မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယင်းအနီးပတ်ဝန်းကျင်တွင် မြန်မာစစ် တပ်တပ်ဖွဲ့ဝင်များက လှုပ်ရှားမှုများရှိနေသည်ဟုလည်း မြောက်ဦးမြို့ခံတစ်ဦးကပြောသည်။

“မနက် ၁၀ နာရီလောက်မှာ ပေါက်ကွဲသံကြားတယ်။ အရင် အ.ထ.ကကျောင်း၊ လွမ်းတောင်အနီး၊ ဝရစ်တော ကောက်ကွေ့နားမှာ ပေါက်တာပါ။ ဘယ်လိုလက်နက်အမျိုးအစားတော့ မသိဘူး။ ကျနော်သွားကြည့်လိုက်တော့ တစ်ထွာပတ်လည်ရှိတဲ့ ချိုင့်တစ်ခုဖြစ်သွားပါတယ်။ အဲဒီအနီးမှာရောင်းချနေတဲ့ ဈေးသည်တွေ ကြောက်လန့်သွားပြီး အကုန်လုံးထွက်ပြေးသွားကြတယ်။ ဈေးဆိုင်တွေကိုလည်း ပိတ်လိုက်ကြတယ်။ အားလုံးက စိုးရိမ်စိတ်တွေဖြစ်နေကြပါတယ်။ ဘယ်အချိန် လက်နက်တွေကျလာမလည်းဆိုပြီးတော့ ကြောက်နေကြပါတယ်”ဟု ဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့က မြောက်ဦးမြို့မဈေးအတွင်း မြန်မာစစ်တပ်က မိုင်းရှင်းလင်းမည်ဟုဆိုကာ ဈေးဆိုင်များကို ပိတ်ခိုင်းခဲ့သည်။ ယခု ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာမှာ မြောက်ဦးမြို့မဈေးကြီးနှင့် ၁ ဖာလုံကျော် ကွာဝေးသည်ဟုသိရသည်။

လက်ရှိ မြောက်ဦးမြို့ တောင်ရပ်ရပ်ကွက်၊ ကံလှ၊ ကုန်သည်တန်းရပ်ကွက်တို့တွင် မြန်မာစစ်တပ်က နေရာယူထားကြသည်ဟုလည်း သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...