ပေါင်ရဲစခန်း တိုက်ခိုက်ခံရ

ပေါင်ရဲစခန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့၊ မြို့မရဲစခန်းကို ဗုံး၊ သေနတ်များဖြင့် တိုက်ခိုက်ခံလိုက်ရသည်ဟု မြို့ခံအချို့၏ ပြောပြချက်အရ သိရသည်။

ပေါင်မြို့ ရဲစခန်းကို စက်တင်ဘာ ၃ ရက်နေ့ ညနေ ၆ နာရီ‌အချိန်ခန့်က အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

”ရဲစခန်းဘက်မှာ ညနေ ၆ နာရီ ကျော်ကျော်လောက်မှာ ဗုံးပေါက်သံ ကြားရတယ်။ အကျယ်ကြီးပဲ။ ပြီးတော့မှ သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ ၁၀ ချက်လောက်ရှိမယ် ပစ်နေတာ။ ထိတာ ရှိ မရှိတော့ မသိဘူး” ဟု  မြို့ခံတစ်ဦးက ပြောသည်။

ပေါင်မြို့ရဲစခန်း လောင်ချာဗုံးဟု ယူဆရသည့် လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းဘက်က လည်း လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ ရဲစခန်းတိုက်ခိုက်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်သေဆုံးမှု ရှိ မရှိဆိုသည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

မြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေး တင်းကြပ်ထားသည့်အပြင် ရှာဖွေစစ်ဆေး မှုများလည်း လုပ်ဆောင်နေသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့ကလည်း ခေါဇာမြို့ရဲစခန်းကို ဒေသတွင်းလှုပ်ရှားနေသည့် တော် လှန်ရေး အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့အပြင် မွန်ပြည်နယ်အတွင်းရှိ ရေးမြို့မရဲစခန်း၊ သံဖြူဇရပ်မြို့မရဲစခန်း၊ ဘီးလင်းမြို့မရဲစခန်း အစရှိသည့် ရဲစခန်းတို့ကို ဒေသတွင်းရှိ တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

July 17, 2026
ရခိုင်ပြည်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် စစ်ရေးအရ အထိနာနေသည့် စစ်တပ်သည် အရပ်သားပြည်သူများ...
July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...
July 16, 2026
မန္တလေးမြို့၊ အိုးဘိုဗဟိုအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ရိုက်...