AA သိမ်းယူသွားသော နယ်စပ်တပ်စခန်းကို ပြန်လည်သိမ်းပိုက်ရရှိရန်စစ်ကောင်စီဆောင်ရွက်နေဟုဆို

AA သိမ်းယူသွားသော နယ်စပ်တပ်စခန်းကို ပြန်လည်သိမ်းပိုက်ရရှိရန်စစ်ကောင်စီဆောင်ရွက်နေဟုဆို

ရက္ခိုင့်တပ်တော် (AA) တိုက်ခိုက်သိမ်းပိုက်သွားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ တပ်စခန်းအား ပြန်လည်သိမ်းပိုက်ရယူနိုင်ရေးအတွက် လိုအပ်သည်များဆောင်ရွက်နေသည်ဟု စစ်ကောင်စီက ထုတ်ဖော်ပြောဆိုသည်။

ယနေ့ စက်တင်ဘာ ၂ ရက်ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် “အဆိုပါစခန်းကို ပြန်လည်သိမ်းပိုက်ရရှိရေး စစ်ကူ၊ ပစ်ကူရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိသည်”ဟု ဖော်ပြထားသည်။

နှစ်နိုင်ငံနယ်ခြားမှတ်တိုင် အမှတ် ဘီပီ-၄ဝ ရှိ အင်အားအနည်းငယ်သာရှိသော နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းအား သြဂုတ်လ ၃၁ ရက် နံနက်ပိုင်းတွင် AA အဖွဲ့က သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် စခန်းအား လက်လွတ်ဆုံးရှုံးခဲ့ရကာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

AA  က ဩဂုတ် ၃၁ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ရာတွင် မိုင်တိုင် (၄၀) နယ်ခြားစောင့် စခန်းကိုတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး အလောင်း ၁၉ လောင်းနှင့် အရှင်တစ်ဦး၊ လက်နက်ခဲယမ်း မီးကျောက်အများအပြားကိုသိမ်းဆည်းရမိကြောင်း၊  AA ဘက်ကလည်း အထိအခိုက်၊ အကျအဆုံး တချို့ရှိခဲ့သည်ဟု AA ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်းအပြင် ယခုစခန်းကို တိုက်ခိုက် သိမ်းပိုက်မှုသည် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်က တိုက်ပွဲ ဖြစ်ပွားမှုမရှိခဲ့ဘဲ မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာသို့ စစ်တပ်က လက်နက်ကြီးများ ပစ်ခဲ့မှုကြောင့် ၅ နှစ်အရွယ်ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ရပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်ရပ်အပေါ် လက်တုံ့ ပြန်သည့်အနေဖြင့် ယခုကဲ့သို့ နယ်ခြားစောင့်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ တပ်စခန်းသိမ်းပိုက်ခံလိုက်ရသည့်အတွက် စစ်တပ်က ယမန်နေ့ စက်တင်ဘာလ ၁ ရက် နေ့လယ်ပိုင်းကလည်း ယင်းတပ်စခန်းအနီးတဝိုက်ကို ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လာရောက် ပစ်ခတ်မှုမျာ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...