မွန်ကာကွယ်ရေး တပ် (တောင်ပိုင်း) က ပထမဆုံး လက်နက်ကိုင် လှုပ်ရှားမှု အနေဖြင့် ရဲစခန်းကို တိုက်

မွန်ကာကွယ်ရေး တပ် (တောင်ပိုင်း) က ပထမဆုံး လက်နက်ကိုင် လှုပ်ရှားမှု အနေဖြင့် ရဲစခန်းကို တိုက်

မွန်ပြည်ကာကွယ်ရေး တပ် (တောင်ပိုင်း) က ပထမဆုံး စစ်ရေး လှုပ်ရှားမှု အနေဖြင့် ရေးမြို့နယ်အတွင်းရှိ ရဲစခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ရဲစခန်းကို စက်တင်ဘာ ၁ ရက်နေ့ (ယနေ့) ၊ နံနက် ၆ နာရီအချိန်ခန့်က ဝင်ရောက်တိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း) က ထုတ်ပြန်ထားသည်။

”ပစ်ခတ်မှုဖြစ်ထားတော့ စစ်ဆေးတာတွေရှိနေတယ်၊ လူတွေလည်း အသွားအလာ သိပ်မရှိဘူး၊ ခေါဇာဘက်မှာ ပစ်ခတ်မှုတွေ မကြာခနဖြစ်ပွားနေတယ်” မြို့ခံတစ်ဦးက ပြောသည်။

မွန်ပြည်ကာကွယ်ရေးတပ်က ရဲစခန်းတိုက်ခိုက်မှုအတွင်း ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဘက် ထိခိုက်သေဆုံးမှုရှိသည်ဟု ထုတ်ပြန်ထားသည်။

"ကနဦး သတင်းများအရ ရဲများ အသေအပျောက်ထိခိုက် ဒဏ်ရာများရရှိသည်ဟု သိရသော်လည်း အရေအတွက် အတိအကျကို စုံစမ်းဆဲ” ဟု မွန်ပြည် ကာကွယ်ရေးတပ်က ထုတ်ပြန် ပြောဆိုထားသည်။

ယခု တိုက်ခိုက်မှုကို ဆင်ဖြူစစ်ဆင်ရေးဟု အမည်ပေးထားသည်။ မွန်ပြည်သူ အများစု နေထိုင်ရာ ခေါဇာမြို့တွင် အခြေချထားသည့် ရဲစခန်းနှင့် ခလရ တပ်ရင်း (၃၁) တို့သည် ရေး တောင်ပိုင်းဒေသအတွင်း မွန်လူငယ်များအကြား မြင်းဆေး (ရာမ) အပါအဝင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရာတွင် အဓိ က အားပေးဆောင်ရွက်နေကြပြီး ထိုလုပ်ငန်းမှ ဝင်ငွေ ရှာဖွေနေသည်ဟုလည်း မွန်ပြည်ကာကွယ်ရေးတပ်က ပြောဆိုထားသည်။

မွန်ပြည် ကာကွယ်ရေးတပ် (တောင်ပိုင်း) သည် မွန်လူမျိုးများနှင့် မွန်ပြည်နယ်အတွင်းရှိ ပြည်သူများဖြင့် ဖွဲ့စည်း ထားသည့် ကာကွယ်ရေးတပ်ဖြစ်ပြီး စစ်အာဏာရှင် ပြုတ်ကျသည် အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဓိဌာန်ချထားကြောင်းလည်း မွန်ပြည်ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...