ရသေ့တောင်တွင် ရိက္ခာဆင်းယူသည့် စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရ၍ စကစတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး၊ ယမန်နေ့ညက တိုက်ပွဲယနေ့နံနက်ဆက်ဖြစ်

ရသေ့တောင်တွင် ရိက္ခာဆင်းယူသည့် စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရ၍ စကစတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး၊ ယမန်နေ့ညက တိုက်ပွဲယနေ့နံနက်ဆက်ဖြစ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်းတွင် ယမန်နေ့ညနေက ရိက္ခာဆင်းယူသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က ခြုံခိုတိုက်ခိုက်သဖြင့် စစ်သား ၄ ဦး သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

“ မနေ့က မညင်းတောင်စခန်းကနေ ကုလားချောင်းကို ရိက္ခာဆင်းယူတဲ့ စစ်ကြောင်းကို အေအေက ခြုံခိုတိုက်ခိုက်တာဖြစ်ပါတယ်။ စစ်သား ၄ ဦးကျသွားတယ်လို့  သိရ ပါတယ်။ အေအေဘက်က ကျဆုံးတာမရှိပါဘူး”ဟု အေအေနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ရိက္ခာများကို ဇက်ရေယာဉ်ဖြင့် စစ်တွေမှ ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကုလားချောင်းကျေးရွာတို့ မေယုမြစ်အတိုင်း သယ်ယူပြီး၊ ကုလားချောင်းကျေးရွာမှ တစ်ဆင့် မညင်းတောင်စခန်းကို စစ်သားများက သယ်ယူကာ ၎င်းမှ တစ်ဆင့် ငစံဘော်ချောင်းကို ဖြတ်ကာ ရေစိုးချောင်း ဗျူဟာကို ပို့ဆောင်လေ့ရှိသည်ဟု သိရသည်။

“ ဇက်သင်္ဘောကရိက္ခာကို သူတို့ ဆင်းယူတဲ့ အချိန်မှာ ခြုံခိုပြီးတိုက်တာ။ မနေ့က ဇက်ရေယာဉ် လာတာရှိတယ်။ အေအေကကြားဖြတ်တိုက်သွားတာပါ။ တိုက်ပွဲကတော့ တစ်နာရီလောက်ဘဲ ကြာပါတယ်။ ဒါပေမယ့် လက်နက်ကြီးတွေ ပစ်တာကတော့ အချိန်တော်တော်ကြာတယ်” ဟု ပြောသည်။

အဆိုပါ စစ်သား ၄ ဦး ကျဆုံးသွားမှုနှင့် ပတ်သက်ပြီး အေအေဘက်ကရော စစ်ကောင်စီဘက်ကပါ တစ်စုံတစ်ရာ ထုတ်ပြန်ကြားခြင်းမရှိသေးသလို ဆက်သွယ်မေးမြန်း၍လည်း မရသဖြင့် သီးခြားအတည်ပြုချက်  ရယူနိုင်ခြင်း မရှိသေးပါ။

ယမန်နေ့က တိုက်ပွဲမှာ ၆ နာရီခွဲခန့်မှ  ညနေ ၇ နာရီကျော်ထိ ဖြစ်ပွားခဲ့ပြီး ၁ နာရီခန့် ကြာဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်သံများကိုလည်း အဆက်မပြတ် ကြားခဲ့ရသည်ဟု ဆိုသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲသည် ယနေ့ နံနက် ၇ နာရီခွဲခန့်ကလည်း ဆက်လက် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို ကြားခဲ့ရကာ နာရီဝက်ခန့်ကြားခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီရဟတ်ယာဉ်များ ဝဲပျံနေသည်ကို မြင်တွေ့ရသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...