ထိုင်းတွင် ဂတ်စ်ဓာတ်ငွေ့အားဖြည့်စက်ရုံ ပေါက်ကွဲမှုကြောင့် မြန်မာလုပ်သား ၅ ဦး ဒဏ်ရာရ

ထိုင်းတွင် ဂတ်စ်ဓာတ်ငွေ့အားဖြည့်စက်ရုံ ပေါက်ကွဲမှုကြောင့် မြန်မာလုပ်သား ၅ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့အနီးက စမွတ်ပကန်မြို့ စွယ်ဝပ်ဘိုရိုလမ်းတွင် သြဂုတ်လ ၂၉ ရက် ည ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် ဂတ်စ်ဓာတ်ငွေ့အားဖြည့်စက်ရုံ မီးလောင်ပေါက်ကွဲမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား (၅)ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်း-မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ယမန်နေ့ညက စမွတ်ပကန်နယ်မြေရှိ ဂတ်စ်ဓာတ်ငွေ့အားဖြည့် စက်ရုံတွင် လုပ်သားများအိပ်ပျော်နေစဉ် ဂတ်စ်ပိုက်လိုင်းယိုစိမ့်ရာမှ မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများအရေးကူညီဆောင်ရွက်ရေးအဖွဲ့ (LPN-Myanmar) တာဝန်ရှိသူကပြောသည်။

“မြန်မာစက်ရုံလုပ်သားတွေလှမ်းပြီး အကူအညီတောင်းတာ။ အလုပ်ချိန်ပြီးလို့ ညနက်အိပ်ချိန်မှာ ဂတ်စ်လိုင်းပေါက်ပြီး မီးလောင်ပေါက်ကွဲသွားတယ်လို့ လုပ်သားတစ်ဦးကလှမ်းပြောတယ်။ ကျနော်တို့သွားကြည့်တော့ စက်ရုံက တော်တော်လေးကိုမီးလောင်နေပြီ”ဟု LPN-Myanmar အဖွဲ့ တာဝန်ရှိသူကပြောသည်။

ထိုမီးလောင်ပေါက်ကွဲမှုကို မိနစ် (၃၀) ကြာ ငြိမ်းသတ်ခဲ့ပြီးနောက် စက်ရုံအတွင်းလုပ်ကိုင်နေသူ မြန်မာလုပ်သား (၃၁) ဦးမှ (၅) ဦး မီးလောင်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကာ အရေးပေါ်ကုသရန် ဘန်ကောက်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း LPN-Myanmar အဖွဲ့ထံမှ သိရသည်။

“စက်ရုံလုပ်သား ၃၁ ယောက်ရှိတယ်။ အဲဒီထဲက မီးလောင်ပေါက်ကွဲတဲ့နေရာနဲ့နီးတဲ့ငါးဦးက မီးလောင်ဒဏ်ရာရတယ်။ တစ်ယောက်ကတော့ တကိုယ်လုံးနီးပါးမီးလောင်ဒဏ်ရာရပြီးတော့ ဒဏ်ရာပြင်းထန်တယ်။ ဘန်ကောက်ဆေးရုံကိုပို့ထားပါတယ်” ဟု LPN-Myanmar အဖွဲ့တာဝန်ရှိသူက ဆက်၍ပြောသည်။

အဆိုပါစက်ရုံတွင်လုပ်ကိုင်နေသည့် မြန်မာလုပ်သားတစ်ဦးကလည်း “ညနေပိုင်း ၅ နာရီနောက်ပိုင်း အလုပ်ရပ်နားကြပြီးတော့ အခန်းတွင်း ကိုယ်စီအိပ်ပျော်နေစဉ် ဂက်စ်ညှော်နံ့တွေနဲ့ ပေါက်ကွဲသံတွေကြားရလို့ ကြည့်တော့ စက်ရုံကမီးလောင်နေပြီ။ အခန်းပြတင်းပေါက် မှန်တံခါးလည်းထိမှန်တယ်။ ပြီးတော့ မီးစတွေလွင့်ထွက်လာလို့ အကုန်ထွက်ပြေးရတယ်”ဟု စက်ရုံတွင်း လုပ်ကိုင်နေသူ မြန်မာလုပ်သားတစ်ဦးကပြောသည်။

မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဂတ်စ်ဓာတ်ငွေ့ထုတ်လုပ်ရေးစက်ရုံမှာ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ စမွန်ပကန်နယ်မြေတွင်ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကဖွင့်လှစ်ခဲ့ကာ မြန်မာရွှေ့ပြောင်းလုပ်သားများဖြင့် လည်ပတ်နေသော စက်ရုံတစ်ခုဖြစ်ကြောင်းသိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...