မွန်ပြည်သစ်နှင့် တပ်မတော်အကြား စစ်ရေးတင်းမာမှုအခြေအနေ လျော့ကျ

မွန်ပြည်သစ်နှင့် တပ်မတော်အကြား စစ်ရေးတင်းမာမှုအခြေအနေ လျော့ကျ
by -
ဇေယျာမော်
မွန်ပြည်သစ်ပါတီနှင့် တပ်မတော်အကြား စစ်ရေးတင်းမာမှု အခြေအနေမှာ လျော့ကျမှုများရှိနေပြီး အကောင်းဘက်သို့ ဦးတည်နေပြီ ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ မဟာမိတ်ဆက်ဆံရေးဌာနမှ နိုင်အောင်မငေးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"အခြေအနေက ကောင်းလာတယ်၊ ဒီနေ့မနက်မှာ တပ်ဘက်ကစဆုတ်နေပြီ၊ အခြေအနေအများကြီးကောင်းပါတယ်" ဟု နိုင်အောင်မငေးက ဆိုသည်။

မွန်အမျိုးသားတော်လှန်ရေးနေ့မတိုင်မီ မွန်ပြည်သစ်ဌာနချုပ်အနီးသို့ တပ်မတော်မှ စစ်ကြောင်းများ ရောက်ရှိလာပြီးနောက် တပ်မတော်နှင့်မွန်ပြည်သစ်ပါတီတို့အကြား စစ်ရေးတင်းမာမှုများရှိနေပြီးနောက် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုတစ်ခုကို ့ရေးမြို့အခြေစိုက် စကခ(၁၉) ဌာနချုပ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် တပ်မတော်ဘက်မှ ကစထ(၄)မှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင် ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်း၊ စကခ(၁၉)မှ ခေတ္တစကခမှူး ဗိုလ်မှူးကြီးစိုးထွန်းတို့တက်ရောက်ခဲ့ပြီး မွန်ပြည်သစ်ပါတီဘက်မှ ဒုဥက္ကဋ္ဌနိုင်ဟံသာ၊ အထွေထွေအတွင်းရေးမှူးနိုင်အောင်မင်း ၊စစ်ဦးစီးချုပ်လယီကောင်း၊ ပြည်တွင်းရေးရာ ဌာနတာဝန်ခံ နိုင်ဝင်းလှ၊ မဟာမိတ်ဆက်ဆံရေးဌာနက နိုင်အောင်မငေးတို့တက်ရောက်ဆွေးနွေးခဲ့သည်ဟု နိုင်အောင်မငေးကဆိုသည်။

အဆိုပါတွေ့ဆုံမှုတွင် တပ်မတော်မှ ကစထ(၄)မှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်က အဆိုပါ စစ်ရေးတင်းမာမှု အခြေအနေကို အရေးတယူဆောင်ရွက်ပေးမည်ဟု ကတိပေးပြောဆိုခဲ့ခြင်း ရှိခဲ့ပြီးနောက် ယခုကဲ့သို့ တပ်မတော်ဘက်မှ တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခြင်းဖြစ်သည်။

"NCA လမ်းကြောင်းအတိုင်းသွားမယ်။ အဲ့လိုသွားနေတဲ့အချိန်မှာ အပြန်အလှန်နားလည်မှုပေးနိုင်ဖို့ ၊ ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုတဲ့ ဆန္ဒနှစ်ဖက်စလုံးပြင်းပြဖို့လိုတယ်။ ခန်းမအတွင်းမှာ တင်မကဘူး မြေပြင်အနေအထားမှာလည်း ယုံကြည်မှုတည်ဆောက်ရမယ်" ဟု တပ်မတော်ခေါင်းဆောင်တွေနှင့်တွေ့ဆုံရာတွင် မွန်ပြည်သစ်ပါတီက ပြောဆိုခဲ့ကြောင်း နိုင်အောင်မငေးကဆိုသည်။

မွန်ပြည်သစ်ပါတီသည် အစိုးရနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို ပြီးခဲ့သည့် အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...