ခရု၊ ဂဏန်းနဲ့ ကြွက် ဖျက်လို့ စပါးစိုက်တောင်သူတွေ အခက်တွေ့

ခရု၊ ဂဏန်းနဲ့ ကြွက် ဖျက်လို့ စပါးစိုက်တောင်သူတွေ အခက်တွေ့

ကရင်နီပြည် နန်းမယ်ခုံမြို့နယ်က လယ်စပါးခင်းတွေကို ခရု၊ ဂဏန်းနဲ့ ကြွက်တွေဖျက်ဆီးတာကြောင့် လယ်စိုက်တောင်သူတွေ အခက်ကြုံနေကြရပါတယ်။

"စက်က ထွန်လိုက် ထယ်လိုက်လုပ်တာနဲ့ ခရုကထွက်ပြီကော။ ပျိုးစထောင်တာနဲ့ ကြွက်ကစားပြီ။ နောက် ပျိုးနှစ်လက်မ၊ သုံးလက်မတက်ပြီဆို ခရုစားပြီ။" လို့ ဒေသခံတောင်သူ အမျိုးသမီးတစ်ဦးကပြောပါတယ်။

ခရု၊ကြွက်တွေအပြင် ဂဏန်းကောင်တွေကလည်း စပါးပင်တွေကို ဖျက်ဆီးနေတာလည်းရှိတယ်လို့ တောင်သူတွေကဆိုပါတယ်။ တောင်သူတွေကတော့ ခရုဆေး၊ ကြွက်ဆေးတွေအသုံးပြု နှိမ်နင်းသလို  တချို့တွေကတော့ ခရုလိုက်ကောက်တဲ့ နည်းလမ်းတွေနဲ့  ဖြေရှင်းနေကြရတယ်လို့ သူကဆက်ပြောပါတယ်။

" အခက်အခဲတွေကတော့ မျိုးစုံပဲ၊ စားရပါ့မလား ဒီနှစ်တော့။ လယ်လုပ်တာ အရင်းကုန်တာမနည်းဘူး။ အခုအဲ့လိုဖြစ်တော့ ကိုယ်က ဘယ်လိုရင်ဆိုင်ရမလဲ တွေးနေရတယ်။ စားရမလား မစားရဘူး မသိဘူး"  လို့ ဒေသခံတောင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ယခုလို့ ဂရု၊ဂဏန်းနဲ့ ကြွက်တွေဖျက်တာကြောင့် ပျက်စီးသွားတဲ့ စပါးပင်တွေကို ပြန်ဖာထေးစိုက်ပျိုးရပြီး တချို့တောင်သူတွေကတော့ အစကနေ အကုန်ပြန်ထည့်စိုက်နေရတယ်လို့လည်း ဆိုပါတယ်။

အာဏာမသိမ်းခင်က လယ်စိုက်ဖို့ ဝယ်ရတဲ့ပျိုးပင်ဟာ အစည်း (၁၀၀) ကို ၂သောင်းကျပ်သာကျသင့်ပြီး ယခုချိန်မှာတော့  ပျိုးပင် အစည်း(၁၀၀)ကို ‌၆သောင်းကျပ် ထိ‌ဈေးမြင့်တက်လာတာဖြစ်ပါတယ်။

ခရု၊ဂဏန်းနဲ့ ကြွက် ဖျက်ခံရတဲ့ လယ်‌ဧကပေါင်း (၁၀၀၀)နီးပါး ရှိနေတယ် လို့ တောင်သူတွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။ 

Most read this week

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...