ကျိန္တလီ ဗုံးကြဲခံရမှု အရပ်သား ၉ ဦး ဒဏ်ရာရ

ကျိန္တလီ ဗုံးကြဲခံရမှု အရပ်သား ၉ ဦး ဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က အာဏာသိမ်းစစ်တပ်က လေကြောင်း ဗုံးကြဲမှုကြောင့် အရပ်သား ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၉ နာရီခန့်တွင် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ၁၀ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျိန္တလီမြို့ပေါ်ရှိ အမှတ် ၂ ရပ်ကွက်ကို ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သည့် ဦးညီငယ်(၃၉)နှစ်၊ ဒေါ်ပုမ(၆၅)နှစ်၊ ဒေါ်ခင်သက်(၃၂)နှစ်၊ ဦးဌေးလွင်(၄၅)နှစ်၊ ဒေါ်ခင်မိုး(၅၈)နှစ်၊ ဒေါ်ကြည်ကြည်(၄၀)နှစ်၊ ဦးမြင့်ဝင်းတင်(၆၂)နှစ်၊ ကိုပြည့်ဖြိုးအောင်(၃၃)နှစ်နှင့် မမေငယ်(၂၈)နှစ်တို့ ဖြစ်သည်။

အဆိုပါ ဗုံးကြဲမှုကြောင့် အမှတ် ၂ ရပ်ကွက်အတွင်းမှ လူနေအိမ် ၂ ဆောင်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ဒေသအတွင်းရှိ စစ်အုပ်စုထိန်းချုပ်ဆဲမြို့များဖြစ်သော စစ်တွေနှင့် ကျောက်ဖြူတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်က အာရက္ခတပ်တော်ထိန်းချုပ်ရာမြို့များအား လေကြောင်းစစ်ဆင်ရေးလုပ်ကာ အပြင်းအထန်တိုက်ခိုက်လာနေသည်။

ယင်းကဲ့သို့ တိုက်ခိုက်ရာတွင်လည်း စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေထိုင်ရာမြို့ရွာ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံစသည့် နေရာများအား လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးအလုံးရေအများအပြားကြဲချမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုမှာ လစဉ်မြင့်တက်နေသည်။

မေလ ၂၀ ရက်ကလည်း ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီးအောက်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးနှင့် သံဃာတစ်ပါး ဒဏ်ရာရရှိခဲ့သည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...