ကန်ပက်လက်မြို့ကို လေကြောင်းတိုက်ခိုက်

ကန်ပက်လက်မြို့ကို လေကြောင်းတိုက်ခိုက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နဲ့ ၂ မိုင် အကွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲတွေ  မေလ ၂၁ ရက်နေ့ကစလို့ အပြင်းအထန် ဖြစ်ပွားနေချိန် ကန်ပက်လက်မြို့ပေါ်ကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့ အနီးတိုက်ပွဲဖြစ်ပွားနေပြီး မေလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး စစ်ရှောင်ကြဖို့ အသိပေးတာတွေ ရှိလာနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်ရှောင်ကန်ပက်လက်ဒေသခံတစ်ဦးက “ ကျနော်တို့လည်း အများကြီးတော့ မသိဘူး။ ဆောနဲ့ ကန်ပက်လက်ကြားမှာတော့ တိုက်နေကြတုန်းလို့ သိရတယ်။ သတင်းတွေမှာက ကန်ပက်လက်မြို့နဲ့ ၂ မိုင်အကွာမှာ တိုက်ပွဲပြင်းထန်တယ်လို့တော့ တင်နေကြတာတွေ့ရတယ်။ ကျနော်တို့လည်း ဆွေမျိုးတွေနဲ့ အချိတ်ဆက်သိပ်မရသေးတော့ အခြေနေဘယ်လို ရှိလဲ အတိကျတော့ မသိဘူး” လို့ပြောပါတယ်။

ကန်ပက်လက်မြို့ပေါ်ကိုလည်း စစ်ကောင်စီက မေလ ၂၁ ရက်နေ့ကတည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့သလို  မေလ ၂၂  ရက်နေ့ မနက်ပိုင်း ၂ နာရီ ဝန်းကျင်လောက်ကလည်း တိုက်လေယာဉ် ၂ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ၄ ကြိမ် ရှိခဲ့ပြီဖြစ်တယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

မေလ ၁၇ ရက်နေ့ကစလို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ကန်ပက်လက်မြို့နဲ့ နှစ်မိုင်အကွာမှာ မေလ ၂၁ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး နောက်ထပ် ချင်းပြည်တောင်ပိုင်းက ဒေသဘက်ကို ဦးတည်လာတဲ့ အင်အား ၈၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းကလည်း ပေါက် ကပစ ၂၄ ကနေ ပုံတောင် တောင်ခြေက ကျောက်တံခါးရွာကို မနေ့ညနေပိုင်းလောက်ကဘဲ ဝင်ရောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...