ကင်းဆိပ်ရွာကို လက်နက်ကြီးကျပြီး အရပ်သားများသေဆုံးမှု စစ်တပ်က ရည်ရွယ်ရှိရှိပစ်ခတ်ခြင်းဟု AA ပြော

ကင်းဆိပ်ရွာကို လက်နက်ကြီးကျပြီး အရပ်သားများသေဆုံးမှု စစ်တပ်က ရည်ရွယ်ရှိရှိပစ်ခတ်ခြင်းဟု AA ပြော
ကင်းဆိပ်ကျေးရွာ အဝင်လမ်းကို တွေ့ရစဉ်။
ကင်းဆိပ်ကျေးရွာ အဝင်လမ်းကို တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာအတွင်း လက်နက်ကြီးကျ၍ အရပ်သားများသေဆုံးခဲ့ရခြင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြန်မာစစ်တပ်ဖက်က အရပ်သားများကိုပစ်မှတ်ထားပြီး ရည်ရွယ်ရှိရှိပစ်ခတ်သတ်ဖြတ်နေခြင်းဟု ရက္ခိုင့်တပ်တော် (AA) က ပြောဆိုသည်။

သြဂုတ်လ ၂၈ ရက် ညနေ့ပိုင်းက မြောက်ဦးအခြေစိုက် ခမရ ၃၇၇၊ ခမရ ၅၄၀ တပ်ရင်းတို့မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကင်းဆိပ်ကျေးရွာကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရက္ခိုင့်တပ်တော် (AA) ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “သူတို့ (မြန်မာစစ်တပ်) အနေနဲ့ အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့လုပ်တာဟာ အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တယ်။ အဲဒါကြောင့် မြန်မာစစ်တပ်က သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုအတွက် ထိုက်ထိုက်တန်တန် ပြန်ပြီးတော့ပေးဆပ်ရမှာဖြစ်တယ်”ဟု ပြောသည်။

ယမန်နေ့က ရက္ခိုင့်တပ်တော် (AA) ကအခြေပြုထားသည့်နေရာကို မြန်မာစစ်တပ်က ဝင်ရောက်လာသောကြောင့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအနီးတွင် တိုက်ပွဲအသေးစားဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်က အကြောင်းမဲ့လက်နက်ကြီး ၃၀ လုံးခန့် ပစ်ခတ်ခဲ့ကြောင်း ဦးခိုင်သုခကဆက်ပြောသည်။

“မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအနီးမှာ ကျနော်တို့အခြေပြုထားတဲ့နေရာထဲကို မြန်မာစစ်တပ်ကဝင်ရောက်လာတဲ့အတွက် ထိတွေ့မှု နည်းနည်းဖြစ်ခဲ့တာတွေရှိတယ်။ ကြီးကြီးမားမားတိုက်ပွဲဖြစ်ခဲ့တာမရှိဘူး”ဟု ၎င်းကဆိုသည်။

ကင်းဆိပ်ကျေးရွာသားများမှာ မြောက်ဦးမြို့ပေါ်ရှိ ဆွေမျိုးများနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“အခု ကျနော်တို့ရွာသားတွေက ရွာမှာမနေရဲတော့ဘူး။ မြို့ပေါ်ဆွေမျိုးအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတယ်။ ကျနော်လည်း ဘုန်းကြီးကျောင်းမှာရောက်နေတာ”ဟု ကင်းဆိပ်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ကင်းဆိပ်ကျေးရွာဖြစ်စဉ်မှာ ပြည်သူများနေသည့် ရပ်ရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ကာ ပြည်သူများကို ဓားစာခံသဖွယ်ပြုလုပ်နေသည့်အတွက် ထိခိုက်ဒဏ်ရာများရရှိခြင်းနှင့် သေဆုံးမှုများရှိသည့်အတွက် ရက္ခိုင့်ပြည်ကျောင်းသားသမဂ္ဂမှ ပြင်းထန်စွာရှုံ့ချကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြောက်ဦးမြို့နယ်အတွင်းမှ လက္ကာ၊ ဘူးရွက်မညိုး၊ ဘုရားကြီး၊ ပေါက်တောပြင်၊ ဝေသာလီနှင့် အောက်သကန် စသည့်ကျေးရွာ ၆ ရွာမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...