ဗန်းမောက်မြို့မှာ စက်သုံးဆီစျေးကြီးမြင့်မှုကြောင့် ရွှေတူးဖော်မှုတွေရပ်နားထား

ဗန်းမောက်မြို့မှာ စက်သုံးဆီစျေးကြီးမြင့်မှုကြောင့် ရွှေတူးဖော်မှုတွေရပ်နားထား

ဗန်းမောက်မြို့နယ်အတွင်းမှာရှိတဲ့ ကုမ္ပဏီလုပ်ကွက်ကြီးတွေ နဲ့ တစ်နိုင်တစ်ပိုင် ရွှေတူး ဖော်မှု လုပ်ငန်းတွေက ကြီးမြင့်လာတဲ့ စက်သုံးဆီစျေးကြောင့် ရပ်နားထားရတယ်လို့ ရွှေမျှောလုပ်ငန်းရှင်တွေ ဆီကနေ သိရပါတယ်။

“ နားနေကြတာများတယ် ။ တချို့လုပ်နေကြတစ်ဦးနှစ်ဦးတော့ရှိတယ်။ အဲ့တာကလည်း အကွက် ကိုပြတ်သွားအောင်လို့ပဲ လုပ်နေတာ။ ပျက်သွားရင်သိမ်းပြန်တော့မလို့တဲ့ ။

အခုဆိုဒီနားက ချောင်းရေ တောင်ကြည်လို့နေပြီ။ အမြဲနောက်နေတဲ့ဟာက” လို့ ရွှေတူးဖော်နေသူ တစ်ဦးကပြောပြပါတယ်။

ဗန်းမောက်မြို့နယ်အတွင်းမှာ ရွှေတူးဖော်မှုအတွက် လိုအပ်တဲ့ စက်သုံးဆီတွေကဝယ်ယူရခက်ခဲ နေတာ ၊ စျေးနှုန်းကြီးမြင့်မှုတွေကြောင့် နားထားကြတာလို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချရေး ကော်မတီရဲ့ ထုတ်ပြန်မှုအရ ဒီဇယ်တစ်လီတာ ၃၂၀၀ ကျပ်ရှိနေတာလည်းဖြစ်ပါတယ်။

ဗန်းမောက်မြို့နယ်မှာ ဒီဇယ်စျေးက တစ်ပေပါ ရှစ်သိန်းကျပ်အထက်မှာရှိနေတာကြောင့် လုပ်ငန်းလည်ပတ်မှု အတွက် အခက်အခဲရှိနေတာကြောင့် ရပ်နားကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ ဆီစျေးတွေကလည်း များတယ်။ ဝယ်လို့ကလည်းသိပ်မရဘူး။ ရှိတာတော့ရှိတယ်။ လမ်းတွေက လည်း ပိတ်လိုက်ဖွင့်လိုက်ဆိုတော့ နားထားလိုက်ကြတာ” လို့ ဗန်းမောက်မြို့ ကံရွာ အနီးမှာရွှေမျှော လုပ် ကိုင်နေသူတစ်ဦးက ဆိုပါတယ်။

ဗန်းမောက်မြို့ရဲ့ ဧရိယာ အများစုမှာ ရွှေမျှောတူးဖော်မှုတွေရှိနေပြီး လက်ရှိအခြေအနေအရ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သုံးပုံနှစ်ပုံခန့်က ရပ်နားထားရတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...