ဘီးလင်းမြို့မ ရဲစခန်း တိုက်ခိုက်ခံရ

ဘီးလင်းမြို့မ ရဲစခန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်ရှိ စစ်ကောင်စီ ဘီးလင်းမြို့မရဲစခန်းဟာ သြဂုတ် ၂၅ ရက်နေ့ မနက် ၉ နာရီလောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီမြို့မရဲစခန်းကို အမည်မသိအဖွဲ့တစ်ခုက ဒရုန်းနဲ့ လာရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ရဲစခန်းအတွင်း ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေက ဒရုန်းလာရာ လမ်းကြောင်းကို သေနတ်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒေသခံ တစ်ဦးကတော့“ရဲစခန်းအတွင်း ပေါက်ကွဲမှုသံကြားပြီး ခဏအကြာမှာပဲ သေနတ်သံတွေ ထွက်လာတယ်၊ ပြီးတော့ လူနာတင်ကားတစ်စီး ရဲစခန်းထဲ ဝင်သွားတယ်၊ ထိခိုက်မှု ရှိတယ် ထင်တယ်”လို့ ပြောပါတယ်။

ဘီးလင်းမြို့မရဲစခန်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီ အရံတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရမှု ရှိ မရှိဆိုတဲ့ အခြေအနေ အသေးစိတ်ကိုတော့ သံလွင်တိုင်းမ် အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီ လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ရေးသားနေကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့တုန်းကလည်း ဘီးလင်းမြို့မရဲစခန်း ဒရုန်းနဲ့ လာရောက် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး အဲဒီတိုက်ခိုက်မှုမှာတော့ ဗုံးသီးဟာ ရဲစခန်းရှေ့ လမ်းပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် လူထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...