မိဘမဲ့ ကလေးများ တပ်ထဲဝင်ရန် သွေးဆောင်စည်းရုံး

မိဘမဲ့ ကလေးများ တပ်ထဲဝင်ရန် သွေးဆောင်စည်းရုံး

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် အချို့က ပရဟိတ မိဘမဲ့ ဂေဟာများမှ အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးများကို စစ်ကောင်စီက စစ်တပ်ထဲသို့ ဝင်ရောက် စစ်မှုထမ်းရန် သွေးဆောင်စည်းရုံးနေသည်ဟု သိရ သည်။

“တပ်ထဲဝင်တာနဲ့ ငွေ ၅သိန်းရမယ်။ ပြီးတော့ ပညာ သင်ပေးမယ်။ နေစရာ အိမ်ရမယ်။ တိုက်ရည်ခိုက်ရည် ကောင်းရင် စစ်ဗိုလ်ဖြစ်မှာလို့ တပ်ကဆရာကြီးကပြောတယ်” ဟု စည်းရုံးခံခဲ့ရသည့် အသက် ၁၅ နှစ် အရွယ် ခန့်ရှိသူ အဝါရောင် မျိုးဆက် (YGW) ပရဟိ ဂေဟာမှ လူငယ်လေးတစ်ဦး က ပြောသည်။

အဝါရောင် မျိုးဆက် (YGW) မိဘမဲ့ ပရဟိတ ဂေဟာများ နှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ တည်ထောင်ထား သည့် ပရဟိတ မိဘမဲ့ဂေဟာများမှ ကလေးများကို စစ်ကောင်စီ တပ်ထဲဝင်ရန် သွေးဆောင် စည်းရုံးနေခြင်း ဖြစ်သည်ဟု ပရဟိတ မိဘမဲ့ဂေဟာများနှင့် နီးစပ်သူအချို့ က ပြောသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ စစ်သားစုဆောင်းရေးတပ်နှင့် တပ်ရင်းတပ်ဖွဲ့များက တပ်ကြပ်များက လာရောက်စည်းရုံးခဲ့ခြင်း ဖြစ်သည်ဟု ပရဟိတ မိဘမဲ့ဂေဟာ အကျိုးတော်ဆောင် အချို့၏ ပြောပြချက်များအရ သိရသည်။

YGW အဝါရောင်မျိုးဆက် မိဘမဲ့ ပရဟိတဂေဟာ မှ ကလေးများကို စစ်ကောင်စီတပ်က အပတ်စဉ်လုပ်အား ပေးခေါ်ကာ မြို့တွင်း သန့်ရှင်းရေးလုပ်ခိုင်းလေ့ရှိပြီး အသက် ၁၄ နှစ် နှင့် ၁၈ နှစ်အကြားရှိ ကလေးအချို့ ဂေဟာ မှ မကြာခနထွက်ပြေးမှုများလည်း ရှိနေသည် ဟု သိရသည်။

“ပရဟိတဂေဟာက ကလေးအများစု က တိုင်းရင်းသားလေးတွေ များတယ်။ သူတို့တွေ စစ်ကြောင့် မိဘမဲ့ ဖြစ် ကြရတာ” ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးမောင်မောင် က ပြောသည်။

ဧရာဝတီတိုင်း အတွင်း၌ မအူပင်၊ လပွတ္တာ၊ ပုသိမ်၊ သာပေါင်း၊ ဟင်္သာတ၊ မြောင်းမြ စသည့် မြို့နယ် ၂၀ ကျော် တွင် အဝါရောင် မျိုးဆက် (YGW) မိဘမဲ့ ပရဟိတ ဂေဟာများ နှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက တည် ထောင်ထားသည့် ပရဟိတ မိဘမဲ့ဂေဟာ များရှိနေသည်ဟု လူမှုကူညီရေး ပရဟိတ အသိုင်းအဝိုင်းထံမှ သိရ သည်။

 

July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...
July 17, 2026
ရခိုင်ပြည်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် စစ်ရေးအရ အထိနာနေသည့် စစ်တပ်သည် အရပ်သားပြည်သူများ...
July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...