၀ ဌာနချုပ် ပန်ဆန်းမှာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်များ တွေ့ဆုံ

၀ ဌာနချုပ် ပန်ဆန်းမှာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်များ တွေ့ဆုံ
by -
ဇေယျာမော်
အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားခြင်းမရှိသည့် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ရ ဖွဲ့က ထိပ်သီးခေါင်းဆောင်များသည် ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ဌာနချုပ် ဖြစ်သည့် ပန်ဆန်း၌ တွေ့ဆုံဆွေးနွေးနေသည်ဟု ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့က အထွေထွေအတွင်းရေးမှူး ဗုုိလ်မှူးချူပ် တာ့ဘုုန်းကျော် က အတည်ပြုပြောဆိုသည်။

"နိုင်ငံရေးဆွေးနွေးပွဲတွေက မဖြစ်နိုင်ဘူး ၊ မြန်မာအစိုးရဘက်ကလည်း ကျွန်တော်တို့ကို ကော်မတီအနေနဲ့ မတွေ့နိုင်ဘူးဆိုတဲ့ အနေအထားမှာ ကျွန်တော်တို့ နှစ်ဖက်ကြား တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ဆွေးနွေး ကြတာပါ" ဟု ဗိုလ်မှူးချုပ် တာ့ဘုန်းကျော်က ပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်လ ၁၈ ရက်နေ့ ၊ နံနက်က ပန်ဆန်းတွင် ပြုလုပ်နေခြင်းဖြစ်ပြီး ၀အဖွဲ့ UWSA ၊ ကချင်အဖွဲ့ KIO၊ ပလောင်အဖွဲ့ PSLF ၊ ကိုးကန့်အဖွဲ့ MNDAA၊ ရှမ်းအဖွဲ့ SSPP ၊ ရခိုင်အဖွဲ့ AA ၊ မိုင်းလားအဖွဲ့ NDAA စသည့် အဖွဲ့ ရဖွဲ့က ထိပ်သီးခေါင်းဆောင်များ တက်ရောက်နေပြီး အစည်းအဝေးကို သုံးရက်ကြာကျင်းပမည်ဟု ဗိုလ်မှူးချုပ် တာ့ဘုန်းကျော်၏ ပြောဆိုချက်အရ သိရသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သည့် အဆိုပါအဖွဲ့ ရ ဖွဲ့ ကို ဧပြီလ ၁၉ ရက်တွင် "ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ" FPNCC ကိုဖွဲ့စည်းခဲ့ပြီးနောက် ယင်းကော်မတီအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို လက်မခံဘဲ အခြားသောလမ်းကြောင်းဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေး ညှိနှိုင်းသွားမည် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...