ပြည်တွင်း ဒီဇယ်စျေး တစ်လီတာ ၃၀၀၀ ကျပ်အထိမြင့်တက်လာပြီး နယ်မြို့တွေမှာ ၄၅၀၀ ကျပ်နဲ့ ရောင်းချနေ

ပြည်တွင်း ဒီဇယ်စျေး တစ်လီတာ ၃၀၀၀ ကျပ်အထိမြင့်တက်လာပြီး နယ်မြို့တွေမှာ ၄၅၀၀ ကျပ်နဲ့ ရောင်းချနေ

ပြည်တွင်း ဒီဇယ်စျေးက တစ်လီတာကို ဩဂုတ်လ ၂၄ ရက်နေ့မှာ ၃၀၀၀ ကျပ်အထိ ရည်ညွှန်းစျေးမြင့်တက်လာပြီး နယ်မြို့တချို့တွေမှာ ၄၅၀၀ ကျပ်အထိ ရောင်းမြင့်ရောင်းချနေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

စက်သုံးဆီစျေးနှုန်းတွေက တစ်ပတ်ကျော်အထိ စျေးမကျသေးပဲ ပြတ်လပ်မှုတွေအထိပါ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ “ ဒီဇယ်စျေးက တစ်လီတာစျေး ၄၂၀၀ တဲ့ ၊ ဓာတ်ဆီရော ၊ ဒီဇယ်ရော ပေပါအလိုက်ဘယ်မှာမှ ဝယ်လို့မရနိုင်တော့ဘူး ဆီတွေအဝင်မရှိလို့မို့ဆိုပြီး ပေပါအလိုက်မရောင်းပေးတာတဲ့ ။ ဒီဇယ်တစ်ပေပါကို ၈ သိန်းအထက်မှာရှိတယ်” လို့ ဟုမ္မလင်းမြို့နယ်က ဒေသခံတစ်ဦးကဆိုပါတယ်။

ဗန်းမောက်မြို့မှာလည်း စက်သုံးဆီဆိုင်အများစု ပိတ်ထားပြီး လူရင်းနှီးတဲ့သူတချို့ကို ရောင်းချပေးနေပြီး ၊ လိုသလောက်ရနိုင်တယ်လို့လည်း ဆိုပါတယ်။ “ ဗန်းမောက်မှာတော့ ဆိုင်အများစုက ပိတ်တယ်။ တစ်ဆိုင်စ နှစ်ဆိုင်စ ၊ ဆိုင်ပိတ်ထားရင်လည်း ဆိီထည့်ချင်တယ်လို့ အော်လိုက်မှာ သူတို့ဆိုင်ထဲကနေထွက်လာပြီး ဘယ်လောက်ဖိုးဆိုတာ ထည့်ပေးတယ်။ တစ်လီလ ၄၅၀၀ ၊ ၄၀၀၀ အဲ့လောက်ရှိတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စက်သုံးဆီစျေးတွေက ဩဂုတ်လ တစ်လအတွင်းမှာပဲ ကျပ်တစ်ထောင်အထိ မြင့်တက်လာတာလည်းဖြစ်ပါတယ်။ ဒီလိုမြင့်တက်မှုတွကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ စျေးနှုန်းတွေမြင့်တက်သလို ၊ အခြေခံစားသောက်ကုန်တွေလည်း တစ်ဆကျော် စျေးမြင့်တက်နေပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...