ရှမ်းနီဒေသအတွင်း ပညာရေး၊ ကျန်းမာရေးကဏ္ဍ တို့တွင် အကြမ်းဖက် သတ်ဖြတ်မှုတွေကို ရှမ်းနီအမျိုးသားညီလာခံကနေရှုံ့ချ

ရှမ်းနီဒေသအတွင်း ပညာရေး၊ ကျန်းမာရေးကဏ္ဍ တို့တွင် အကြမ်းဖက် သတ်ဖြတ်မှုတွေကို ရှမ်းနီအမျိုးသားညီလာခံကနေရှုံ့ချ

ဒုတိယအကြိမ် ရှမ်းနီအမျိုးသားညီလာခံကနေ ရှမ်းနီဒေသအတွင်းမှာ ပညာရေး ၊ ကျန်းမာရေး ကဏ္ဍတွေမှာ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ရှုံ့ချကြောင်း ကြေညာခဲ့ပါတယ်။ “ ဟုမ္မလင်းမြို့နယ်နှင့်တကွ တခြားသော ရှမ်းနီလူမျိုးတွေနေထိုင်ရာ ဒေသတွေမှာ ပညာရေး၊ ကျန်းမာရေးစသည် အရေးများစွာမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ဒုတိယအကြိမ် ရှမ်းနီအမျိုးသားညီလာခံကို တက်ရောက်လာကြတဲ့ဆရာတော်အရှင်သူမြတ်များနှင့် ညီလာခံကိုယ်စားလှယ်တွေက လုံးဝလုံးဝရှုံ့ချပါကြောင်းကြေညာပါတယ်” လို့ ဆိုပါတယ်။

ရှမ်းနီဒေသတွင်းမှာ ရှမ်းနီ စာပေယဉ်ကျေးမှု ကော်မတီနာယက ၊ ရှမ်းနီစာပေယဉ်ကျေးမှု လူငယ်များကို ဖမ်းဆီးခံရမှု ၊ သတ်ဖြတ်ခံရမှုတွေက ၂၀၂၂ ခုနှစ်မှာ ပိုဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ ရှမ်းနီအမျိုးသားညီလာခံကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့ မြို့တော်ခန်းမမှာဩဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီညီလာခံကနေ သဘောတူညီမှု သုံးချက်ဖြစ်တဲ့ ရှမ်းနီ အမည် ကို တိုင်းလျန်(ရှမ်းနီ) ၊ ရှမ်းနီအလံ ကို ဖွဲ့စည်းထားတဲ့ ကော်မတီက ဆက်လက်ဆောင်ရွက်ဖို့ နဲ့ အမျိုးသားနေ့ သတ်မှတ်နိုင်ရေး ကော်မတီတစ်ရပ်အတွက် ရဟန်းတော် ၄ ပါး နှင့် လူပုဂ္ဂိုလ် ၁၅ ဦးဖြစ်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

ဒီညီလာခံကို ရဟန်းသံဃာတော် ၆၄ ပါး နှင့် ဟုမ္မလင်းမြို့နယ် နဲ့ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ် ၉၈၅ ဦးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...