ရှမ်းနီဒေသအတွင်း ပညာရေး၊ ကျန်းမာရေးကဏ္ဍ တို့တွင် အကြမ်းဖက် သတ်ဖြတ်မှုတွေကို ရှမ်းနီအမျိုးသားညီလာခံကနေရှုံ့ချ

ရှမ်းနီဒေသအတွင်း ပညာရေး၊ ကျန်းမာရေးကဏ္ဍ တို့တွင် အကြမ်းဖက် သတ်ဖြတ်မှုတွေကို ရှမ်းနီအမျိုးသားညီလာခံကနေရှုံ့ချ

ဒုတိယအကြိမ် ရှမ်းနီအမျိုးသားညီလာခံကနေ ရှမ်းနီဒေသအတွင်းမှာ ပညာရေး ၊ ကျန်းမာရေး ကဏ္ဍတွေမှာ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ရှုံ့ချကြောင်း ကြေညာခဲ့ပါတယ်။ “ ဟုမ္မလင်းမြို့နယ်နှင့်တကွ တခြားသော ရှမ်းနီလူမျိုးတွေနေထိုင်ရာ ဒေသတွေမှာ ပညာရေး၊ ကျန်းမာရေးစသည် အရေးများစွာမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ဒုတိယအကြိမ် ရှမ်းနီအမျိုးသားညီလာခံကို တက်ရောက်လာကြတဲ့ဆရာတော်အရှင်သူမြတ်များနှင့် ညီလာခံကိုယ်စားလှယ်တွေက လုံးဝလုံးဝရှုံ့ချပါကြောင်းကြေညာပါတယ်” လို့ ဆိုပါတယ်။

ရှမ်းနီဒေသတွင်းမှာ ရှမ်းနီ စာပေယဉ်ကျေးမှု ကော်မတီနာယက ၊ ရှမ်းနီစာပေယဉ်ကျေးမှု လူငယ်များကို ဖမ်းဆီးခံရမှု ၊ သတ်ဖြတ်ခံရမှုတွေက ၂၀၂၂ ခုနှစ်မှာ ပိုဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ ရှမ်းနီအမျိုးသားညီလာခံကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့ မြို့တော်ခန်းမမှာဩဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီညီလာခံကနေ သဘောတူညီမှု သုံးချက်ဖြစ်တဲ့ ရှမ်းနီ အမည် ကို တိုင်းလျန်(ရှမ်းနီ) ၊ ရှမ်းနီအလံ ကို ဖွဲ့စည်းထားတဲ့ ကော်မတီက ဆက်လက်ဆောင်ရွက်ဖို့ နဲ့ အမျိုးသားနေ့ သတ်မှတ်နိုင်ရေး ကော်မတီတစ်ရပ်အတွက် ရဟန်းတော် ၄ ပါး နှင့် လူပုဂ္ဂိုလ် ၁၅ ဦးဖြစ်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

ဒီညီလာခံကို ရဟန်းသံဃာတော် ၆၄ ပါး နှင့် ဟုမ္မလင်းမြို့နယ် နဲ့ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ် ၉၈၅ ဦးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...