ကုလအထူးကိုယ်စားလှယ်နဲ့ စစ်ကောင်စီဥက္ကဌ တို့တွေ့ဆုံမှုက တရားဝင်မှုပေးတာ မဟုတ်ဘူးလို့ဆို

ကုလအထူးကိုယ်စားလှယ်နဲ့ စစ်ကောင်စီဥက္ကဌ တို့တွေ့ဆုံမှုက တရားဝင်မှုပေးတာ မဟုတ်ဘူးလို့ဆို

မြန်မာနိုင်ငံကို ရုတ်တရက်ရောက်ရှိလာတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ နဲ့ စစ်ကောင်စီ ဥက္ကဌတို့ တွေ့ဆုံမှုတွေက စစ်ကောင်စီကို တရားဝင်မှုပေးတာမဟုတ်ဘူးလို့ ကုလအထူးကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

“ကျွန်မရဲ့ ခရီးစဉ်က ကုလသမဂ္ဂရဲ့ စိုးရိမ်မှုကို ဖော်ပြပြီး ပြည်သူတွေရဲ့ ပဋိပက္ခနဲ့ ဆင်းရဲဒုက္ခတွေကို လျှော့ချဖို့ လိုအပ်တဲ့ ၊ ခိုင်မာတဲ့ ခြေလှမ်းတွေကို အဆိုပြုတာပါ ၊ကုလသမဂ္ဂ၏ ထိတွေ့ဆက်ဆံမှုက မည်သည့်နည်းနဲ့မှ  တရားဝင်မှုကို ပေးဆောင်ခြင်းမဟုတ်ပါ” လို့ မစ္စနိုလင်းဟောက ပြောဆိုကြောင်း သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ သတင်းနှင့်ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက  တရားဝင်တွေ့ဆုံမှုဖြစ်တယ်လို့ သြဂုတ် ၁၇ ရက်နေ့ က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မစ္စနိုလင်းဟေဇာက စစ်ကောင်စီကို မြန်မာနိုင်ငံအတွင်း ပဋိပက္ခ ၊ အကြမ်းဖက်လျော့ချရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက် လူချင်းတွေ့ဆုံပြောဆိုဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂဘက်က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဖမ်းဆီးတရားစွဲဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံလိုတဲ့အကြောင်း တောင်းဆိုခဲ့ပါတယ်။

“ သူမရဲ့ လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ နေရေးထိုင်ရေးအတွက် အရမ်းစိုးရိမ်မိပါတယ်၊ မကြာခင် အိမ်ပြန်နိုင်ပါစေလို့ မေတ္တာရပ်ခံပါတယ် ၊ ကျွန်မက သူ့ကို ပုဂ္ဂိုလ်ရေးအရ ဂရုစိုက်မှုရော သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးမှုတွေအတွက် အရေးပါတဲ့ အစုအဖွဲ့လို့ ယုံကြည်တဲ့အတွက်ကြောင့် သူမနဲ့ အမြန်ဆုံး တွေ့ဆုံခွင့်ရချင်ပါတယ်။” လို့ မစ္စနိုလင်းဟေဇာက ပြောပါတယ်။

ဒီတွေ့ဆုံမှုက ကုလသမဂ္ဂ နဲ့ ယုံကြည်မှု နဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့တယ် လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မစ္စနိုင်းဟေဇာက ဒီခရီးစဉ်ပြီးရင် ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားေဒ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကိုသွားရောက်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...