ကော့ကရိတ်တွင် မြို့အဝင်၊အထွက် လမ်းများအားလုံး စစ်ကောင်စီပိတ်

ကော့ကရိတ်တွင် မြို့အဝင်၊အထွက် လမ်းများအားလုံး စစ်ကောင်စီပိတ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဩဂုတ်လ ၁၈ရက် နေ့လည်ပိုင်းမှစတင်ကာ မြို့အဝင်၊ အထွက်လမ်းများ အားလုံးကို စစ်ကောင်စီက ပိတ်ပစ်လိုက်ကြောင်း မြို့ခံများထံမှ သိရသည်။

ဩဂုတ်လ ၁၅ရက်နေ့တွင် မြို့တွင်းရဲစခန်း (၂) ခုအား စစ်အာဏာရှင်ကို တော်လှန် နေသည့် တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယမန်နေ့ နေ့လည်ပိုင်းအချိန်မှစကာ မြို့အဝင်အထွက် လမ်းများအားလုံးကို စစ်ကောင်စီက ဘိလပ်မြေထည့်ထားသော တိုင်ကီပုံများ၊ ကျောက်တုံးများနှင့် သဲအိတ်များဖြင့် လိုက်လံပိတ်ထားလိုက်သည်ဟု မျက်မြင်မြို့ခံများက ပြောသည်။

ကော့ကရိတ်ဒေသခံတစ်ဦးက” စစ်ကောင်စီတွေလည်း တော်တော်လေး ကြောက်နေပုံရတယ်။ မြို့အဝင်အထွက်လမ်းတွေအသေချာ ပိတ်ထားလိုက်ပြီး ၊ ကင်းစောင့်ဖို့လည်း သူ့လူတွေမလုံလောက်တော့ဘူးဖြစ်မယ်”ဟု ကေအိုင်စီသို့ ပြောသည်။

 ယမန်နေ့ လမ်းများမပိတ်မီအချိန်တွင် စစ်ကောင်စီ၏ စည်ပင်လူကြီးများသည် မြို့အဝင်လမ်းများ လိုက်လံကြည့်ရှုပြီး‌နောက် စည်ပင်ဝန်ထမ်းများက ရန်ကုတ်လမ်းဟောင်း ၊ ရွှေကြက်မင်းဘုရားလမ်း၊ ရွာသစ်လမ်း၊ ကမိုင်ကုန်းလမ်း၊ နန်းကတိုးလမ်း၊ တတန်ကူးလမ်း၊ ပုလဲဖြူကယ်ဆယ်ရေးလမ်းနှင့် မွေးမြူဇုန်လမ်းသွယ် စသည့် မြို့အဝင်လမ်းအားလုံးကို ပိတ်ပစ်လိုက်ခြင်းဖြစ်ကာ ကော့ကရိတ်-ဖားအံအထွက် လမ်းတစ်လမ်းသာဂိတ်ချစစ်ဆေးမှုများ ပြုလုပ်၍ ပေးသွားတော့ကြောင်း မြို့တွင်းသွားလာသူများထံမှ သိရသည်။

ကော့ကရိတ်မြို့တွင်း ရဲစခန်းများ တိုက်ခိုက်ခံရပြီးနောက် မြို့တွင်းနှင့် မြို့အပြင်‌ အနီးအနားကျေးရွာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်နေသလို ယနေ့တွင်လည်း ကော့ကရိတ်လမ်းဟောင်း တောင်သုံးလုံး၊ ကော့ကရိတ်အာရှ လမ်းသစ်ကွမ်းခြံကုန်းကွေ့နှင့် တောနော်ရေတံခွန်နားတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...