နိုင်ငံရေးရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ လွတ်တော်အမတ်တွေကို နိုင်ငံရေးပင်စင်တစ်လုံးတစ်ခဲရရှိ

နိုင်ငံရေးရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ လွတ်တော်အမတ်တွေကို နိုင်ငံရေးပင်စင်တစ်လုံးတစ်ခဲရရှိ

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာ နိုင်ငံရေးရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ ၊ လွှတ်တော်အမတ်တွေကို နိုင်ငံရေးပင်စင်ချီးမြင့်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲကို  နိုင်ငံရေးရာထူးယူခဲ့သူ နဲ့ လွတ်တော်ကိုယ်စားလှယ် အပါအဝင် ၄၉၁ ဦးတို့ကို ငွေကျပ် သန်းပေါင်း (၄၀၄၀)  ပေးခဲ့တယ်လို့ ဆိုပါတယ်။  

၄၉၁  ဦးထဲမှာ နိုင်ငံရေးပါတီ ၂၃ ပါတီ ၊  တစ်သီးပုဂ္ဂလ  ၁၃ ဦး ၊ နိုင်ငံရေးပါတီဝင်မဟုတ်သူ ၄၃ ဦးပါဝင်တယ်လို့ဆိုထားပါတယ်။

ဒီထဲမှာ NLD ပါတီက ၂၁၇ ဦး ၊ USDP ပါတီက 98 ဦး SNLD ပါတီက ၄၃ ဦး ၊ ရခိုင်အမျိုးသားပါတီက ၃၉ ဦးနဲ့ တခြားတိုင်းရင်းသားပါတီအသီးသီးက ကိုယ်စားလှယ်တွေလည်း ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲကို  ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များရဲ့ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရ တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ခံစားခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် တစ်လလျှင် ၁၀ သိန်းကျပ် ရရှိတဲ့ ရွေးကောက်ခံရတဲ့ အမတ်တစ်ဦးကို  ကျပ် သိန်း ၅၀ ရရှိမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမတ်တစ်ဦးလျှင် သိန်း ၃၀ ရရှိမှာလို့သိရပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပါတီတချို့ရဲ့ လွှတ်တော်အမတ်တွေက နိုင်ငံရေးပင်စင်ထုတ်ပေးဖို့အတွက် တောင်းဆိုမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...