ကော့ကရိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေနတ်ပစ်ဖောက်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းလိုက်လံ စစ်ဆေးမှုများပြုလုပ်နေ

ကော့ကရိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေနတ်ပစ်ဖောက်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းလိုက်လံ စစ်ဆေးမှုများပြုလုပ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များက မြို့တွင်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီးနောက် တစ်အိမ်ဝင်တစ်အိမ်ထွက်ဧည့် စာရင်းများလိုက်လံစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းဒေသခံများပြောစကားအရ သိရသည်။

ဩဂုတ်လ ၁၇ ရက်နေ့ ညနေမွန်းလွဲ ပိုင်းအချိန်တွင် ကားနှစ်စီးဖြင့် အင်အား၂၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ကော့ကရိတ်မြို့အတွင်းသို့ဝင် ရောက် လာပြီး သေနတ်များကိုမိုးအပေါ်သို့ထောင်ကာ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ သည်ဟု မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ညနေ၄ ခွဲ ကျော်တော့ဝင်လာကျတာ အင်အားက၂၀ ကျော်ပါတယ်သေနတ် တွေ ထုတ်ပြီး ပစ်တော့တာပဲ ၊ အကုန်အပြေးအလွှား တစ်မြို့လုံး၊ အိမ်တွေထဲ တန်းဝင် တံခါးတွေပါပိတ် တစ်မြို့လုံးငြိမ်ကျသွားတယ်၊ အော်ဆဲပြီးလိုက်ပစ်တာ ၊ ဆိုင်ကယ်နဲ့ လူနှစ်ယောက်ကို လိုက်ပစ်တာ မမှန်လို့တော်သေးတယ်။ မိုးပေါ်ထောင် ပစ်ရင်းကနေ တွေ့သွားလို့လိုက်ပစ်တာ “ဟု သူက ကေအိုင်စီသို့ပြောသည်။

မြို့တွင်းပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ည ၈ နာရီ ဝန်းကျင်ခန့်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူး အိမ်ချုပ်ရေးမှူး၊ ရပ်ကွက်သတင်းပေးများဟု ယူဆသူများ၊ ရဲ၊ စစ်သား များသည် လက်နက်အပြည့်အစုံဖြင့် ပြည်သူများ၏ နေအိမ်များအတွင်းဝင်ကာ လိုက်လံစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့တဲ့ဩဂုတ်လ ၁၅ ရက်နေ့နံနက် ၁၁နာရီဝန်းကျင်ခန့်တွင် ကော့ကရိတ်မြို့တွင်း သို့ စစ်အာဏာရှင် တော်လှန်ရေးပူးပေါင်းတပ်များမှ ရဲစခန်း ၂ ခုနှင့် စစ်ကောင်စီဘဏ်လုံခြုံရေးကတုတ် ကင်းအား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ ပစ်ခတ်မှုအပြီး ပြန်လည်ဆုတ်ခွာ လာချိန်တွင် စစ်ကောင်စီတပ်၉၇ တပ်မှ ၁၃၀ မမ ဖြင့် အနီးနားရှိများကိုရမ်းသမ်းပစ်ခတ်ခဲ့ပြီး အံ့ကောင်ကျေးရွာရှိ လူနေအိမ် (၂)လုံး၊ ဆိုင်ကယ်(၂) စီးထိခိုက်ပျက်စီးပြီး အရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံများက ပြောသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...