ဆားငံရေဝင်ရောက်မှုကြောင့် တောင်ကုတ်မြို့နယ်မှ လယ်ဧက ၁၀၀ ကျော်တွင် စပါးမစိုက်ပျိုးနိုင်

ဆားငံရေဝင်ရောက်မှုကြောင့် တောင်ကုတ်မြို့နယ်မှ လယ်ဧက ၁၀၀ ကျော်တွင် စပါးမစိုက်ပျိုးနိုင်
မကျည်းတောကျေးရွာအတွင်း ဆားငံရေဝင်ရောက်မှုအခြေအနေ။ ဓာတ်ပုံ- ချစ်ကျော်
မကျည်းတောကျေးရွာအတွင်း ဆားငံရေဝင်ရောက်မှုအခြေအနေ။ ဓာတ်ပုံ- ချစ်ကျော်

တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်းရှိ မကျည်းတောရွာနှင့် အမော်ကျေးရွာတို့တွင် ဆားငံရေဝင်ရောက်သောကြောင့် လယ်ဧက ၁၀၀ ကျော်တွင် စပါးမစိုက်ပျိုးနိုင်ဘဲဖြစ်နေကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။

အဆိုပါကျေးရွာနှစ်ရွာတွင် လယ်ဧက ၃၂၀ ကျော်ရှိသည့်အနက် ဧက ၁၀၀ ကျော်မှာ ၂၀၂၀ ခုနှစ်မှစတင်ကာ ဆားငံရေဝင်ရောက်နေခြင်းဖြစ်သည်။ ထို့ကြောင့် ဆားငံရေမဝင်ရောက်စေရန် တာတမံတည်ဆောက်ပေးရေးအတွက် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က အစိုးရထံတင်ပြခဲ့သော်လည်း လက်ရှိစစ်ကောင်စီလက်ထက်အထိ ဆောင်ရွက်ပေးခြင်းမရှိသေးဟု မကျဉ်းတောကျေးရွာဒေသခံ ကိုချစ်ကျော်ကပြောသည်။

"ကွင်းဆင်းစစ်ဆေးတာတွေ လုပ်တာရှိတယ်။ အခုအချိန်ထိတော့ ဘာမှတော့ မထူးခြားသေးဘူးပေါ့။ ကျနော်တို့ ဒေသခံတွေလည်း ထွေ/အုပ်၊ ဆည်မြောင်း၊ ဝန်ကြီးချုပ်ထံတွေကို တင်ပြထားတယ်။ တာတမံတွေ ဆောက်ပေးဖို့အတွက်ပါ"ဟု ၎င်းကပြောသည်။

အဆိုပါကျွန်းတွင် ကျေးရွာပေါင်း ၁၂ ရွာခန့်ရှိပြီး ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ပြည်နယ်အစိုးရဘတ်ဂျတ်ဖြင့် အရှေ့ဖက်ကျေးရွာအုပ်စုရှိလယ်များကို ဆားငံရေဝင်ရောက်မှုမရှိအောင် တာတမံတစ်ခု တည်ဆောက်ပေးခဲ့သောကြောင့် ဆားငံရေဝင်ရောက်ခြင်းဒဏ်မှ ကင်းဝေးခဲ့သည်။

လက်ရှိ မကျည်းတောရွာနှင့် အမော်ကျေးရွာရှိ လယ်ယာမြေများကို ဆားငံရေမဝင်ရအောင် တာတမံတည်ဆောက်မည်ဆိုပါက ပေ ၄၀၀၀ ခန့်အရှည် တည်ဆောက်ပေးရန်လိုအပ်ကြောင်း ပြည်နယ်အစိုးရထံ တင်ပြခဲ့သည်ဟု င/မောက်ချောင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးဟန်ရွှေကပြောသည်။

"ကျနော်လည်း ကျနော်လုပ်နိုင်သလောက် ထွေ/အုပ်တို့ ဆည်မြောင်းဌာနတို့ကို တင်ပြထားတယ်။ တာတမံဆည်ပေးလိုက်ရင်တော့ လယ်ယာမြေတွေပါ အကုန်ပြန်လုပ်လို့ရလာမယ်။ အစိုးရအနေနဲ့လည်း ကွင်းဆင်းစီစစ်တာတွေတော့ ရှိနေတယ်"ဟု သူကပြောဆိုသည်။

ယခင်က ကျေးရွာအတွင်း ဆားငံရေဝင်ရောက်ခြင်း မရှိသည်မှာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တာဘောင်ဆည်ခြင်းများကြောင့်ဖြစ်ပြီး ယင်းတာဘောင်များမှာ တစ်နှစ်ထက်တစ်နှစ် ပျက်စီးလာသည့်အတွက် ဆားငံရေဝင်ရောက်နေခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ဆားငံရေဝင်ရောက်ခြင်းကြောင့် လယ်ယာမြေများ ပျက်စီးသည် သာမက နှစ်ရှည်သီပင်များပါ ပျက်စီးမှုရှိနေပြီး သောက်သုံးရေများပါ ဆားငံရေဝင်ရောက်ခြင်းကြောင့် အခက်အခဲရှိနေကြောင်း ဒေသခံများကပြောဆိုသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...