ရန်ကုန်ဆိပ်ကမ်းကို PDF များဝင်စီးလိုက်ပြီဆိုတဲ့ သတင်းအမှား

ရန်ကုန်ဆိပ်ကမ်းကို PDF များဝင်စီးလိုက်ပြီဆိုတဲ့ သတင်းအမှား

ဒီသတင်းအမှားကို www.kolome71.com ဆိုတဲ့ ဝက်ဆိုဒ်စာမျက်နှာမှာ “ရန်ကုန်ဆိပ်ကမ်းကို အခုပဲ အင်အားသုံးသောင်း (၃၀,၀၀၀)နဲ့ PDF များဝင်စီးနေပါတယ်။ ၈ ရက် August ရန်ကုန်ဆိပ်ကမ်းကို PDF တွေဝင်စီးလိုက်ပြီ။ ကြည့်ကြပါအုံး” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ရန်ကုန်ဆိပ်ကမ်းနဲ့ နီးစပ်ရာမှာနေထိုင်တဲ့ ဒေသခံပြည်သူတစ်ဦးက “ကျနော်တို့ဒီမှာတော့ အေးအေးဆေးဆေးပဲ..ဘာအသံမှမကြားရဘူး။ ပြီးတော့ရန်ကုန်မြို့ကြီးမှာ ဒီလိုမျိုးကိစ္စကြီးဖြစ်ပွားရင် ကျနော်တို့လည်းမသိပဲမနေဘူး၊ ကြားရမှာပဲ သိမှာပဲ” လို့ပြောဆိုခဲ့ပါတယ်။

www.kolome71.com ဆိုတဲ့ ဝက်ဆိုဒ်စာမျက်နှာမှာဖော်ပြထားတဲ့ သတင်းနဲ့ပတ်သက်ပြီး ကျန်တဲ့သတင်းဌာနကြီးများမှာလည်း ဖော်ပြထားတာမျိုးမရှိပါဘူး။

ဒါကြောင့်  ရန်ကုန်ဆိပ်ကမ်းကို PDF များဝင်စီးလိုက်ပြီဆိုတာ သတင်းအမှားတစ်ပုဒ်ဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...