မမုံ သပိတ်ခေါင်းဆောင်နှင့် ဟိုပင်လွှတ်တော်ကိုယ်စားလှယ် ၂၁ မိုင် ဂိတ်တွင် ဖမ်းခံရ

မမုံ သပိတ်ခေါင်းဆောင်နှင့် ဟိုပင်လွှတ်တော်ကိုယ်စားလှယ် ၂၁ မိုင် ဂိတ်တွင် ဖမ်းခံရ

ဖားကန့်မြို့နယ် မမုံကျေးရွာ သပိတ်ခေါင်းဆောင်နှင့် မိုးကောင်းမြို့နယ် ဟိုပင်မြို့မှ လွှတ်တော်ကိုယ်စားလှယ်တို့ ယမန်နေ့ မြစ်ကြီးနားမြို့အထွက် ၂၁ မိုင်စစ်ဆေးရေးဂိတ်တွင် ဖမ်းစီးခံလိုက်ရကြောင်း ဒေသခံများ ထံမှ သိရသည်။

ဩဂုတ်လ ၁၄ရက်နေ့တွင် မမုံသပိတ်ခေါင်းဆောင် အသက် ၃၇နှစ် ကိုစိုင်းမောင်နှင့် လွှတ်တော်ကိုယ်စားလှယ် အသက် ၃၀နှစ် ကိုမျိုးကျော်တို့ ၂ဦး မြစ်ကြီးနားမှ ဖားကန့်ဘက်သို့ ဆင်းလာစဉ် ၂၁မိုင် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံလိုက်ရကြောင်း မမုံကျေးရွာ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“ကိုစိုင်းမောင် အဖမ်းခံလိုက်ရတယ်ဆိုပြီး မနေ့က ၁၀ နာရီခွဲလောက်မှာ ဖုန်းဝင်လာတယ်ဗျ။ စိတ်မကောင်း ဖြစ်မိတယ်။ သူနဲ့အတူ လွတ်တော်ကိုယ်စားလှယ် ကိုမျိုးကျော်လည်း ကားတစ်စီးအတူစီးလာတာ ဖမ်းခံလိုက်ရတယ်။ ဘာကြောင့်ဖမ်းလည်းဆိုတော့ ငွေတိုက်စာချုပ်နဲ့ ကိုစိုင်းမောင်ဖုန်းမှာ PDF နဲ့ ဆက်စပ်တဲ့ ဓာတ်ပုံတွေတွေ့လို့ ဖမ်းခံလိုက်ရတာလို့သိရတယ်”ဟု ဆိုသည်။

ကိုစိုင်းမောင် နှင့် ကိုမျိုးကျော်အဖမ်းခံလိုက်ရသည့် အဓိကအကြောင်းမှာ NUG အစိုးရ ငွေတိုက်စာချုပ် စစ်ဆေး တွေ့ရှိမှုနဲ့ လက်ကိုင်ဖုန်းတွင် PDF နဲ့ ဆက်စပ်သည့် ဓာတ်ပုံများ တွေ့ရှိသွားသည့်အတွက် ဖမ်းခံလိုက်ရခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

“သိရသလောက်တော့ စစ်ကြောရေးမှာပဲ ရှိသေးတယ်လို့သိရတယ်။ ခေါ်သွားတာ ကတော့ ၂၁မိုင်က မြစ်ကြီးနားနဲ့နီးတော့ မြစ်ကြီးနားဘက်ခေါ်သွားတယ်တဲ့ ခုထိဘာ သတင်းချက်လက်မှမသိရသေးဘူး အဆက်သွယ်လည်းမရသေးဘူး”ဟု ကိုစိုင်းမောင်နဲ့ရင်းနှီးသည့် ဒေသခံတစ်ဦးက ပြောသည်။

ယခုဖမ်းခံလိုက်ရသည့် ကိုမျိုးကျော်နှင့် ကိုစိုင်းမောင်တို့နှစ်ဦးသည့် ရပ်ရွာအကျိုး ပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသောကြောင့် တစ်စုံတစ်ခုဖြစ်သွားမည်ကို ဒေသခံများက အထူးစိုးရိမ်နေကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ် ၂၁ မိုင်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ စစ်သားနဲ့ရဲများ ပူးပေါင်းကာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူ နှင့် လူငယ်များ ဖမ်းခံရမှု နှင့် လက်နက်ခဲယမ်းများ ဖမ်းခံရမှု မကြာခဏ ဖြစ်နေသောကြောင့် သတိထားသွားလာဖို့ လိုအပ်ကြောင်း အများပြည်သူ သုံးသပ်ပြောဆိုနေကြသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...